အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေချိန် ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် အသင်းပြောင်းဖွယ် ရှိလာတဲ့ ဂရင်းဝုဒ်

Manchester United တိုက်စစ်မှုး Mason Greenwood ရဲ့ လက်ရှိ အနေအထား အရပ်ရပ်နဲ့ အခြေအနေ‌တွေ ကတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ ဖြစ်ပါတယ်။ ၂၁ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှုးဟာ




ပြီးခဲ့တဲ့နှစ် အစောပိုင်း ပြစ်မှု စွဲချက်တွေနဲ့ တရား စွဲဆို ခံခဲ့ရပြီး ၂၀၂၂ ဇန်နဝါရီ ကတည်းက မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်တွေကို Mason Greenwood အနေနဲ့ ကစားခွင့် မရခဲ့ပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ




စွဲချက်တွေကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်၊ Greenwood ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြန်လည် ကစားခွင့် ပေးမလား? မ ပေးဘူးလား? ဆိုတာကိုလည်း အသင်းဘက်က ဆုံးဖြတ်ချက် မချရသေးပါဘူး။




မေဆန် ဂရင်းဝုဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တစ်ယောက်ဖြစ်ပြီး ကြယ်ပွင့် တစ်ယောက် အဖြစ် သတ်မှတ် ခံထားရသူလည်း ဖြစ်ပါတယ်၊ သို့ပေမယ့် ၎င်းရဲ့ ချစ်သူ မိန်းကလေး အပေါ်




အပြုအမူ တွေကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ် အချို့ရဲ့ လျစ်လျူရှုခြင်း ခံထားရသလို၊ မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်းက ကြယ်ပွင့် ကစားသမား အများအပြား ကလည်း ပြန်လည် ကစားခွင့် မပေးဖို့ ဖိအားပေး ခံနေရတာ ဖြစ်ပါတယ်။




ကစားသမားကလည်းအသင်း အတွက် အကောင်းဆုံး ပြန်လည် ကစားပေးလိုတဲ့ ဆန္ဒ အပြည့်အဝ ရှိနေတယ်လို့ ဆိုထားတာပါ၊ ဒါပေမယ့် အသင်းဘက်က ၎င်းအတွက် ရပ်တည်ပေးပြီး တိကျတဲ့ အဖြေ မပေးနိုင်တာကိုတော့ အနည်းငယ် စိတ်ပျက်နေတာ ဖြစ်ပါတယ်၊ လက်ရှိမှာ




မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းများ ရှိနေပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ Mason Greenwood ကို တူရကီ ကလပ် ဖီနာဘာဂျီ က ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

credit