ဘာစီလိုနာနဲ့ ပွဲမှာ နေရာ ပြောင်းလဲ ကစားခဲ့ရတဲ့ အပေါ် ရင်ဖွင့်လာတဲ့ ဝက်ဟော့စ်
|မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝဂ်ဟော့စ် က ဘာစီလိုနာ နဲ့ တစ်ဖက် နှစ်ဂိုး သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲမှာ ကွင်းလယ် နေရာမှာ ကစားခဲ့ရတာပျော်ရွှင်မိကြောင်း ပြောဆိုလိုက််ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ကြားရက်တုန်းက နူးကမ့်မှာ ဘာစီလိုနာ နဲ့ ယူရိုပါလိဂ် 32 သင်း ရှုံးထွက် အဆင့် ပထမ အကျော့ကို ကစားခဲ့ပြီး အဝေးကွင်းမှာ သရေ ရလဒ် ရယူနိုင်ခဲ့ပါတယ်၊ ဒီပွဲမှာ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အထောင်် တိုက်စစ်မှူး ဖြစ်သူ ဝဂ်ဟော့စ် ကို ကွင်းလယ် တိုက််စစ် နေရာမှာ ကစားစေခဲ့ပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ်က အထောင်တိုက်စစ်မှူး အဖြစ် ကစားခဲ့ပါတယ်။
ဒီနေရာမှာ ဝဂ်ဟော့စ် က ဘာစီလိုနာရဲ့ အားထားရတဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပုံစံကောင်း အချို့ ပြသနိုင်ခဲ့ပြီး ဒီနေရာမှာ ကစားရတာ ပျော်ရွှင်ကြောင််း ထုတ်ပြောလိုက်တာပါ။
တကယ် high level ပွဲ တစ်ပွဲပါ၊ ပြီးခဲ့တဲ့ ပွဲစဥ်တုန်းက ကျွန်တော် ဒီလို နေရာမှာ နာရီဝက်လောက် ကစားခဲ့ရ သေးတယ်၊ အဲ့တုန်းက နည်းပြက ကျွန်တော့်ရဲ့ ကစားပုံကို ကျေနပ်ခဲ့တယ် ထင်ပါတယ်၊ ဒီပွဲကို
အပြောင်းအလဲ လုပ်ဖို့ ကွင်းလယ်က အရမ်းကို အရေးပါခဲ့တယ်၊ ကျွန်တော့် အလုပ်က သူတို့ လမ်းကြောင်းကို နှောက်ယှက်ဖို့ပါပဲ၊ ပြီးတော့ ပြန်ပြီး တိုက်စစ်ဆင် ကစားနိုင်အောင်ပေါ့၊ ကျွန်တော် ဒီနေရာမှာ တစ်ခါမှ
မကစားခဲ့ဖူးပါဘူး၊ နည်းပြထားတဲ့ နေရာမှာ ကစားရ မှာပါပဲ၊ ဒါက စပါယ်ရှယ် ရက်စွဲပါ ဖြစ်ခဲ့တယ်၊ ပျော်ရွှင်မှု ခံစားခဲ့ရတယ်၊ တကယ်ကို လှပတဲ့ ပွဲစဥ် တစ်ခုကို ကျွန်တော် ပိုင်ဆိုင်ခဲ့ရတယ်။ လို့ ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit