လာမယ့် တနင်္ဂနွေမှာ ရင်ဆိုင် ကစားမယ့် နယူးကာဆယ်နဲ့ ပွဲစဉ် မတိုင်မီ သူ့ရဲ့ အဓိက ပစ်မှတ်ကို ထုတ်ပြောလိုက်တဲ့ အန်တိုနီ

Manchester United တောင်ပံတိုက်စစ် ကစားသမား အန်တိုနီ က လာမယ့် တနင်္ဂနွေနေ့ ညမှာ နယူးကာဆယ် နဲ့ ကစားရမယ့် ကာရာဘောင် ဖလား ဗိုလ်လုပွဲ ကစားရဖို့ အတွက် မစောင့်နိုင် တော့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ပထမဦးဆုံး ဗိုလ်လုပွဲကို ယခုတပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် ဟာ ဗိုလ်လုပွဲကို ဝင်ဘလေ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် ဟာ ဆုဖလား ငတ်မွတ် နေကြသလို နှစ်သင်းလုံးက ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ ရရှိထားတာကြောင့် ထိပ်တိုက် တွေ့ဆုံနေတဲ့ ဗိုလ်လုပွဲမှာ ဘယ်အသင်းက အသာစီး ရသွားမလဲ စိတ်ဝင်စားဖွယ် ရှိနေပါတယ်။




ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ယနေ့ နံနက် အစောပိုင်းမှာ ဘာစီလိုနာ ကို အနိုင်ယူထားတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ နယူးကာဆယ် ကို အနိုင်ရပြီး ကာရာဘောင် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။




မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘာစီလိုနာ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ အန်တိုနီ ကလည်း ကာရာဘောင် ဗိုလ်လုပွဲကို ကစားဖို့ မစောင့်နိုင်တော့ကြောင်း




Manchester United က ကာရာဘောင် ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည် ထားကြောင်း ဆိုပါတယ်။ အန်တိုနီ က- ကျွန်တော်က ကာရာဘောင် ဗိုလ်လုပွဲကို ကစားဖို့ မစောင့်နိုင် တော့ပါဘူး၊ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး အကြိမ်




ဗိုလ်လု ပွဲစဥ်ကို ဝင်ကစားရဖို့ကို အတော်လေးလည်း စိတ်လှုပ်ရှား နေမိတယ်၊ ကျွန်တော်တို့ ဗိုလ်လုပွဲမှာ ခြေစွမ်း ကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်ထား သလို အိမ်ကို ဆုဖလားကြီး သယ်သွားနိုင်မယ် လို့လည်း ယုံကြည် ထားပါတယ်။ လို့ ပြောကြားသွား ခဲ့ပါတယ်။

credit