မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို အခြား ကစားသမား တစ်ဦးနဲ့ နှိုင်းယှဉ်ပြီး ဘာမှ မဟုတ်သေးကြောင်း ပြောဆိုလာတဲ့ ဗန်ဘက်စတန်

နယ်သာလန် ဂန္ထဝင် ကစားသမားကြီး ဗန်ဘက်စတန် က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အေဂျက်ဇ် ကနေ အန်တိုနီ ကို ခေါ်ယူခဲ့မိတာဟာ မှားယွင်းကြောင်း ထုတ်ဖော် ပြောဆို လိုက်ပါတယ်။




အန်တိုနီ ရဲ့ အေဂျက်ဇ် အသင်းဖော်ဟောင်း ဖြစ်သူ ကူဒက်စ် က ပိုကောင်းတဲ့ ကစားသမား ဖြစ်ပြီး နည်းစနစ်ပိုင်း အရလည်း ပိုမို အားကောင်းတဲ့သူ ဖြစ်တယ်လို့ ဗန်ဘက်စတန် က ပြောဆိုပါတယ်။ အန်တိုနီ ကတော့




ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကို ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့ လာသူ ဖြစ်ပြီး လက်ရှိမှာ သူက အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဥ် ၁၀ ပွဲ ကစားပေးထားပြီး သွင်းဂိုး တစ်ဂိုးသာ ရရှိထားကာ




ဂိုဖန်တီးမှုလည်း လုံး၀ မလုပ်ပေး နိုင်သေးပါဘူး၊ အခုလည်း ဒဏ်ရာကြောင့် အနားယူနေရပြီး မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ဆုံး ကစားထားခဲ့တဲ့ ၄ ပွဲလုံးကို ဆက်တိုက် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။




ဗန်ဘက်စတန် က- အန်တိုနီ မှာ သူ့ အရည်အသွေး ရှိပါတယ်၊ ဒါပေမယ့် သူလုပ်ပြဖို့ ကြိုးစား နေတာတွေက ရှုပ်ထွေး လွန်းပါတယ်၊ ကူဒက်စ် က နည်းစနစ်ပိုင်းမှာ သူ့ထက် ပိုကောင်းပြီး သူ ဘာလုပ်နေတာလဲ ဆိုတာကို




သူကိုယ်တိုင် သေချာ သိတဲ့သူပါ၊ အန်တိုနီ က လျင်မြန်တဲ့သူ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ကူဒက်စ် က ပိုပြီးတော့ စမတ်ကျတဲ့ ကစားသမား ဖြစ်ပါတယ်၊ နည်းစနစ်ပိုင်း အနေနဲ့လည်း ပို ကောင်းတဲ့သူပါ။




သူက ဘောလုံးသမား တဦး ဆိုတာထက် ပိုပါတယ်၊ သူ့ကို ကွင်းအတွင်းမှာ ဘယ်နေရာ ထားထား ကစားလို့ ရတယ်၊ အချက်အလက်တွေ အရတော့ ကျနော်က အန်တိုနီ ထက် သူ့ကို ပိုပြီး သဘောကျတယ်။




သူ ကစားတာကို ကြည့်ရတာ ပိုပြီး ကျေနပ်ဖို့ ကောင်းပါတယ်။ လို့ ပြောဆို သွားခဲ့ပါတယ်။ ကူဒက်စ် ဟာ လက်ရှိ ရာသီမှာ အေဂျက်ဇ် အတွက် ဟော်လန်လိဂ် ၂၁ ပွဲ ကစားထားပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး




ခြေစွမ်း ပြနေပါတယ်၊ ချန်ပီယံလိဂ်မှာလည်း သူက ၆ ပွဲ ကစားကာ ၄ ဂိုးသွင်း ၂ ကြိမ် ဖန်တီးနိုင်ခဲ့ပြီး ဒါပေမယ့် အေဂျက်ဇ် က အုပ်စု အဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်၊ ကူဒက်စ် ကို လက်ရှိမှာ အသင်းကြီးတွေက စောင့်ကြည့်နေကြောင်း သိရပါတယ်။

credit