ကြယ်တစ်ပွင့်ကို သီးသန့် နည်းပြ တစ်ဦးနဲ့ ထရိန်နင် ပေးနေကြောင်း ဖွင့်ဟ ပြောဆိုလိုက်တဲ့ တန်ဟက်ဂ်

Manchester United တိုက်စစ်မှုး RASHFORD ဟာ ဒီတလောမှာ သွင်းဂိုးတွေ ရပ်တန့် မရအောင်ကို ပွဲတိုင်းကျော် ဂိုးမြူးနေခဲ့တာ ဖြစ်ပါတယ်၊ ကမ္ဘာ့ဖလား အပြီး ကတည်းက ENGLAND သားဟာ ဂိုးသွင်း ခြေတွေ့နေပြီး အထူး အစွမ်းပြနေတာ ဖြစ်ပါတယ်။




RASHFORD ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုး အထိ ရှိနေပြီ ဖြစ်သလို ယူရိုပါလိဂ်မှာလည်း ၄ ဂိုး၊ ကာရာဘောင်မှာ ၅ ဂိုးနဲ့ အက်ဖ်အေဖလားမှာ ၁ ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ခြေတွေ့ နေပါတယ်။




Manchester United နည်းပြချုပ် Erik Ten Hag က RASHFORD အခုလို ဒီရာသီမှာ ဂိုးသွင်းဖို့ တားဆီးမရ ဖြစ်နေရခြင်းဟာ သူ့ထက် အဓိကျတဲ့ နောက်ကွယ်က ပံ့ပိုးပေးသူကြောင့် ဖြစ်တယ်လို့ ပြောဆိုပါတယ်။




၎င်းက ဂိုးသွင်းသီးသန့် နည်းပြ ဘန်နီ မက်ကာသီ ဖြစ်ပါတယ်။း၊ မက်ကာသီ ဟာ RASHFORD အပါအဝင် အခြား Manchester United တိုက်စစ် သမားတွေကို လေ့ကျင့် နည်းပြ ပေးနေသူ ဖြစ်ပြီး သူ့ကို ရထားတာ ကံကောင်းတယ် လို့ Erik Ten Hag က ဆိုပါတယ်။




ကျနော်တို့ နည်းပြ အဖွဲ့ဝင်ထဲမှာ ခံစစ်သမားတွေ ကွင်းလယ်သမားတွေ အများကြီး ရှိတယ်၊ ဒီတော့ ဟန်ချက် ညီအောင် တိုက်စစ် အားသန်တဲ့ တိုက်စစ်မှုးဟောင်း တစ်ဦးကို ထပ်မံ ဖြည့်တင်းခဲ့တယ်၊ မက်ကာသီ က




အသင်းမှာ သီးသန့် ကိစ္စရပ်တွေကို ကိုင်တွယ်ပါတယ်၊ ကျနော်ကလည်း တိုက်စစ်နေရာ မကစားခဲ့ဖူးဘူး၊ ဒီတော့ ကျနော့်ရဲ့ နည်းပြ အဖွဲ့ဝင်ထဲမှာ သူ့ကို ခေါ်နိုင် လိုက်တာက သိပ် ကံကောင်းတယ်၊ စပါယ်ရှယ်ပါပဲ။




ဘောလုံး ဆိုတာက ဂိုးသွင်းဖို့လေ၊ အသင်းမှာ ဂိုး စပါရှယ်လစ် နည်းပြ တွေလည်း ရှိကြပါတယ်၊ တိုက်စစ်ပိုင်း သီးသန့် ကိုင်တဲ့သူ အထူးသဖြင့် ဂိုးသွင်း ထရိန်နာလည်း ရှိပြီဗျာ၊ သူက အသေးစိတ် ကျကျကို




လမ်းညွှန် ပြသပေးသူ ဖြစ်ပါတယ်၊ ဒါပေမယ့် ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ အတူတကွလည်း အလုပ်လည်း လုပ်ပါတယ်၊ အသင်းက ကစားသမားတွေ အကုန်လုံးနဲ့လည်း ဆက်ဆံရေးပိုင်း ကောင်းမွန်တယ်၊ သူက တကယ်ကို




အလုပ်ကို ကောင်းကောင်း လုပ်သူ ဖြစ်ပါတယ်။ လို့ Manchester United နည်းပြချုပ် Erik Ten Hag က ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မက်ကာသီ ဟာ ပေါ်တို အသင်းနဲ့ အတူ

ချန်ပီယံလိဂ်မီာ ဗိုလ်စွဲခဲ့ဖူးသူ ဖြစ်ပြီး ပရီးမီးယားလိဂ် မှာလည်း ကစားဖူးကာ တောင်အမေရိက သားဟာ ဘလက်ဘန်း အသင်းနဲ့ အတူ ၁၀၉ ပွဲ ကစားထားဖူးပြီး ၃၇ ဂိုး အထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

credit