ယူရိုပါလိဂ် ဒုတိယ အကျော့ ပွဲစဉ် မတိုင်မီ ရပ်ရှ်ဖို့ဒ် အပြင် အခြား ကစားသမား နှစ်ဦးပါ ပွဲထွက်လာမှာ စိုးရိမ်နေတဲ့ ဇာဗီ

ဘာစီလိုနာ အသင်း နည်းပြချုပ် ဇာဗီက ကြာသပတေး နေ့မှာ ကစားရမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယူရိုပါလိဂ် ပလေးအော့ ဒုတိယ အကျော့ မတိုင်မီ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ကို ထပ်မံ ချီးကျူး စကားဆိုရင်း ရပ်ဖို့ဒ် အပြင် အခြား ကစားသမား နှစ်ဦးကိုပါ စိုးရိမ်မိကြောင်း အရိပ်အမြွက် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။




ဒီအသင်း နှစ်သင်းဟာ ပထမ အကျော့က နူးကမ့်မှာ နှစ်ဂိုးစီ သရေ ကျခဲ့ပြီး ယခု အခါမှာတော့ အိုးထရက်ဖို့ဒ်မှာ အဆုံးအဖြတ် ပွဲစဥ်ကို ကစားရတော့မှာ ဖြစ်ပါတယ်၊ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အသင်းက




အနည်းငယ် အခွင့်အရေး ပိုမို အသာရနေတာလည်း ဖြစ်ပါတယ်၊ အဝေးဂိုး စည်းမျဉ်း မရှိတော့တာကြောင့် နှစ်သင်းလုံး အတွက် အခွင့်အရေး ရှိနေပေမယ့်လည်း ဘာစီလိုနာ က အဝေးကွင်းမှာ ကစားရမှာ




ဖြစ်တဲ့ အပြင် အားထားရတဲ့ ကြယ်ပွင့် ကစားသမား ဂါဗီ နဲ့ ပီဒရီ တို့ ကွင်းလယ်မှာ မပါဝင် နိုင်တာကြောင့် အခက်တွေ့ဖွယ် ရှိနေပါတယ်၊ တဘက်မှာ မန်ချက်စတာ ယူနိက်တက် အသင်းဟာ Erik Ten Hag လက်အောက်မှာ




ခြေစွမ်း ပြသနေတာကြောင့် ဘာကာ ကို အနိုင် ယူနိုင်စွမ်း အပြည့်အ၀ ရှိနေတာပါ၊ ဇာဗီ က- Erik Ten Hag က သူ့ ကစားသမားတွေ ဆီက စွမ်းရည် အားလုံးကို ရယူထား နိုင်ခဲ့တယ်၊ ဂျေဒန် ဆန်ချို နဲ့




မားကပ်စ် ရက်ရှ်ဖို့ဒ် ကို ခင်ဗျား ကြည့်ပါလား ပေါ်တူဂီသား ဘရူနို၊ ဖရက်ဒ် သူတို့ ကစားပုံကိုသာ ကြည့်တော့ဗျာ။ လို့ ပြောဆိုခဲ့ကြောင်း Times သတင်းက ဆိုသွားပါတယ်၊ ဇာဗီ ဟာ ပထမ အကျော့ မတိုင်ခင် ကလည်း




ရပ်ရှ်ဖို့ဒ် က သူ အကြောက်ရွိ့ဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်ကြောင်း ပြောခဲ့ပြီး၊ အမှန် တကယ်လည်း နည်းပြချုပ် တန်ဟက်ဂ် လက်အောက်မှာ အဆိုပါ ကစားသမားတွေက ခြေစွမ်းကောင်းတွေ




ပြန်ရလာခဲ့တာ ဖြစ်ပါတယ်၊ ရပ်ရှ်ဖို့ဒ် ဆိုရင် ကမ္ဘာ့ဖလား အပြီး နောက်ပိုင်း ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ကာ ပထမ အကျော့တုန်းကလည်း ဘာစီလိုနာ ဘက်ကို

လှပတဲ့ ကန်သွင်းချက်နဲ့ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်၊ ကျန် ကစားသမားတွေ ကလည်း အကောင်းဆုံး ပုံစံတွေ ပြသနေပြီး မန်ချက်စတာ ယူနိုက်တက် တို့ ဒီရာသီမှာ အခြေအနေ ပြန်ကောင်းလာခဲ့တာ ဖြစ်ပါတယ်။

credit