လက်စတာ နဲ့ ပွဲစဉ်ကို သုံးသပ်လိုက်ပြီး အသင်းသားတွေကို ပြစ်တင် သတိပေးလိုက်တဲ့ Ten Hag

လက်စတာ စီးတီး ကို အိုးလ်ထရက်ဖို့ဒ်မှာ ၃-၀ ရလဒ်နဲ့ ဂိုးပြတ်‌ အနိုင် ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က အသင်းအနေနဲ့ ပထမပိုင်း ကစားပုံ ဆိုးရွားခဲ့တာ အတွက်




ပြစ်တင်မှုတွေ ပြလုပ်သွား ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲချိန် အစောပိုင်းမှာ လက်စတာ စီးတီး ရဲ့ ဖိအားပေး ကစားခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး ဂိုးသမား ဒီဂီယာသာ လက်စွမ်း မပြခဲ့ဘူး ဆိုရင်




ဦးဆောင်ဂိုး နှစ်ဂိုးလောက် အထိ ခွင့်ပြုခဲ့ရမှာ ဖြစ်ပါတယ်၊ ဒုတိယပိုင်း မှာတေ့ာ မန်ချက်စတာ ယူနိုက်တက် က ပွဲစဥ်ကို လွှမ်းမိုးနိုင်ခဲ့ပြီး နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်၊ အာဆင်နယ် နဲ့ ၅ မှတ်၊ မန်စီးတီး နဲ့ ၃ မှတ် အကွာ




အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် Erik Ten Hag က အသင်းရဲ့ ပထမပိုင်း ကစားပုံကို ဒေါသ ထွက်နေပြီး ပြစ်တင်လိုက်တာပါ၊ ဒီလို မဖြစ်အောင် လုပ်ရမယ်လို့ အသင်းသားတွေကို သတိပေးခဲ့ပါတယ်။




ကျနော်တို့ရဲ့ စွမ်းဆောင်ရည် အတွက် တကယ်ကို မပျော်ရွှင်တာပါ၊ ကျနော်တို့ ကစားနေတဲ့ ပုံစံအောက်မှာ စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာဖို့ လိုပါတယ်၊ ဒါကို ကျနော်တို့ မလုပ်နိုင်ဘူး ဆိုရင် ဒါက တကယ့်ကို




စိတ်ပျက်စရာပါပဲ၊ လက်စတာ စီးတီး လို အခွင့်အရေးတွေ ဖန်တီးနိုင်တဲ့ ကောင်းမွန်တဲ့ ပြိုင်ဘက်ကို ရင်ဆိုင် ရတာပါ၊ ဒီဂီယာ ကြောင့်သာ ကျနော်တို့ ဂိုး မပေးခဲ့ရတာ ဖြစ်ပါတယ်၊ ပထမပိုင်းမှာ တကယ်ကို




ကံကောင်းခဲ့တာပါ၊ တစ်ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အဲဒီ ဂိုးကလည်း အရမ်းကို ကောင်းပါတယ်၊ ဒါပေမယ့် ကျန်တာတွေ ကတော့ အမှိုက်တွေပါပဲ။ လို့ အဲရစ် တန်ဟက်ဂ် က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ပွဲကို အိမ်ကွင်းမှာ ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ် ဒုတိယ အကျော့ လက်ခံ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဥ် အတွက် ပရိသတ်တွေ အများကြီး လာရောက်

အားပေးဖို့လည်း အဲရစ် တန်ဟက်ဂ် က မျှော်လင့်နေပါတယ်။ ကျနော်တို့ တိုက်ပွဲ ဝင်ရမယ်၊ ပရိသတ်တွေ ကလည်း အိုးလ်ထရက်ဖို့ဒ်ကို ခံတပ်ကြီး တခုလိုမျိုး ဖြစ်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။




ပွဲကြို အစီအစဉ်တွေ ကလည်း မှန်ကန်ရပါမယ်။ လို့ သူက ဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ဘာကာ ကွင်းမှာ နှစ်ဂိုးစီ သရေ ကစားနိုင်ခဲ့လို့ အိမ်ကွင်းမှာ ပိုမို ကောင်းမွန်တဲ့ ရလဒ်ကို ရမယ်လို့လည်း အဲရစ် တန်ဟက်ဂ် က ယုံကြည်နေပါတယ်။

credit