ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် ခြင်္သေ့ရှုံး ရှုံးတာကြောင့် သူရဲကောင်း ဆန်သည်ဟု ဆိုလာတဲ့ ဘာစီလိုနာ နည်းပြ

ယနေ့ နံနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ရဲ့ ယူရိုပါလိဂ် ၃၂ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် က ဒုတိယပိုင်း သွင်းဂိုးနဲ့




ဘာစီလိုနာ ကို ၂-၁ နဲ့ အနိုင် ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၄-၃ နဲ့ နောက်တဆင့် တက်ရောက် သွားခဲ့ပါတယ်၊ လတ်တလောမှာ ခြေစွမ်း ကောင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ အသင်း နှစ်သင်း




ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်က ယူရိုပါလိဂ် ပြိုင်ပွဲ ၃၂ သင်း အဆင့်ရဲ့ အကောင်းဆုံးပွဲ အဖြစ် သတ်မှတ် ခံခဲ့ရပြီး ပထမ အကျော့ အဖြစ် ဘာစီလိုနာ အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင် ကစားခဲ့ရာ မှာလည်း တဖက် ၂ ဂိုးစီ




သရေ ကျခဲ့ပေမယ့် ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေမှု ပေးခဲ့ပါတယ်၊ ပထမ အကျော့မှာ သရေ ကျခဲ့တာကြောင့် ဒုတိယ အကျော့ အဖြစ် မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ




ကစားရတဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ၁၆ သင်း ရှုံးထွက် အဆင့်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး နောက်တဆင့် တက်ရေး အတွက် အရေးပါတဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် က ဘရာဇီးလ် ညီနောင် ဖြစ်တဲ့




ဖရက်ဒ်၊ အန်တိုနီ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဘာစီလိုနာ ကို အနိုင် ရခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘာစီလိုနာ ပွဲစဉ်မှာ နှစ်သင်းလုံး ဘတပြန် ကျားတပြန် တိုက်စစ်ဖွင့် ကစားသွားခဲ့ပြီး ပထမပိုင်းမှာ




ဧည့်သည် ဘာစီလိုနာ က ခြေပို သာခဲ့ကာ ဒုတိယပိုင်း မှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် က ခြေပိုသာ ခဲ့ပါတယ်၊ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ကို ခြေရည်တူ အသင်းတွေ အဖြစ်




သတ်မှတ်လို့ ရပြီး ဘာစီလိုနာ နည်းပြ ဇာဗီ ကလည်း မန်ချက်စတာ ယူနိုက်တက် ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရပြီးနောက် သူတို့ အသင်းဟာ ရလဒ်ကောင်း တခုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ပြီး ရှုံးခဲ့တာ ဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ်၊ ဇာဗီ က-




ဒီလိုမျိုး ခြေရည်တူ အသင်းတွေ တွေ့ကြတဲ့ ရှုံးထွက် ပွဲစဉ်မှာ အသေးစိတ် ကျတဲ့ ကိစ္စ တချို့က ပွဲရဲ့ အဖြေကို ပြောင်းလဲပေး သွားတာပါ၊ ကျွန်‌တော်တို့ မညံ့ခဲ့ပါဘူး၊ ခြင်္သေ့ရှုံး ရှုံးခဲ့တာမို့ ကျွန်တော်တို့ သူရဲကောင်းတွေ အဖြစ် ရှိနေဆဲပါပဲ။




ဒီနေ့ပွဲမှာ ကျွန်တော်တို့ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ ဆိုရင် ဒီထက် ပိုကောင်းတဲ့ ရလဒ် ရခဲ့သင့်တာပါ၊ ဒီလိုပဲ မြင်မိပါတယ်၊ ၁-၁ ဖြစ်သွားစေတဲ့ သွင်းဂိုးက ကျွန်တော်တို့ကို ထိခိုက် စေခဲ့တာပါ၊ ကျွန်တော်တို့ ဘောလုံး ဆုံးရှုံးလိုက်ရတဲ့ အချိန်မှာ




သူတို့ ချေပဂိုး ပြန်သွင်းနိုင်ခဲ့တယ်၊ ဒုတိယပိုင်း သူတို့ ကစားအား ပိုတက်လာတယ်၊ ကျွန်တော်တို့နဲ့ ဘောလုံး ယှဉ်လုတိုင်း သူတို့ကပဲ အသာစီး ရခဲ့တယ်၊ ဒါပေမယ့် ဒီပွဲက ခြေရည် တူတဲ့ ပွဲပါ။ ကျွန်တော်တို့ ဘောလုံးကို

သက်တောင့် သက်သာ ကစားနိုင်ခဲ့ ကြတယ်‌လေ၊ ဒါကြောင့် ရှုံးပွဲ အတွက် စိတ်ပျက် မိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ လက်ကျန် ပွဲတွေ အတွက် အာရုံစိုက်ဖို့ လိုပါတယ်။ လို့ ထုတ်ဖော် ပြောကြားသွား ခဲ့တာပါ။

credit