ဘာစီလိုနာနဲ့ ဒုတိယ အကျော့မှာ ဂိုးပြတ်နိုင်ဖို့ Erik Ten Hag ကို အကြံကောင်း ပေးလိုက်တဲ့ အိုဝင် ဟားဂရေ့ဗ်
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ် က ဘာစီလိုနာ နဲဘ ဒုတိယ အကျော့မှာ ပထမ အကျော့ကလို ကစားမယ် ဆိုရင် ဂါနာချို ကို ပွဲထွက် ကစားစေဖို့ Erik Ten Hag ကို တိုက်တွန်းလိုက်ပါတယ်။
အိုဝင် ဟားဂရေ့ဗ် က- ဘာစီလိုနာဟာ ပွဲကို ထိန်းချုပ် ကစား နိုင်ခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး၊ ဒီလို မလုပ်နိုင်ခဲ့တာက ဇာဗီ နဲ့ ဘာစီလိုနာ အတွက် ကြီးမားတဲ့ ထိုးနှက််ချက် ဖြစ်ခဲ့တယ်၊ သူတို့ အကူးအပြောင််း လုပ်ပြီး ကစားတဲ့ အခါ
ပျောက်ဆုံး နေခဲ့တယ်၊ သူတို့ ကစားပုံက ပွင့်ထွက် နေခဲ့တယ်၊ အကယ်လို့ အိုးလ်ထရပ်ဖို့ဒ်မှာ ဒီလို ဆက်ပြီး ကစားမယ် ဆိုရင် ပွင့်နေဦးမှာပါပဲ၊ ဒါကြောင့် ဂါနာချို ပါမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့
ကစားကွက်က ပိုပြီး ပြည့်စုံ သွားပါလိမ့်မယ်၊ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားကွက်က အနည်းငယ် အံ့သြစရာ ဖြစ်ခဲ့တယ်၊ ရပ်ရှ်ဖို့ဒ် က အထောင် တိုက်စစ်မှူး ဖြစ်ခဲ့ပြီး ဝဂ်ဟော့စ် က 10 နေရာမှာ ကစားခဲ့တယ်။
ပြီးတော့ ဘရူနို က ညာတောင််ပံ ရောက်နေခဲ့ပြန်တယ်၊ Erik Ten Hag က ခြားနားတဲ့ ကစားဟန် သုံးခဲ့တာ ဖြစ်ကောင််း ဖြစ်နိုင်တယ်၊ အလုပ်လည်း ဖြစ်ခဲ့တယ်၊ ဘာစီလိုနာ အသင်း စိတ်တိုင်းကျ ဘောလုံး မကိုင်နိုင််ခဲ့ဘူး။
အိုးလ်ထရပ်ဖို့ဒ်မှာ သူတို့ ဒီ အတိုင်း ဆက် ကစားရင်တော့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အခွင့်ကောင်းတွေ ပိုရပါလိမ့်မယ်။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
credit