ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် နဲ့ အဲရစ် တန်ဟက်ဂ် ဘာကြောင့် တွေဆုံခဲ့ကြတာလဲ

ဒီ တပါတ်ထဲမှာပဲ ဘာစီလိုနာ အသင်း၊ နယူးကာဆယ် ယူနိုက်တက် အသင်းတို့နဲ့ ကစားရမယ့် အရေးကြီး ပွဲစဉ်တွေ အတွက် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ အဆိုပါ ပွဲစဥ်တွေ မတိုင်ခင်




မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် နဲ့ တွေ့ဆုံခဲ့ ကြပါတယ်၊ ချက်ရှိုင်းယား က စားသောက်ဆိုင် တခုမှာ သူတို့ နှစ်ဦးတည်းကို မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး ဆာအဲလက်စ် ဆီ က




အကြံဉာဏ်တွေကို အဲရစ် တန်ဟက်ဂ် က ရယူနေပုံ ရတယ်လို့ ယူဆရပါတယ်၊ တနင်္လာနေ့ ညမှာ သူတို့က အီတလီ စားသောက်ဆိုင် တခု ဖြစ်တဲ့ Cibo မှာ တွေ့ဆုံ ခဲ့တယ်လို့ Daily Mail က ဓာတ်ပုံ မှတ်တမ်းတွေနဲ့




ဖော်ပြခဲ့တာ ဖြစ်ပါတယ်၊ ဆာအဲလက်စ် ကတော့ အခု နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဉ်တွေကို ဆက်တိုက် အားပေးနေပြီး အသင်းဟောင်းရဲ့ ကစားဟန်၊ နိုင်ပွဲ ရရှိ နေမှုတွေကြောင့်




တော်တော်လေးကို စိတ်ကျေနပ် ပီတိ ဖြစ်နေကာ အဲရစ် တန်ဟက်ဂ် ကိုလည်း အထင်ကြီး လေးစားမှုတွေ ရှိနေခဲ့သူ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ နဲ့ ယူရိုပါလိဂ် ပလေးအော့




ဒုတိယ အကျော့၊ နယူးကာဆယ် ယူနိုက်တက် နဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲတွေကို ကစားရဖို့ ရှိနေကာ အဲရစ် တန်ဟက်ဂ် အတွက်တော့ အရေးပါတဲ့ ဖလားပွဲ နှစ်ပွဲကို ကစားရတော့မှာပါ၊ နယူးကာဆယ် ကို




အနိုင်ရ ခဲ့ရင် မန်ချက်စတာ ယူနိုက်တက် ဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ဆုဖလား တလုံး ဆွတ်ခူးမှာ ဖြစ်ပြီး သူ့ အတွက်လည်း မန်ခိက်စတာ ယူနိုက်တက် နည်းပြဘ၀ ပထမဆုံး ဆုဖလား

ဖြစ်လာမှာပါ၊ ဒီ အတွက်ကြောင့် သူက ဆာအဲလက်စ် ဖာဂူဆန် နဲ့ တွေ့ဆုံကာ လာမယ့် ပွဲစဥ်တွေ အတွက် ထင်မြင် သုံးသပ်ချက်၊ အကြံဉာဏ်တွေကို ရယူခဲ့တယ်လို့ အားလုံးက ယူဆနေကြပြီး ရိုးရိုးတွေ့ဆုံတဲ့




စားသောက်ပွဲ မဟုတ်ဘူးလို့ ခန့်မှန်း နေကြပါတယ်၊ အဲရစ် တန်ဟက်ဂ် ကလည်း သူ့ရဲ့ အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန် လက်ထက် အတိတ်က မန်ခိက်စတာ ယူနိုက်တက် အသင်းရဲ့ နာမည်ကျော် စိတ်ဓာတ်ပိုင်းက

ပြန်လည် တိုးတက်နေတယ်လို့ ယုံကြည်နေကြောင်း Daily Mail က ဆိုပါတယ်၊ အခုလို တွေ့ဆုံမှုကနေ အဲရစ် တန်ဟက်ဂ် က ၎င်းရဲ့ အသင်းကို အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မလား စောင့်ကြည့် ရတော့မှာပါ။

ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက် နည်းပြ အဆက်ဆက် ဟာလည်း ဆာအဲလက်စ် ဆီက အကြံဉာဏ် ပေးမှုတွေကို ရယူလေ့ ရှိကြောင်း သိရှိရပါတယ်။

credit