မန်ချက်စတာ ယူနိုက်တက် ကို အနိုင် ရရှိဖို့ အသင်းသားတွေ မဖြစ်မနေ လုပ်ရမယ့် အချက်ကို ပြောဆိုထားတဲ့ ဇာဗီ

ယခုနှစ်အတွင်း အကောင်းဆုံး စုဖွဲ့မှု အဖြစ် ရပ်တည်နေတဲ့ Manchester United အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရေးဟာ ဘာစီလိုနာ အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်ကြောင်း ဖွင့်ဟ လိုက်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင် ရစေမယ့် အဓိက အချက်ကို သူ့ အသင်းသားတွေ အနေနဲ့ မဖြစ်မနေ လုပ်ဖို့ ဇာဗီ က အသိပေး ပြောဆိုလိုက်ပါတယ်။




ဘာစီလိုနာ နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နူးကမ့်မှာ ဆုံတွေ့စဉ် နှစ်ဂိုးစီ သရေကျခဲ့ပြီး အဆိုပါ နှစ်သင်းဟာ လက်ရှိ ရာသီ ယူရိုပါလိဂ်မှာ အင်အား အကောင်းဆုံး အသင်း နှစ်သင်း အဖြစ် သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။




နှစ်သင်းလုံး ယခင် အောင်မြင်မှုများကို ပြန်လည် ရရှိနိုင်ရေး အတွက် အသင်းသစ်များ တည်ဆောက် နေကြရတဲ့ အချိန်လည်း ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ကြာသပတေးနေ့မှာ ဘာဆာနဲ့




ယူရိုပါလိဂ် ဒုတိယ အကျော့ ပွဲစဥ် အဖြစ်ကစားပြီးရင် တနင်္ဂနွေနေ့မှာ နယူးကာဆယ်နဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲ ကစားရအုံးမှာ ဖြစ်ပါတယ်။ ဇာဗီရဲ့ ဘာစီလိုနာ အသင်းဟာ လာလီဂါမှာ ၈ မှတ် အသာနဲ့ ထိပ်ဆုံးမှ ဦးဆောင်နေပြီး မန်ချက်စတာ ယူနိုက်တက် က ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။




ဇာဗီ က- မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ပထမဆုံး ပြောရမယ့် စကားက ခက်ခဲမယ့် ပွဲ တစ်ပွဲ ဆိုတာပဲ ဖြစ်ပါတယ်၊ လက်ရှိ မန်ချက်စတာ ယူနိုက်တက် က နှစ်အတန်ကြာ အတွင်းမှာ သူတို့ရဲ့




အကောင်းဆုံး အသင်း တစ်သင်း ဖြစ်သလို ဥရောပရဲ့ အကောင်းဆုံး အသင်း တစ်သင်းလို့လည်း ဆိုလို့ရပါတယ်၊ သူတို့အသင်းက စိတ်ဓာတ်ပိုင်းရော အသင်းလိုက် ဟန်ချက် စိတ်အား ထက်သန်မှုရော အားလုံး ရှိတယ် ဆိုတာကို နူးကမ့်မှာ ကတည်းက ပြပြီးသားပါ။




Erik Ten Hag က ကောင်းကောင်းကြီး အလုပ်ကို လုပ်ထားပါတယ်၊ သူတို့ကို မှီအောင် ကျွန်တော်တို့ အများကြီး ကြိုးစား ကစားရမယ်။ ဘာစီလိုနာသည် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်များမှာ သုံးပွဲ ရှုံးနိမ့်ပြီး လာလီဂါမှာ ရှုံးပွဲတ စ်ပွဲသာ ရှိတာကြောင့် ဥရောပမှာ




ကစားရခြင်းဟာ ပို ခက်ခဲပါသလားဟု သတင်းသမားများက ကွန်ဒီကို မေးမြန်းခဲ့သည်၊ ခံစစ်မှူး ကွန်ဒီက ဖိအားကတော့ ပိုများပါတယ်၊ ဒါပေမယ့် ဒီလို ဖိအား များတာကိုပဲ နှစ်သက်တာပါ၊ ဘာဆာ အသင်းသားတွေ အပေါ်မှာ ယုံကြည်ချက် ရှိပါတယ်။ လို့ ပြောဆိုပါတယ်။




ဇာဗီက- ဆက်လက်ပြီး ဖိအားက နည်းပြချုပ် တစ်ဦး အနေနဲ့ ကျွန်တော့် အပေါ်မှာ ရှိနေမှာပါလို့ ကစားသမားတွေကို ပြောထားပါတယ်၊ အိုးလ်ထရက်ဖို့လို ပတ်ဝန်းကျင်မှာ ကစားဖူးတဲ့ အတွေ့အကြုံ ရဖို့ မလွယ်ပါဘူး။

တည်တည်ငြိမ်ငြိမ် နဲ့ စိတ်ထိန်းပြီး ကစားဖို့ ပြီးတော့ ကတ်စမဲရိုး၊ ဖရက်ဒ်၊ အထူးသဖြင့် ရပ်ရှ်ဖို့ဒ် ဆန်ချန်ချို သူတို့ လှုပ်မရအောင် လူကပ် ကစားပြီး ဖိအား ကြီးကြီး ပေးဖို့ အသင်းသားတွေကို မှာထားပါတယ်။ လို့ ဇာဗီ က ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။

credit