အိမ်ကွင်းမှာ ဧည့်ခံရမယ့် မန်ချက်စတာ ယူနိုက်တက် Vs လက်စတာ စီးတီး ပွဲစဉ် အတွက် ခရစ်ဆက်တန် ရဲ့ သုံးသပ် ခန့်မှန်းချက်
|ဒီ အပါတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက လက်စတာ စီးတီး အသင်းနဲ့ တွေ့ဆုံနေပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်၊ ပွဲချိန် မနက်ဖြန် တနင်္ဂနွေနေ့ ည ၈နာရီခွဲမှာ
ဖြစ်ပြီး ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက် နဲ့ လက်စတာ စီးတီး ပွဲစဉ် အတွက် ယခုလို သုံးသပ် ခန့်မှန်းသွား ခဲ့ပါတယ်။ ခရစ်ဆက်တန် က-
ကျနော်က မန်ချက်စတာ ယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲကနေ ဆက်တိုက် ဖယ်ထုတ် ထားခဲ့တာပါ၊ အခုထိလည်း မန်စီးတီး အသင်းပဲ သွားမယ် ထင်တုန်းပါပဲ၊ ဒါပေမယ့်
မန်ချက်စတာ ယူနိုက်တက် အသင်းက အကောင်းဆုံး ပုံစံ မရှိရင်တောင် နိုင်ပွဲ ရရှိအောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်း ရှိနေခဲ့ပါတယ်၊ ဒါက သူတို့ အတွက် ကောင်းတဲ့ အချက်ပါပဲ။
အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ ပွဲတွေ ဆက်တိုက် ကြပ်လာရင် ဒီ လူစာရင်းနဲ့ အလျင်မှီပါ့ မလားလို့ပဲ စောင့်ကြည့်ရ ပါတော့မယ်၊ ယူရိုပါလိဂ် ပွဲစဥ်တွေက ပြန်လာနေပြီ။
ကြာသပတေးနေ့က ဘာစီလိုနာ အသင်းနဲ့ ပွဲစဥ်က သူတို့ အတွက် အာရုံ များစရာပါပဲ၊ လက်စတာ စီးတီး က ပြီးခဲ့တဲ့ ပွဲစဥ်မှာ တော့တင်ဟမ် ဟော့ စပါး အသင်းကို ရနိုင် ရရှိခဲ့တယ်၊ သူတို့ အတွက် သိသာသွားတာက
ဂျိမ်းစ် မက်ဒီဆင် ပြန် ကောင်းလာတာပါ၊ ဒီ ပွဲစဥ်ကို မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ ပွဲစဉ် ပြီးမှ ရလဒ် ခန့်မှန်း လိုက်တာပါ၊ ဒီလောက် ပွဲကြပ်ကြပ် တည်းတည်း ကြားမှာ
ကောင်းကောင်း ကစားနိုင်ခဲ့တာ ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းက ယုံကြည်မှုတွေ အများကြီး တိုးတက်နေ ပါလိမ့်မယ်၊ ဒါကို ဒီပွဲစဥ်မှာ မြင်တွေ့ရဦးမှာပါ။ လို့ ခရစ်ဆက်တန် က သုံးသပ်သွားခဲ့ပါတယ်။
ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် ၂-၁ လက်စတာ စီးတီး
credit