ဘာစီလိုနာ အသင်းနဲ့ ပွဲစဥ် အမှီ ကြယ်နှစ်ပွင့် ဒဏ်ရာကနေ ပြန်လာနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလာတဲ့ တန်ဟက်ဂ်

Manchester United နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ် အဆုံးအဖြတ် ဒုတိယ အကျော့ ပွဲစဉ်မှာ မာရှယ် မပါဝင် နိုင်ပေမယ့် ကစားသမား နှစ်ဦး ပြန်လာနိုင်ပြီ ဖြစ်ကြောင်း




အားတက်ဖွယ် အသိပေး သွားခဲ့ပါတယ်၊ ဘာစီလိုနာ အသင်းနဲ့ ကန်ရမယ့် အရေးကြီး ပွဲစဥ်အမှီ အန်တိုနီ နဲ့ ဟယ်ရီ မက်ဂွိုင်းယား တို့ ပြန် ကစားလာနိုင်တာ ဖြစ်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် က ဒီအတွက်




အားတက် နေပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ တပည့်ရင်း အန်တိုနီ ဟာ ခြေထောက်မှာ ဒဏ်ရာ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဉ် လေးပွဲမှာ မပါဝင်နိုင်ခဲ့ဘဲ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။




ဟယ်ရီ မက်ဂွိုင်းယား ကတော့ ပြီးခဲ့တဲ့ လက်စတာ နဲ့ ပွဲစဥ်မှာ ဒူး ဒဏ်ရာ ရှိနေခဲ့တာပါ၊ ဒါပေမယ့် ဘာစီလိုနာ နဲ့ ပွဲစဉ် အမှီ နှစ်ဦးလုံး ပြန်လာနိုင်ခဲ့ပြီး မာရှယ် ကတော့ တစ်ဦးတည်း သီးသန့် လေ့ကျင့်နေရဆဲ ဖြစ်ပါတယ်။ အဲရစ် တန်ဟက်ဂ် က-




သူတို့ ထရိန်နင်တော့ လုပ်ကြ ရဦးမှာပါ၊ ဟယ်ရီ မက်ဂွိုင်းယား နဲ့ အန်တိုနီ တို့ ပြန် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်၊ မာရှယ် ကတော့ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး၊ သူက မြက်ခင်းပြင်ပေါ်တော့ ပြန်လာနိုင်ပါပြီ။




အသင်းနဲ့ အတူ လေ့ကျင့်ဖို့ လိုအပ်ပါသေးတယ်။ လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်၊ ဘာစီလိုနာ အသင်းဘက် မှာတော့ ပက်ဒရီ ဒဏ်ရာ ရသွားသလို၊ ဂါဗီ ကလည်း ပွဲပယ် ထိထားပြီ ဖြစ်ပါတယ်။

credit