ဒီ တကြိမ် ကိုရီး မပါဘူးနော် ဆိုပြီး ရုန်းရင်ဆန်ခတ် ဖြစ်ချိန် ရှောင်နေတဲ့ ကတ်စမဲရိုး ကို ‌မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်များ စနောက်နေ

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အိမ်ကွင်းမှာ ဘာစီလိုနာ အသင်းကို ချေပ ဂိုးနဲ့ အနိုင် ဂိုးတွေ လိုက်သွင်းပြီး 2-1 နဲ့ အနိုင် ကစားကာ နှစ်ကျော့ပေါင်း ရလဒ် 4-3 နဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို




တက်လှမ်း သွားခဲ့ပြီ ဖြစ်ပါတယ်၊ ဒီပွဲမှာ လီဝန် ဒေါစကီး က ပင်နယ်တီက တဆင့် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဒီအတွက် မန်ချက်စတာ ယူနိုက်တက် အတွက် ဖရက်ဒ် က ချေပဂိုး သွင်းကာ အန်တိုနီ က အနိုင်ဂိုးကို




သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်၊ ဒီပွဲစဥ်ရဲ့ ဒုတိယပိုင်း မှာတော့ နှစ်ဘက် အသင်းသားတွေကြား မကြာခဏ ဆိုသလို ရုန်းရင်း ဆန်ခတ်တွေ ဖြစ်ပွားခဲ့ပြီး ပထမ တကြိမ် မှာတော့ ဒီဂျောင် လဲကျသွားချိန်မှာ




ဘရူနို ဖာနန်ဒက်စ် က ဘောလုံးကို ပိတ်ကန်မိရာမှာ ဒီဂျောင် ကို ထိမှန်ခဲ့လို့ ဘာစီလိုနာ အသင်းသားတွေက တမင်သက်သက် ကန်တယ်လို့ ယူဆကာ ဖာနန်ဒက်စ် ကို ဝိုင်းဝန်း ရန်ပြုဖို့ ကြိုးစားခဲ့ ကြပါတယ်။




ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ကလည်း ဖာနန်ဒက်စ် ကို ရန်မပြုနိုင်အောင် ကြားက ဝင်ဟန့်တား ပေးခဲ့ရပါတယ်၊ ဒီအချိန်မှာ ထူးထူး ခြားခြား ဆိုသလိုပါပဲ၊ ကွင်းလယ် လူကြမ်းကြီး




တစ်ဦး ဖြစ်တဲ့ ကတ်စ်းမဲရိုး ကတော့ ရန်ပွဲကို သူနဲ့ မဆိုင် သလိုဘဲ ဘေးနားမှာ ရှိနေခဲ့ပြီး လုံး၀ကို ပါဝင် ပတ်သက်ခြင်း မရှိခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ်၊ ပရိသတ်တွေ ကတော့

ကတ်စမဲရိုး ရဲ့ အဖြစ်အပျက်ကို ရယ်မော ခဲ့ကြပြီး စနောက် နေကြပါတယ်၊ ကတ်မဲရိုး ဟာ ပရီးမီးယားလိဂ် ပွဲစဥ် အဖြစ် ခရစ္စတယ် ပဲလေ့စ် နဲ့ ရင်ဆိုင်ခဲ့စဉ်က အခုလိုပဲ နှစ်ဘက် အသင်းကြား ရုန်းရင်းဆန်ခတ်




ဖြစ်ချိန်မှာ ပွဲထဲ ဝင်ပါခဲ့ပြီး ပြိုင်ဘက် ကစားသမားကို လည်ပင်းညှစ်လို့ ဆိုကာ အနီကတ် ပြသ ခံခဲ့ရဖူးပြီး အခုမှသာ ပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက် ခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီ တကြိမ် ရန်ပွဲတွေမှာတော့




ကတ်စမဲရိုး က အသင်းဖော်တွေနဲ့ အတူတူ ပါဝင်တာမျိုး မရှိတော့ဘဲ သူ ဝင်ပါရင် အနီကတ် ထိမှာကို တွေးပြီး ဘေးမှာပဲ နေနေခဲ့တယ်လို့ ပရိသတ်တွေက စနောက် နေကြပါတယ်၊ ပုံမှန်အားဖြင့်

ပြိုင်ဘက် ကစားသမားတွေနဲ့ အသင်းဖော်တွေကြား ဒီလို ဖြစ်တိုင်း ရှေ့ဆုံးက ရှိနေတဲ့ သူ့ကို အဲဒီလို မမြင်တွေ့ ရတာလည်း တမျိုးတမည် ဖြစ်နေခဲ့ ရပါတယ်။

credit