ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ထိပ်ဆုံး သုံးသင်းနဲ့ ပတ်သက်ပြီး သုံးသပ်ချက် ထုတ်ပြန်လာတဲ့ မိုက်ကယ် အိုဝင်

ဒီတပါတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ တိုက်စစ်မှုး ဟောင်းကြီး မိုက်ကယ် အိုဝင် က ချန်ပီယံ စိန်ခေါ်တဲ့ အသင်းတွေထဲ သူ့ အသင်းဟောင်းကို ထည့်သင့်ပြီ ဖြစ်ကြောင်း သုံးသပ် ထောက်ပြခဲ့ပါတယ်။




ဒီ အပါတ်မှာ အာဆင်နယ် အသင်း နိုင်ပွဲရပြီး မန်စီးတီး အသင်း သရေကျ ခဲ့တာကြောင့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ အာဆင်နယ် အသင်းက အသာစီး ပြန်ရခဲ့ပါတယ်၊ ဒါပေမယ့်လို့ တတိယ နေရာမှာ ရှိနေတဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း အပေါ်က နှစ်သင်းနဲ့ ရမှတ် ကွာဟချက် ကျဉ်းမြောင်းလာနေပြီ ဖြစ်ပါတယ်၊ မိုက်ကယ် အိုဝင် က-




ဒီတပါတ် ပွဲစဉ် ရလဒ်တွေက အံ့ဩစရာပဲ ဟုတ်တယ် မဟုတ်လား ? မန်စီးတီး အသင်းက ၅၂ မှတ်နဲ့ အဆင့် (၂) နေရာမှာ ရှိနေပါတယ်၊ စုစုပေါင်း ရမှတ်အရ မဆိုးပါဘူး၊ ဒါပေမယ့် ဒီရာသီမှာ မန်စီးတီး က အကောင်းဆုံး ကစားနေတယ်လို့ မခံစားရဘူး။




အာဆင်နယ် အသင်း ဆိုရင် ပွဲစဉ် ၂ ပွဲလောက် ရလဒ်တွေ ကမောက်ကမ ဖြစ်ထားခဲ့တယ်၊ အခုချိန်မှာတော့ သူတို့ ယုံကြည်မှု ကောင်းကောင်းနဲ့ အမှတ်ပေး ဇယား ထိပ်မှာ ထိုင်နေတာ ဖြစ်ရင် ဖြစ်ပါလိမ့်မယ်၊ သူတို့က




မန်စီးတီး အသင်းထက် ၂ မှတ် ပိုသာ သွားပြီလေ၊ ဒါပေမယ့် အခုချိန်မှာ မန်စီးတီး က ဇယားထိပ်နဲ့ ၂ မှတ် အကွာကို ရောက်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လလောက်ကို ပြန်ကြည့်မယ် ဆိုရင် သူတို့ကြားမှာ




ရမှတ် ကွာဟချက်တွေ ကြီးမားခဲ့ပါတယ်၊ ပရီးမီးယားလိဂ် က အလှည့်အပြောင်း များလွန်းမယ် ဆိုတာကို လူတိုင်း သိပါတယ်၊ ဘယ်သူကမှ မန်ချက်စတာ ယူနိုက်တက် အသင်းကို စကားထဲ ထည့် မပြောကြဘူး။




မန်ချက်စတာ ယူနိုက်တက် က မန်စီးတီး နဲ့ ၃ မှတ်ပဲ ကွာတာ ဖြစ်ပြီး သူတို့ကို ဖယ်ထုတ်လိုက်လို့ မရပါဘူး၊ ဒါပေမယ့် ပရီးမီးယားလိဂ် ဖလား စိန်ခေါ်မှုမှာ အာဆင်နယ် က နေရာကောင်းက ရှိနေတယ်လို့ ပြောရပါမယ်။ လို့ သုံးသပ် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit