နွေရာသီ ဈေးကွက် အတွင်း အဲရစ် တန်ဟက်ဂ် ရှင်းထုတ်သွားမည့် ကစားသမားများထဲမှ လေးဦးကို ခေါ်ယူသွားမည့် ဝက်စ်ဟမ်း
|သတင်းတွေ အရ ဝက်စ်ဟမ်း အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၄ ဦးကို ပေါင် သန်း ၁၂ဝ အထိ အသုံးပြုပြီး ခေါ် ယူဖို့ ပြင်ဆင် နေလျှက် ရှိကြောင်း
သိရပါတယ်၊ အဆိုပါ ကစားသမား လေးဦးဟာ အန်သိုနီ မာရှယ်၊ ဟယ်ရီ မက်ဂွိုင်ယား၊ ဒွန်နီ ဗန်ဒီဘိခ် နဲ့ စကော့မက် တွမ်မီနေးလ် တို့ ဖြစ်တယ်လို့ သတင်းတွေက အခိုင်အမာ ဆိုသွားခဲ့ ပါတယ်။
အပြောင်းအရွှေ့ သတင်းထောက် အကျော်အမော် တဦး ဖြစ်တဲ့ ဘန်ဂျက်ကော့တ် က မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ကလည်း အင်အား ဖြည့်တင်းရေး ကစားသမားသစ် တွေကို
နွေရာသီ ဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ အတွက် အသုံးမလိုတော့တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း အန်သိုနီ မာရှယ်၊ ဒွန်နီ ဗန်ဒီဘိခ်
ဟယ်ရီ မက်ဂွိုင်းယား နဲ့ စကော့မတ် တွမ်မီနေး တို့ကို ရောင်းချဖွယ် ရှိနေပြီး ဝက်စ်ဟမ်း ကလည်း အလိုရှိနေတာ ဖြစ်ပါတယ်၊ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခြား မလိုအပ်တဲ့
ကစားသမားတွေ ကိုပါ ရှင်းထုတ်ဖို့ အစီအစဉ် ဆွဲထားကြောင်း နာမည်ကြီး သတင်းဌာန အများအပြားက အတည်ပြု ဖော်ပြခဲ့ကြပြီး နွေရာသီ ဈေးကွက် အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
credit