လက်စတာကို ဂိုးပြတ်နိုင်ပြီးနောက် ချန်ပီယံ ပြေးလမ်း အခြေအနေ၊ ဒီဂီယာ အတွက် မှတ်ချက်၊ လာမယ့် မယ့်ပွဲ အတွက် ဘာလုပ်သင့်သလဲ? ရက်ရှ်ဖို့ဒ် ပြောဆို

တနင်္ဂနွေနေ့ ညက အိုးလ်ထရက်ဖို့တွင် လက်စတာ စီးတီး ကို ၃-၀ ဖြင့် အနိုင် ရရှိသော ပွဲစဥ်တွင် မာကပ်စ် ရက်ရှ်ဖို့ဒ် သည် Manchester United အတွက် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်၊ မန်ချက်စတာ ယူနိုက်တက် သည်




၂၄ ပွဲ ကစားအပြီး ၄၉ မှတ်ဖြင့် အာဆင်နယ် နှင့် ၅ မှတ် အကွာ မန်ချက်စတာ စီးတီး နှင့် ၂ မှတ် အကွာ အဆင့် ၃ နေရာတွင် ရပ်တည်နေသည်၊ ဥရောပတွင် ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ်




ရပ်တည်နေသူဟု ဘာစီလိုနာ နည်းပြချုပ် ဇာဗီ က ထုတ်ဖော် ပြောဆိုထားသော မားကပ်စ် ရက်ရှ်ဖို့ဒ် က မန်ချက်စတာ ယူနိုက်တက် ၏ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်း အခြေအနေကို လက်စတာ နှင့်




ပွဲစဥ် အပြီးတွင် ထုတ်ဖော် ပြောဆိုလိုက်သည်၊ မားကပ်စ် ရက်ရှ်ဖို့ဒ် က မန်ချက်စတာ ယူနိုက်တက် သည် ရှေ့မှ နှစ်သင်းဖြစ်သော အာဆင်နယ် မန်စီးတီး တို့နှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်း လာပြီးနောက်




ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းတွင် ပါဝင်လာပြီ ဆိုသည်မှာ သေချာနေကြောင်း ထုတ်ပြောလိုက်သည်၊ လက်စတာ စီးတီး နှင့် ပွဲတွင် ပွဲချိန် ၂၅ မိနစ်နှင့် ၅၆ မိနစ် တို့တွင် မားကပ်စ် ရက်ရှ်ဖို့‌ဒ် က နှစ်ဂိုးနှင့်

ပွဲချိန် ၆၁ မိနစ်တွင် ဆန်ချို က တစ်ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်၊ အသက် ၂၅ နှစ် အရွယ် ရက်ရှ်ဖို့ဒ် က- ကျွန်တော်တို့ ဒီလို အခြေအနေမှာ အမှတ်ပေး ချန်ပီယံ ပြေးလမ်းထဲ ပါလာပြီ ဆိုတာ ရှင်းနေတာပါပဲ။




ဒီ အခြေအနေ ရောက်နေပါပြီ၊ ကျွန်တော်တို့ ရှေ့မှာ ရှိနေတဲ့ နှစ်သင်းကလည်း အကောင်းဆုံး ဘောလုံး ခြေစွမ်းတွေ ပြနေတယ် ဆိုတာလည်း သေချာပါတယ်။ ဟု ရက်ရှ်ဖို့‌ဒ်က ပြောသည်၊ ထို ပွဲစဥ်တွင် ဂိုးသမား

ဒဟေးယား သည် လက်စတာ စီးတီး ဘက်မှ ဂိုးသွင်းရန် ကြိုးစားမှု နှစ်ကြိမ်ကို အကောင်းဆုံး ကာကွယ် ပြခဲ့ပြီး ၎င်း၏ လက်စွမ်းကိုလည်း ရက်ရှ်ဖို့ဒ် က ချီးမွမ်း ပြောဆိုလိုက်သည်။ လက်စတာ စီးတီး အသင်းက




အခွင့်အရေး ကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်၊ ဒဟေးယား က နှစ်ကြိမ်လောက် ကောင်းကောင်း ကာကွယ် ပြသွားပါတယ်၊ သူသာ လက်စွမ်းမပြရင် ဒီပွဲမှာ အခုလို အနိုင်ရဖို့ မလွယ်ပါဘူး။ ဟု ရက်ရှ်ဖို့က ပြောဆိုလိုက်သည်။ ရက်ရှ်ဖို့ဒ် သည်

မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၂၄ ဂ်ိုး လက်ရှိ ဘောလုံးရာသီတွင် သွင်းယူ ထားသည်၊ မန်ချက်စတာ ယူနိုက်တက် အသင်းသည် လာမယ့် ကြာသပတေး နေ့တွင် ဘာစီလိုနာ နှင့် ယူရိုပါလိဂ်




ရှုံးထွက် ပွဲစဉ် ဒုတိယ အကျော့ကို အိုးလ်ထရက်ဖို့ဒ် တွင် ကစားရန် ရှိနေသလို တနင်္ဂနွေနေ့ တွင်လည်း နယူးကာဆယ် နှင့် ဝင်ဘလေ တွင် ကာရာဘောင် ဖလား ဗိုလ်လုပွဲ ကစားရန် ရှိနေသည်။

ပရီးမီးယားလိဂ် ဘောလုံးရာသီ အဆုံးသတ်ဖို့ ကတော့ အဝေးကြီး လိုနေပါသေးတယ်၊ ကျွန်တော်တို့ လာမယ့် တစ်ပတ်မှ အရေးကြီး ပွဲစဉ် နှစ်ပွဲ ကစားရဖို့ ရှိနေပါတယ်၊ ယူရိုပါလိဂ်မှာ နောက်တစ်ဆင့် တက်ချင်သလို




နယူးကာဆယ် အသင်းနဲ့ ပွဲစဥ်ကလည်း အရေးကြီးတဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ အနေနဲ့ ဒီလို ပွဲစဥ်တွေကို အာရုံစိုက် ထားနိုင်ဖို့ အရမ်းကို လိုအပ်ပါတယ်။

ကျွန်တော် ကတော့ ကစားရတာ ကောင်းနေပြီး နှေးကွေး သွားစရာ အကြောင်း မရှိပါဘူး။ ဟု ရက်ရှ်ဖို့ဒ် က ဆက်လက် ပြောဆိုသည်၊ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ် ကမူ ယခုနှစ်




ဖေဖော်ဝါရီသာ ရှိသေးကြောင်းနှင့် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် ပတ်သက်၍ ပြောရန် စောလွန်းကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ အမြဲတမ်း ခြေစွမ််း ကောင်းနေဖို့ပဲ အခုအချိန်မှာ အာရုံစိုက် နေရပါမယ်။

ဖေဖော်ဝါရီပဲ ရှိနေပါသေးတယ်၊ သိပ်ပြီး အဝေးကြီးကို မျှော်ကြည့် နေလို့လည်း မရဘူးလေ၊ အသင်းသားအ ားလုံး အကောင်းဆုံး ပုံစံရဖို့ လိုအပ်နေပါတယ်၊ ပြီးတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အခြေခံ

ကျတဲ့ ကစားကွက်ကိုလည်း မပျက်မကွက် နားလည် လိုက်နာရမယ်။ ဟု မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ယမန်နေ့က ဖွင့်ဟ ထုတ်ဖော် ပြောဆိုထားသည်။

credit