နွေရာသီ ဈေးကွက်ရဲ့ နံပါတ် ပစ်မှတ် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်ရွှေ့လာမှာ မဟုတ်ဘူးလို့ ထုတ်ပြောလာတဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွက် နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့




စပါးကြယ်ပွင့် ဟယ်ရီကိန်း ဟာ လာမယ့် နွေဈေးကွက်မှာ စပါး ကို စွန့်ခွာပြီး မန်ချက်စတာ ယူနိုက်တက် အသင်း‌ဆီ ပြောင်းရွှေ့လာမယ်လို့ မထင်မိကြောင်း နောက်ဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် က ဝိန်း ရွန်းနီ၊ ဗန်ပါစီ နဲ့




အီဘရာဟီ မိုဗစ် တို့ မရှိတော့တဲ့နောက် တိုက်စစ်ပိုင်းမှာ ကမ္ဘာ့အဆင့် အထောင် တိုက်စစ်မှူး တဦး မရှိတော့တာကြောင့် ဂိုးရဖို့ အတွက် ကွင်းလယ်လူ တွေနဲ့ တောင်ပံ တိုက်စစ် ကစားသမား တွေကိုသာ အားကိုးခဲ့ရပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ်




အဲရစ် တန်ဟက်ဂ် က လာမယ့် နွေဈေးကွက်မှာ ကမ္ဘာ့အဆင့် အထောင်တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး စပါး တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်း၊ နာပိုလီ တိုက်စစ်မှူး အိုဆီမန်၊ ယူဗင်တပ်စ် တိုက်စစ်မှူး ဗလာဟိုဗစ် တို့ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပစ်မှတ် စာရင်းထဲမှာ




ပါဝင်နေတာလည်း ဖြစ်ပါတယ်။ အဆိုပါ တိုက်စစ်မှူး သုံးဦးအနက် မန်ချက်စတာ ယူနိုက်တက် ရဲ့ ပရိသတ်တွေက စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို အသင်းမှာ မြင်တွေ့ချင် နေကြပြီး အင်္ဂလန် နဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူး ဖာဒီနန် ကတော့ ဟယ်ရီကိန်း ဟာ




မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းလာမယ်လို့ မထင်ပဲ စပါး မှာသာ ဆက်ရှိနေနိုင်ကြောင်း ဆိုခဲ့တာပါ။ ရီယို ဖာဒီနန် က ကျွန်တော်သာ လောင်းကစားသမား ဆိုရင် ဟယ်ရီကိန်း စပါးမှာ ဆက်နေမယ် ဆိုတာကို လောင်းပါမယ်၊ ဟယ်ရီကိန်း က စပါး အသင်းရဲ့




ဂိုးသွင်း အများဆုံး စံချိန်ကို မကြာမီက ရထားတဲ့ ကစားသမားပါ၊ ကစားသမား အများစုက ဆုဖလားတွေ မရတဲ့ အပေါ် စိတ်ပျက်တာ ရှိကြပေမယ့် လူတကိုယ် အကြိုက်တမျိုးပါပဲ၊ ဒါပေမယ့် ဟယ်ရီကိန်း သူ့ အနာဂတ် အတွက် သူ ဘာလုပ်ချင်လဲ ဆိုတာ




ပွင့်ပွင့် လင်းလင်း ပြောပြ စေချင်ပါတယ်၊ ဒါမှသာ ကျွန်တော် တို့က ဟယ်ရီကိန်း ရဲ့ ဆုံးဖြတ်ချက်ကို သိရမှာပါ၊ ဘောလုံး လောကမှာ အနာဂတ် ဆိုတာ စီးပွားရေး တခုပါပဲ၊ မကြာခင်မှာ ဟယ်ရီကိန်း က စပါး အသင်းဆီ ကနေ စာချုပ်သစ် ကမ်းလှမ်းမှုကို ရရှိပါလိမ့်မယ်၊ တကယ်လို့ သူသာ စပါးမှာပဲ ဆက်နေချင်တယ် ပြောခဲ့ရင်




စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုပ်တဲ့ အခါ လိုချင်တဲ့ ကိန်းဂဏန်းတွေ ရဖို့ မလွယ်တော့ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့က သူ့ရဲ့ နှုတ်ဆိတ် နေမှုကို နားလည် ပေးရပါမယ်၊ ဟယ်ရီကိန်း စပါးမှာ ဆက်နေခဲ့မယ် ဆိုရင် ကျွန်တော်တို့က သူ့ဆီကနေ စာချုပ်သစ် ချုပ်ရတဲ့ ရည်ရွယ်ချက်ကို သိချင်မိပါတယ်။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit