ဘာစီလိုနာ ကို အနိုင်ယူဖို့ ပွဲစဉ်ရဲ့ အလှည့်အပြောင်း အတွက် အသင်းသားတွေကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ပြောလာတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ
|မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟဂ် က ဘာစီလိုနာ အသင်းကို comeback နဲ့ နိုင်ပွဲရရှိ အပြီး ပထမပိုင်း ရှုံးနိမ့်ခဲ့ချိန်မှာ ပွဲ အလှည့်အပြောင်း အတွက် အသင်းသားတွေကို ဘာပြောခဲ့သလဲ ဆိုတာ အသိပေးလာပါတယ်။
Manchester United အသင်းဟာ အိုးလ်ထရပ်ဖို့ဒ်မှာ ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ် 32 သင်း ရှုံးထွက် အဆင့် ဒုတိယ အကျော့ကို ဧည့်ခံ ကစားခဲ့ပြီး 2-1 နဲ့ အနိုင် ရယူကာ နှစ်ကျော့ပေါင်း 4-3 နဲ့ နောက်တစ်ဆင့် တက်ရောက် နိုင်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဒီပွဲစဉ်ဟာ ထင်သလောက် မလွယ်ကူ ဖြစ်ခဲ့ပြီး ပွဲချိန် 18 မိနစ်မှာပဲ ပင်နယ်တီ ပေးခဲ့ရပြီး လီဝန် ဒေါစကီး က ဂိုးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်၊ ပထမပိုင်း အတွင်း
ဘာစီလိုနာ အသင်းဟာ ဘောလုံးကိုင်ကာ အလျင်း သင့်သလို ဖိအားပေး ကစားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်် အသင်း ချေပဂိုး ရရှိဖို့ ခက်ခဲခဲ့ရပြီး ဒုတိယပိုင်းမှ ပွဲစဉ်ကို အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။ ယခုတော့
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အသင််းသားတွေ အဝတ်လဲခန်းထဲ ဝင်လာချိန်မှာ ဒီပွဲကို ငါတို့ အနိုင််ယူနိုင်တယ်၊ မိမိ ကိုယ်ကို ယုံကြည်မှု ရှိဖို့ပဲ လိုအပ်တယ်လို့ ပြောဆိုခဲ့ကြောင်း ပွဲအပြီးမှာ ဖွင့်ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ယုံကြည်မှု ထားရှိကြဖို့ ကျွန်တော် အလေးပေး ပြောခဲ့ပါတယ်၊ ပထမပိုင်းမှာ တကယ့်ကို လိုအပ်ချက််တွေ ရှိခဲ့တယ်၊ ကျွန်တော်တို့ အသင်းမှာ ကတ်စမဲရိုးက spare ကစားသမား အဖြစ် ရှိနေခဲ့တယ်၊ ဒါပေမယ့် သူ့ကို ကောင်းကောင်း မသုံးပြနိုင်ခဲ့ဘူး။
ဝမ်ဘစ်ဆာကာ လည်း ညာခြမ်းမှာ နေရာလွတ်တွေ အများကြီး ပိုင်ဆိုင်ခဲ့တယ်၊ အသုံးမချ နိုင်ခဲ့ဘူး ဖိအားပေး တိုက််စစ်ဆင် ကစားရာမှာတော့ ကျွန်တော်တို့ ပိုပြီး ရဲရင့်ခဲ့ ကြပါတယ်၊ အဲ့လို ဆက် ကစားဖို့ ပြောခဲ့တယ်။ အခွင့်အရေး ရလာတာနဲ့
ပေးဆပ်် ကစားဖို့ အကောင်းဆုံး ပါဝင် ပတ်သက် ပေးနိုင်ဖို့ လိုပါတယ်၊ ကစားသမား xi ယောက်ထဲနဲ့ ဖလား ယူလို့ မရနိုင်ဘူး၊ ကျွန်တော်တို့ ဒီကစားသမား စာရင်း နဲ့ အလှည့်ကျ ကစားရေးမှာ တာဝန်ကျေဖို့ လိုအပ်တယ်။ လို့ ပြောကြားခဲ့ တာပဲ ဖြစ်ပါတယ်။
credit