အသင်းနဲ့ အသင်းသားတွေရဲ့ တိုးတက်လာမှု အပေါ် မှတ်ချက်ပေးလာတဲ့ ဗာရန်း

မန်ချက်စတာ ယူနိုက်တက် ဗဟို နောက်ခံလူ ဗာရန်း က ပြီးခဲ့တဲ့ ရာသီကထက် ဒီရာသီမှာ နည်းစနစ်ပိုင်း စည်းကမ်းတကျ ကစားနိုင်လာကြောင်း ပြောဆိုလိုက်ပါတယ်။ အဲရစ် တန်ဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် ကို စရောက်ချင်းမှာပဲ




စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပြီး စည်းကမ်းလိုက်နာမှုပိုင်း အားနည်းတဲ့ အသင််းသားတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ် ပေးသလို ကစားကွက်မှာ အံမဝင်တဲ့ သူတွေကိုလည်း တွေဝေ တွန့်ဆုတ်ခြင်း မရှိ အရံခုံကို ပို့ပြီး




ရလဒ် အနေနဲ့ အခုချိန်မှာ မန်ချက်စတာ ယူနိုက်တက် တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် 3 နေရာမှာ ရပ်တည် နေရပြီလည်း ဖြစ်ပါတယ်၊ အခြား ပြိုင်ပွဲ သုံးခုမှာလည်း ဆက်လက် ယှဥ်ပြိုင်နေဆဲ တစ်ခုတည်းသော ပရီးမီးယားလိဂ် ကလပ် ဖြစ်ပါတယ်။




ယခုတော့ ဗာရန်း က မနှစ်ကထက် တိုးတက်လာတာ နဲ့ ပတ်သက််ပြီး- ပထမဆုံး အရေးကြီိးတာက ယုံကြည်မှု၊ ဒုတိယက စည်းကမ်း သေဝပ်မှုလို့ ကျွန်တော် ထင်ပါတယ်၊ နည်းစနစ်ပိုင်း အရဆို ကျွန်တော်တို့ စည်းကမ်းတွေကို အတိအကျ လိုက််နာရတယ်။




ကျွန်တော်တို့ ဘယ်လို ကစားရမလဲ၊ ပွဲစဥ်ကို ဘယ်လို စီမံ ခန့်ခွဲရမလဲ အတိအကျ သိနေကြပါပြီ၊ အသင်းမှာ အရည်အသွေး ကောင်းသူတွေ ရှိပြီးသားပါ၊ အခုတော့ ကျွန်တော်တို့ဟာ အတွေ့အကြုံတွေနဲ့ ယှဥ်ပြိုင််လိုစိတ် တွေပါ တိုးတက် အားကောင်းလာတယ်။




ပြီးခဲ့တဲ့ ရာသီနဲ့ ယှဥ်လိုက်ရင် အဲ့တာက ကျွန််တော်တို့ရဲ့ အကြီးမားဆုံး ခြားနားမှုပါ၊ ပြီးခဲ့တဲ့ လတွေတုန်းက ကျွန်တော်တို့ အတော် တိုးတက််လာတယ်၊ အရင်ကထက် ယုံကြည်မှု အပြည့်နဲ့ ကစားနိုင်ကြတယ်။ လို့ ပြောကြား သွားခဲ့ပါတယ်။

credit