ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ သေးငယ်တဲ့ အရာလေး နှစ်ခုပဲ လုပ်ဆောင်ဖို့ လိုကြောင်း အသိပေး ပြောဆိုလိုက်တဲ့ ရော်ဘင် ဆားဗေ့ခ်ျ

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ယခု နွေရာသီမှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ ဘာစီလိုနာ ကြယ်ပွင့် ဖရန်ကီ ဒီဂျောင် ကို ခေါ်ယူနိုင်မယ် ဆိုရင် လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ဆုဖလား ရရှိရေး အတွက်




ရေပန်းအစားဆုံး ဖြစ်လာနိုင်ကြောင်း ရော်ဘီ ဆားဗေ့ချ် က အခိုင်အမာ ယုံကြည်နေပြီး အသိပေး တိုက်တွန်း ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခု ရာသီမှာ နည်းပြချုပ် Erik Ten Hag




လက်အောက်မှာ သိသိသာသာ တိုးတက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးက မန်စီးတီး အသင်း အာဆင်နယ် အသင်းတို့နဲ့ (၅) မှတ် အကွာမှာ ထိပ်ဆုံး (၄) နေရာရဲ့ အမြင့် တနေရာ




အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်၊ တိုက်စစ်မှူးသစ် ခေါ်ယူဖို့က ယခု နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အဓိက ဦးစားပေး ဖြစ်လာမယ်လို့ မျှော်မှန်းခြင်း ခံထားရတာ ဖြစ်ပြီး




စပါး တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ အတူ နာပိုလီ အသင်း တိုက်စစ်မှူး အိုဆီမန်၊ ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ဆာ လို ရာမို့စ် တို့က ရွေးချယ်စရာတွေ အဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




ပြီးခဲ့တဲ့ နွေရာသီ အချိန် တော်တော်များများကို ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီ‌ဂျောင် ကို ခေါ်ယူနိုင်ဖို့ အချိန် ကုန်ဆုံးခဲ့တာ ဖြစ်ပြီး နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က အိုင်းယက်စ်က တပည့် ဟောင်းနဲ့

ယခု အချိန်ထိလည်း ပြန်လည် ဆုံစည်းဖို့ စိတ်ဝင်စားနေဆဲပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိမှာ အသင်းကို လက်လွှဲ ရောင်းချနိုင်ဖို့ အတွက် ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး




သောကြာနေ့ ည ၁ဝ နာရီမှာ ကနဦး ကမ်းလှမ်းမှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်၊ အသင်းပိုင်ရှင် အသစ်တွေဟာ ဒီနွေရာသီမှာ ရည်မှန်းချက် ကြီးကြီးမားမားနဲ့ ငွေကြေး အလုံးအရင်း အသုံးပြုကာ ကစားသမားသစ်




ခေါ်ယူမှုတွေ ပြုလုပ်သွားမယ်လို့ ပြောဆိုမှုတွေကြောင့် ပရိတ်သတ်တွေ အနေနဲ့လည်း မျှော်လင့်ချက်တွေ ဖြစ်တည်လာတာ ဖြစ်ပါတယ်၊ ယခုတော့ ရော်ဘီ ဆားဗေ့ချ် က ကိန်း နဲ့ ဒီဂျောင် က မန်ချက်စတာ ယူနိုက်တက်

အသင်းကို ချန်ပီယံတွေ အဖြစ် ပြောင်းလဲ ပေးနိုင်မယ့် ပျောက်ဆုံးနေတဲ့ အပိုင်းအစတွေ အဖြစ် ယုံကြည်နေပြီး အသိပေး တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ရော်ဘီ ဆားဗေ့ခ်ျ က- မန်ချက်စတာ ယူနိုက်တက် အသင်း




လူစာရင်းထဲကို ဟယ်ရီကိန်း၊ ဖရန်ကီ ဒီဂျောင် တို့ကို ထည့်သွင်းလိုက်ပါ၊ သေချာပေါက် အဲရစ် တန်ဟက်ဂ် က လာမယ့်နှစ် ဆုဖလား အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ထိပ်ဆုံးက ပြေးနေနိုင်အောင်

ဦးဆောင် ပေးလိမ့်မယ်၊ အိုးလ်ထရက်ဖို့ဒ်မှာ လက်လွှဲ ရောင်းချမှု ဖြစ်ပျက်ခဲ့ပြီး ရက်ရောတဲ့ ဘတ်ဂျက်သုံးစွဲမှု ရှိလာတဲ့ အခါကျရင် သူတို့တွေ နွေရာသီမှာ အဓိက ကစားသမား နှစ်ဦးကို ခေါ်ယူနိုင်ပြီး လာမယ့် ရာသီ




ပရီးမီးယားလိဂ် သရဖူ အတွက် ရင်ကော့ပြီး စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်၊ ကျွန်တော် ဆိုရင် ဟယ်ရီကိန်း ကို ခေါ်ယူဖို့ ကြိုးပမ်းမှာပါ၊ ပြီးရင် ဖန်ရန်ကီ ဒီဂျောင် ကို ခေါ် မယ်၊ ဒီဂျောင် နဲ့ ကတ်စမဲရိုး က ကွင်းလယ်မှာ

ဘောလုံး ထိန်းသိမ်းထားပြီး ကိန်း က တိုက်စစ်မှာ သူလုပ်နိုင်တဲ့ အကောင်းဆုံး အရာတွေကို လုပ်နေမယ်၊ ကျွန်တော့် အတွက်တော့ အဲဒါတွေက ဆုဖလားအနိုင် ရရှိမယ့် အသင်းမှာ ပျောက်ဆုံးနေတဲ့




အပိုင်းအစ တွေပါပဲ၊ ဒီတော့ ၂၀၂၄ ခုနှစ်ရဲ့ မေလကို ရက် သတ်မှတ်မယ်၊ ဘာလို့လဲဆို အလွှဲအပြောင်း ဖြစ် ပျက်ခဲ့ရင် သူတို့တွေ ဟယ်ရီကိန်း နဲ့ ဖရန် ဒီဂျောင် ကို ခေါ်ယူပြီး ဆယ်စုနှစ် တစ်ခု အကြာမှာ ပရီးမီးယားလိဂ် ဆုဖလားက အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက် လာနိုင်လို့ပါ။ လို့ ပြောကြားခဲ့တာပဲ ဖြစ်‌ပါတယ်။

credit