ရက်ရှ်ဖို့ဒ် ဆန်ချို တို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ ဧည့်သည် အသင်းကို ဂိုးပြတ် အနိုင်ရယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 3-0 လက်စတာ ပွဲပြီး သုံးသပ်ချက်

အိုးလ်ထရက်ဖို့ဒ်မှာ ဆိုပေမယ့် လက်စတာ စီးတီး အသင်းရဲ့ ကစားပုံက သိသိသာသာ ကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မက်ဒီဆင်၊ အီဟီယန် နာချို၊ ဟာဗေး ဘန်းစ်၊ တီတီ ဒီ တိုက်စစ် ကစားသမားတွေဟာ




မန်ချက်စတာ ယူနိုက်တက် အသင်း ခံစစ်နဲ့ ကွင်းလယ်ကို ကောင်းကောင်း အလုပ်ရှုပ် စေခဲ့ပါတယ်၊ ဒီဂီယာ ရဲ့ မယုံနိုင်စရာ လက်စွမ်းတွေသာ မမြင်တွေ့ခဲ့ရရင် သေချာပေါက် သွင်းဂိုးတွေ ပေးခဲ့ရမှာပါ၊ ရရှိခဲ့တဲ့




ဂိုးတွေကလည်း လက်စတာ စီးတီး ခံစစ်ရဲ့ လူကျွံဖမ်းမှု အလွဲရယ် ဘရူနို ဖာနန်ဒက်စ် ရဲ့ တိကျပြီး လှပတဲ့ ပေးပို့မှုရယ် မားကပ်စ် ရက်ရှ်ဖို့ဒ် က တစ်ဦးတည်း ဆွဲပြေးပြီး ကန်သွင်း ယူသွားခဲ့တာ ဖြစ်ပါတယ်။




ပထမပိုင်း မှာတော့ မန်ချက်စတာ ယူနိုက်တက် က ရက်ရှ်ဖို့ဒ် ရဲ့ဂိုး၊ ဒီဂီယာ ရဲ့ အမိုက်စား လက်စွမ်းတွေနဲ့ လက်စတာကို ဦးဆောင် ထားပါတယ်၊ ဒုတိယပိုင်း စစချင်း ဂါနာချို အစား ဂျေဒန် ဆန်ချို ကို




လူစားလဲခဲ့ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်က သိသိသာသာ ပိုကောင်း လာခဲ့ပြီး ဖရက်ဒ် ရဲ့ ပေးပို့မှု ကနေ ရက်ရှ်ဖို့ဒ် က နောက်တစ်ကြိမ် လူကျွံ ထောင်ချောက်ကို ဖောက်ထွက်ပြီး ဒုတိယ ဂိုးကို




ပိုင်ပိုင် နိုင်နိုင် သွင်းယူသွား ခဲ့ပါတယ်၊ ဘရူနို ဖာနန်ဒက်စ် ကလည်း ဒုတိယမြောက် ဂိုးဖန်တီးမှု အဖြစ် ဆန်ချို ရဲ့ ဂိုးကို ဖန်တီးပေး နိုင်ခဲ့ပြန်ပါတယ်၊ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်




အပေါင်း လက္ခဏာ ဆောင်တဲ့ အချက်တွေ များစွာ ရှိခဲ့ပါတယ်၊ ကမ္ဘာ့ဖလား ပြီးကတည်းက တစ်ပွဲမှ မနားရ သေးပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ် ဟာ ပွဲပန်းတဲ့ အမူအရာတောင် မပြသခဲ့ပါဘူး၊ ယခုအခါမှာတော့

ဒီ နိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မန်ချက်စတာ စီးတီး ကို ၃ မှတ်၊ အာဆင်နယ် အသင်းကို ၅ မှတ်နဲ့ နီးကပ်တဲ့ အကွာအဝေး တခုကနေ မြင့်မားတဲ့ ဖိအားပေးမှုတွေ ရှိနေပြီ ဖြစ်ပါတယ်။

credit