ပတ်ဒရီ မပါလာလည်း အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ယူနိုင်ကြောင်း ဘာစီလိုနာ ကြယ်ပွင့် ထုတ်ပြော

ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ် ကစားသမား ပတ်ဒရီ က အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ ပြန်လည် ကစားသွား ရမယ့် ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ဒုတိယ အကျော့ ပွဲစဉ်မှာ သူတို့ရဲ့ ဘာစီလိုနာ အသင်းအနေနဲ့




မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင်ယူ ကျော်ဖြတ်သွား နိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်၊ စပိန်နိုင်ငံ ဘာစီလိုနာ မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ပထမ အကျော့ ပွဲစဉ်မှာ




တစ်ဘက်ကို နှစ်ဂိုးစီ သရေ ကျခဲ့ရပြီး အဲ့ဒီ ပွဲစဉ်မှာပဲ ဘာစီလိုနာ အသင်း အဓိက ကစားသမား ဖြစ်သူ ကွင်းလယ်လူ ပတ်ဒရီ ဒဏ်ရာ ရရှိသွား ခဲ့ပါတယ်၊ ဒဏ်ရာ ပြသာနာကြောင့် ပတ်ဒရီ ဟာ အိုးလ်ထရက်ဖို့ဒ်မှာ




ကစားရမယ့် ဒုတိယ အကျော့ ပွဲစဉ်ကို သေချာပေါက် လွဲချော်သွား ရတော့မှာ ဖြစ်ပေမယ့်လည်း သူရဲ့ ဘာစီလိုနာ အသင်းက အိုးလ််ထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင်ယူ




ကျော်ဖြတ်နိုင်လိမ့် မယ်လို့ ယုံကြည်မိကြောင်း ၎င်းက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ပတ်ဒရီက- ကျွန်တော်က ကွင်းထဲမှာ အသင်းအတွက် ကစား ပေးရတာကို ပို သဘောကျတာမို့ ပါဝင်ရခြင်း မရှိပဲ အပြင်ကနေ




ကြည့်နေရတာက တကယ်ကို ဆိုးပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော် ကတော့ အသင်းကို ယုံကြည်မှု အပြည့် ရှိပါတယ်၊ ကျွန်တော်တို့ ဒီပွဲကို စောင့်မျှော် နေပါတယ်၊ ကျွန်တော်တို့ကို စိတ်လှုပ်ရှားမှု




ပေးစွမ်းနိုင်တဲ့ ကွင်းကြီးထဲမှာ ရလဒ်ကောင်း တစ်ခု ရယူနိုင်ဖို့ ကြိုးစားသွား မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လို့ ဖွင့်ဟ သွားခဲ့ပါတယ်၊ ဒီ ဒုတိယ အကျော့ ပွဲစဉ်ကို ပတ်ဒရီ က ပေါင် ဒဏ်ရာကြောင့်

လွဲချော်ရမှာ ဖြစ်သလို ဒမ်ဘီလီ ကလည်း ကြွက်သား ဒဏ်ရာကြောင့် လွဲချော်ရ နိုင်ပြီး ဂါဗီ မှာလည်း အဝါကတ် ၃ကြိမ် ပြသ ခံထားရတာကြောင့် လွဲချော် ရဦးမှာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဘက်မှာတော့ အဲရစ်ဆင်၊ ဗန်ဒယ်ဘိခ်၊ မက်ဂွိုင်းယား မာရှယ် တို့ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ရမှာ ဖြစ်ပေမယ့် ပထမ အကျော့က မပါဝင် နိုင်ခဲ့တဲ့ နောက်ခံလူ

လီဆန်ဒရို မာတီနက်ဇ် နဲ့ ကွင်းလယ်လူ ဆာဘစ်ဇာ တို့က ပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက် သွားခဲ့ပြီ ဖြစ်လို့ ပြန်လည် ပါဝင် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

credit