အိုးလ်ထရက်ဖို့ဒ်မှာ လာရှုပ်လို့ မရကြောင်း ပြသခဲ့တဲ့ ပွဲမှ Manchester United အသင်းသားတွေရဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်
|Premier League Super club Manchester United အသင်းဟာ ယနေ့ နံနက် ယူရိုပါလိဂ် 32 သင််း အဆင့် ရှုံးထွက် ပွဲစဥ် ဒုတိယ အကျော့ကို အိုးလ်ထရပ်ဖို့ဒ်မှာ လာလီဂါ နံပါတ် တစ် ဘာစီလိုနာ အသင််းကို
ဧည့်ခံ ကစားခဲ့ပြီး 2-1 ရလဒ် နဲ့ အနိုင်ရခဲ့ပါတယ်၊ ဒီပွဲမှာ ဘာစီလိုနာမှ အဓိက တိုက်စစ်မှူး လီဝန် ဒေါစကီး က ပွဲချိန် 18 မိနစ် မှာ ပင်နယ်တီ သွင်းဂိုး ရယူပြီး ဦးဆောင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်းမှာ Manchester United က
အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ဖရက်ဒ်၊ အန်တိုနီ တို့ သွင်း ဂိုးတွေနဲ့ အနိုင် ရယူခဲ့ကြပါတယ်၊ ဒီရလဒ်ကြောင့် Manchester United ဟာ နှစ်ကျော့ပေါင််း 4-3 နဲ့ ယူရို ပါလိဂ် 16 သင်းအဆင့်ကို တက်ရောက်ခဲ့ပါပြီ။
ဒါ့အပြင်် အိမ်ကွင်းမှာ လိဒ်စ် အသင်းက လွဲရင် 16 ပွဲ ဆက် 15 ပွဲနိုင် မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်၊အိုးလ်ထရပ်ဖို့ဒ်မှာ လာရှုပ်လို့ မရကြောင်း ပြသခဲ့ကြတဲ့ ပွဲစဥ်မှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြ သလဲ ဖော်ပြပေးလိုက်ပါတယ်။
ဒီဂီယာ 6 ပင်နယ်တီ ကို မိမိရရ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ သင့်ပါတယ်၊ ပေါ့ဆတဲ့ ပေးပို့မှု တစ်ကြိမ် လုပ်ခဲ့ပြီး ကတ်စမဲရိုးကြောင့် သက်သာရာ ရခဲ့ပြီး ဒါက လွဲရင် ကောင်းမွန်တဲ့ ကာကွယ်မှု အချို့ ပြသခဲ့ပါတယ်။
ဝမ် ဘစ်ဆာကာ 7 တိုက်စစ်မှာရော ခံစစ်မှာပါ ကစားပုံ ကောင်းမွန်ခဲ့ပြီး အန်တိုနီနဲ့ အတွဲ အဖက် ညီညီ ကစား နိုင်ခဲ့ပါတယ်၊ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင် ပြသခဲ့ပါတယ်။
ဗာရန်း 8 အသင်းရဲ့ ကစားပုံ သိပ်မကောင်းတဲ့ ပထမပိုင်းမှာ တည်ငြိမ်တဲ့ ကစားဟန် ပြခဲ့ပြီး ပြိုင်ဘက် တိုက််စစ်ကို အကောင်းဆုံး ခုခံနိုင်ခဲ့ပါတယ်၊ ပွဲပြီး အောင််ပွဲ ခံခဲ့ပုံက ပရိသတ်တွေရဲ့ ရင်ကို ထိစေခဲ့ပါတယ်။
မာတီနက်ဇ် 7 ခံစစ် ကစားပုံ မာကျောခဲ့ပြီး ပထမပိုင်း အနည်းငယ်် အခက်တွေ့ခဲ့ ရပေမယ့် ဒုတိယပိုင်း ပိုကောင်းပြခဲ့ပြီး နေရာလွတ် များစွာ ရရှိစေခဲ့ပါတယ်။
လုခ်ရှော 7 ပထမပိုင်း အတွင်း ဂိုးပေါက် ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့တာက လွဲရင် သိပ်မထူးကဲခဲ့ပါဘူး၊ ဒုတိယပိုင်း ပိုကောင််းခဲ့ပြီး အသင်းရဲ့ သွင်းဂိုးနဲ့ ပါဝင် ပတ်သက် နိုင်ခဲ့ပါတယ်။
ကတ်စမဲရို 8 ဘရူနို ဖာနန်ဒက်စ် အတွက် အခွင့်အရေး ဖန်တီးနိုင်ခဲ့ သလို အဖိုးတန်် ပိတ်ဆို့မှု နှစ်ကြိမ်ကိုလည်း လုပ်ဆောင် နိုင်ခဲ့ပါတယ်၊ သူ့ရဲ့ အတွေ့အကြုံနဲ့ သမ္ဘာက အသင်း အတွက် အကျိုး ဖြစ်စေခဲ့ပါတယ်။
ဖရက်ဒ် 8 အနားမှာ ကတ်စမဲရိုး ရှိနေမှ ပြည့်စုံနေတတ်တဲ့ ကွင်းလယ်လူက ဒီပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ခြေပဂိုး ဖန်တီးပေး ခဲ့သလို ပြိုင်ဘက်ကို လွန်စွာ ဖိိအားပေး ကစား နိုင်ခဲ့ပါတယ်။
ဘရူနို 6 အစောပိုင်း မိနစ်မှာ ဂိုးသွင်းယူ နိုင်ခဲ့သင့်ပြီး ပြိုင််ဘက်ရဲ့ ပစ်မှတ်ထား ကစားခြင်းကို ခံခဲ့ရကာ အကောင််းဆုံး ခြေစွမ်း ပြဖို့ အခက်တွေ့ခဲ့ ရပါတယ်။
ဆန်ချို 5 ပွဲထွက်ခွင့် ရသင့်ပြီ ဆိုတဲ့ မှတ်ချက် ပေးမှုတွေအောက်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့် ထူးကဲတဲ့ စွမ်းဆောင်ရည်မျိုး ဒီပွဲစဉ်မှာ မပြသ နိုင်ခဲ့ပါဘူး။ လူစားဝင် ကစားတာပဲ ပို ကောင်းတယ်လို့ ယူဆရပါတယ်။
ရပ်ရှ်ဖို့ 6 ပွဲတိုင်းကျော် တိုက်စစ်မှူးဟာ ဘရူနို နည်းတူ ပြိုင်ဘက် အသင်းရဲ့ ပစ်မှတ်ထား ကစားခြင်းကို ခံခဲ့ရပါတယ်၊ ပြိုင်ဘက် ခံစစ်ကို အလုပ်များ စေခဲ့ပါတယ်။
ဝဂ်ဟော့စ် 4 အညံ့ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်၊ ကာယပိုင်း အသားပေးပြီး အစောပိုင်း မိနစ်မှာ ကောင်းပြနိုင်ခဲ့ ပါသေးတယ်၊ ဒါပေမယ့် စွမ်းဆောင်ရည် မထူးကဲတဲ့ အတွက်် ဒုတိယပိုင်းမှာ လူစားလဲ ခံခဲ့ရပါတယ်။ လူစားဝင်ကစားသမားမျာ- အန်တိုနီ 8၊ ဂါနာချို 6၊ ဒါလော့ 6၊ တွမ်မီနေး 6 တို့ပဲ ဖြစ်ပါတယ်။
credit