ဘာစီလိုနာနဲ့ ပွဲစဥ် မစတင်မီ မန်ချက်စတာ ယူနိုက်တက် အသင်းကို အံအားသင့်ဖွယ် တောင်းဆိုမှု ပြုလုပ်ခဲ့ကြတဲ့ ယူနိုက်တက် ပရိတ်သတ်များ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ယနေ့ည အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့် ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ် play – off ဒုတိယ အကျော့ ပွဲစဉ် မတိုင်ခင် အသင်းကို အံ့အားသင့်ဖွယ် တောင်းဆိုမှု တခု ပြုလုပ်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




ပြီးခဲ့တဲ့ အပတ်က နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ ပထမ အကျော့ ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ပုံစံကောင်း ပြသနိုင်ခဲ့တာ ဖြစ်ပြီး ပုံစံကောင်း ရရှိနေတဲ့ ရပ်ရှ်ဖို့ဒ်ကြောင့် အလွန်ဆို ရဲ့အဖွင့်ဂိုး အပြီး ၁၀ မိနစ် အတွင်း နှစ်ဂိုးထိ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၇၆ မိနစ်မှာ




ရာဖင်ညာ က ဘာစီလိုနာ အသင်း အတွက် အရေးကြီးတဲ့ ချေပဂိုးကို ပြန်လည် သွင်းယူ ပေးနိုင်ခဲ့တာကြောင့်သာ ဇာဗီ ရဲ့အသင်း အနေနဲ့ အိမ်ကွင်း ရှုံးပွဲနဲ့ ရင်မဆိုင် ခဲ့ရတာ ဖြစ်ပါတယ်။ ဇာဗီ က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယနေ့ည ယှဉ်ပြိုင် ကစားသွားမယ့်




ပွဲစဉ် အတွက် ပွဲ အစီအစဉ်နဲ့ ပုံမှန် ခြေစွမ်း ရရှိနေတဲ့ မရပ်ရှ်ဖို့ဒ် ရဲ့ တိုက်စစ် စွမ်းရည်ကို မေးခွန်းထုတ် ခံခဲ့ရချိန်မှာ ပြီးခဲ့တဲ့ အပတ်က နူးကမ့်မှာ ဂိုးသွင်းယူ နိုင်ခဲ့တဲ့ အင်္ဂလန် ကြယ်ပွင့်အတွက် ချီးကျူး စကားပါ ပြောကြားခဲ့ပါတယ်။ သူက ထူးခြားတဲ့ ကစားသမားပါ။




အရမ်း ကောင်းမွန်တဲ့ ခြေစွမ်း ရှိနေပြီး ဂိုးတွေ သွင်းယူ နေပါတယ်၊ သူက မန်ချက်စတာ ယူနိုက်တက် အတွက် ကွဲပြားမှု ခြားနားမှု တွေကို ပြုလုပ် ပေးနေသူပါ၊ ဒါပေမယ့် အဲဒါပါပဲ၊ ကျွန်တော်တို့ ခံစစ်ပိုင်းမှာ လုပ်နေတာ တွေကို လုပ်ဖို့ ကြိုးပမ်းပြီး ကျွန်တော်တို့ရဲ့




ကိုယ်ရည် ကိုယ်သွေးကို ပြသ သွားမှာပါ၊ ဒါပေမယ့်လို့ သူက ကျွန်တော်တို့ မျက်စိ ဒေါက်ထောက် ကြည့်နေဖို့ လိုအပ်တဲ့ ကစားသမားပါ။ လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက်တွေ အတွက် ပျော်ရွှင်စရာ နေရာ မဟုတ်တဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းကို လာရောက်ရမယ့်




ဇာဗီ နဲ့ ဘာစီလိုနာ အတွက် နောက်ထပ် စိုးရိမ်စရာ တခုကလည်း ရှိနေပြီး အဲဒါကတော့ ၁၂ ယောက်မြောက် ကစားသမားလို့ တင်စားကြတဲ့ ပရိသတ်တွေပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ ဘာစီလိုနာ နဲ့ ယနေ့ည ၈ နာရီ မြန်မာ စံတော်ချိန်




နံနက် ၂ နာရီ ၃၀ မိနစ်မှာ ကစားရမယ့် ပွဲစဉ် မတိုင်ခင် အိုးလ်ထရက်ဖို့ဒ် ကွင်းထဲက ပတ်ဝန်းကျင်ရဲ့ အငွေ့အသက်ကို စတင် တည်ဆောက်နိုင်ဖို့ အတွက် ပွဲမ ကစားမီ ၁၅ မိနစ်အလိုမှာ ကွင်းအတွင်းက သီချင်းသံတွေ အားလုံး ပိတ်ထားဖို့ တောင်းဆိုခဲ့တယ်လို့




Centredevils လို့ အမည်ရတဲ့ တွစ်တာ စာမျက်နှာက ဖော်ပြသွား ခဲ့ပါတယ်၊ ဒီသတင်းသာ အမှန်တကယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အင်တိုက် အားတိုက် အားပေးသံတွေ၊ ကြွေးကြော်သံတွေနဲ့ ကျွက်ကွက် ဆူနေတဲ့

အိုးလ်ထရက်ဖို့ဒ် ကွင်းထဲက စိမ်းမြမြ မြက်ခင်းပြင်ပေါ် ကတ်တလန်သားတွေ အနေနဲ့ ခြေလှမ်း တစ်လှမ်း လှမ်းဖို့ အတွက်တောင် တော်တော်လေး သွေးပျက် ခြောက်ခြားစရာ ကောင်းလာတော့မှာ ဖြစ်ပါတယ်။

credit