မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟာ ပွဲထွက် ကစားသမား နေရာ မရရှိသင့်ကြောင်း အကျိုးရုတ် စေကြောင်း ထုတ်ပြောလာတဲ့ ရစ်ချက်ကီးစ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရှေ့တန်း တိုက်စစ် မြှားဦး နေရာမှာ ကစားနေတဲ့ ဒတ်ချ် တိုက်စစ်မှူး ဝက်ဟော့်စ် ရဲ့ ခြေစွမ်းကို ရစ်ချက်ကီးစ် က ဝေဖန် ပြောဆိုလိုက်ပြီး ဝက်ဟော့စ် က ပွဲထွက် ကစားသမား နေရာနဲ့




မထိုက်တန် ကြောင်းလည်း ပြောဆိုပါတယ်။ ဝက်ဟော့စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း လက်စတာ စီးတီး ကို ၃-၀ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရှေ့တန် တိုက်စစ် မြှားဦးနေရာ မကစားပဲ နောက်ကို




အနည်းငယ်ဆင်း ကစားခဲ့ရပါတယ်။ ၎င်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကာလတို အငှားနဲ့ ရောက်ရှိလာခြင်း ဖြစ်ပြီး ဇန်နဝါရီမှာ ဝက်ဟော့စ် မန်ချက်စတာ ယူနိုက်တက် တွင် စတင် ပါဝင် ကစားပြီးနောက်




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၉ ပွဲ ကစားရာ ၆ ပွဲနိုင်ပြီး တစ်ပွဲသာ ရှုံးနိမ့်ထားတာပါ၊ ဒါပေမယ့် ဝက်ဟော့စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အကျိုး မရှိစေသူ ဖြစ်ပြီး အားနည်းချက်သာ




ပိုပြီး ဖြစ်စေတဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ပြောဆိုပါတယ်။ အသက် ၃၀ အရွယ် ဝက်ဟော့စ် ပါဝင်လာလျှင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ဘက်ကို လူတစ်ယောက် အသာပေးပြီး ၁၀ ယောက်တည်းဖြင့်




ကစား နေသကဲ့သို့ ရှိနေကြောင်း ရစ်ချက် ကီးစ် က မန်ချက်စတာ ယူနိုက်တက် အသင်းက အပတ်စဉ် ၁၀ ယောက်တည်းနဲ့ ကစားသလို ဖြစ်နေပါတယ်၊ သူက ပွဲထွက် ကစားသမား နေရာ တစ်နေရာ ရသင့်တယ်လို့




သက်သေ မပြနိုင်ဘူး ဖြစ်နေတယ်လေ။ အမှန်အတိုင်း ပြောလိုက်ကြရအောင် လို့ ရစ်ချက် ကီးစ် က ပြောဆိုလိုက်ခြင်း ဖြစ်သည်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ကြာသပတေး နေ့မှာ ဘာစီလိုနာ အသင်းနဲ့




ယူရိုပါလိဂ် ရှုံးထွက် အဆင့် ဒုတိယ အကျော့ ပွဲစဉ်ကို ကစားရန် ရှိနေပြီး ပထမ အကျော့ နူးကမ့် ကွင်း အတွင်း ကစားခဲ့စဉ်က နှစ်သင်းမှာ ၂ ဂိုးစီ သရေ ရလည်သာ ထွက် ပေါ်ခဲ့တာ ဖြစ်ပါတယ်။

credit