ဘာစီလိုနာ နဲ့ ဒုတိယ အကျော့ ရင်ဆိုင်ရမယ့် အပေါ် မှတ်ချက်ပေးရင်း ဖွင့်ဟ ဝန်ခံမှု တခု ပြောကြားခဲ့တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်က်တက် အသင်း နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က သူ အပါအဝင် ကစားသမားတွေ အားလုံး အိုးလ်ထရက်ဖို့ဒ် ကွင်းထဲမှာ ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင်သွားဖို့ အတွက် အရမ်း စိတ်လှုပ်ရှားနေကြောင်း ဆိုပါတယ်။
နူးကမ့် မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပလေးအော့ ပထမ အကျော့ ပွဲစဉ် အတွင်း တစ်ဘက် ၂ ဂိုးစီ သရေ ဖြစ်ခဲ့ပြီစ ဘာစီလိုနာ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ဒီနေ့မှာပဲ အိုးလ်ထရက်ဖို့ဒ် ကွင်းအတွင်မှာ
ဒုတိယ အကျော့ ပွဲစဉ်ကို ဆက်လက် ဆင်နွဲရမှာ ဖြစ်ပါတယ်၊ ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က- ကျွန်တော်တို့တွေ ငယ်စဉ် ကတည်းက ပွဲကြီး ပွဲကောင်း တွေမှာ ပါဝင် ကစားဖို့ အတွက် အိမ်မက် မက်ခဲ့ရ ဖူးပါတယ်၊ အခု ကျွန်တော်တို့
ဒီလို နေရာကို ရောက်နေပါပြီ၊ အခု ဖေဖော်ဝါရီပဲ ရှိသေးပေမယ့် ပွဲကြီး ပွဲကောင်းတွေပါ ရှိနေပါပြီ၊ ကျွန်တော်တို့ အားလုံး စိတ်လှုပ်ရှားနေကြပြီး အကောင်းဆုံး ဖြစ်လာအောင် ကြိုးစားသွားမှာပါ၊ လို့ပြောဆို သွားခဲ့ပါတယ်။
ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန် နဲ့ အတူ ညစာ စားဖြစ်ခဲ့ကြောင်းကိုလည်း အဲရစ် တန်ဟက်ဂ် က- ဆာအဲလက်စ် ရဲ့ပံ့ပိုး ကူညီမှုက အရမ်း ကြီးမားပါတယ်၊ ဗဟုသုတ နဲ့ အတွေ့အကြုံ ကြွယ်ဝလွန်းတဲ့ သူတွေနဲ့ စကားပြောရတာ
နှစ်သက်ပါတယ်၊ သူက ဒါတွေကို ဝေမျှချင်တယ်၊ သူက ကူညီ ပံ့ပိုးချင်တယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက သူရဲ့ကလပ် သူရဲ့ အရေးပါတဲ့ အရာလို့ ခံယူထားတယ်၊ ကျွန်တော်တို့ ကိုလည်း အောင်မြင် စေချင်တယ်၊ အရမ်း ကောင်းမွန်တဲ့ ည တစ်ညပါပဲ။ လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
အဲရစ် တန်ဟက်ဂ် ဟာ ဒီနှစ် ဘောလုံး ရာသီမှာ အေဂျက်စ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်ရှိလာတာ ဖြစ်ပြီး အသင်းကို အကောင်းဆုံး ပုံစံ ရရှိအောင် ကိုင်တွယ်နိုင်ခဲ့သလို လက်ရှိ ပွဲပေါင်း ၃၈ ပွဲ ကိုင်တွယ်ထားပြီး နိုင်ပွဲ ၇၁.၁ % စွမ်းဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။
credit