နယူးကာဆယ် အသင်းရဲ့ ကစားပုံကို သုံးသပ်လိုက်ပြီး ပျင်းရိမိကြောင်း ဖွင့်ထုတ် ပြောဆိုလိုက်တဲ့ Erik Ten Hag
|မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က နယူးကာဆယ် အသင်းဟာ အရမ်း ပျင်းရိစရာ ကောင်းတဲ့ ကစားပုံနဲ့ အသင်း ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ကာရာဘောင် ဖလား ဗိုလ်လု ပွဲစဥ်မှာ
အချိန်ဆွဲ ကစားမယ့် အပေါ် စိုးရိမ်မိတဲ့ အကြောင်း ဖွင့်ဟ ပြောဆိုပါတယ်၊ အဆိုပါ အသင်း နှစ်သင်းဟာ ဒီရာသီမှာ ပထမဆုံး ဆုဖလား တစ်လုံး အတွက် ဝင်ဘလေ ကွင်းမှာ အပြိုင် ဆင်နွှဲရတော့မှာ ဖြစ်ပါတယ်။
လီဗာပူး နည်းပြချုပ် ယာဂန် ကလော့ပ်၊ အာဆင်နယ် နည်းပြချုပ် မီခေးလ် အာတီတာ တို့ကလည်း နယူးကာဆယ် အသင်းရဲ့ ကစားဟန်ကို စိတ်ပျက်မိတယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ ဖူးပါတယ်၊ အချက်အလက်တွေ အရ
နယူးကာဆယ် အသင်း ကစားတဲ့ ပုံစံ ၎င်းတို့အသင်းရဲ့ ပွဲစဉ် တပွဲဟာ ပျမ်းမျှ ဘောလုံး ကစားရတာ ၅၁ မိနစ်နဲ့ ၄၇ စက္ကန့်သာ ရှိပြီး ဒါဟာ လိဒ် ယူနိုက်တက် အသင်းက လွဲရင် ကျန် အသင်း အားလုံးထက်ကို
နည်းပါးတဲ့ အချိန်လည်း ဖြစ်ပါတယ်၊ ဒါဟာ နယူးကာဆယ် အနေနဲ့ မိနစ်ပေါင်း ၄၀ နီးပါး အချိန်ဆွဲ ဖြုန်းတီးနေတာ ဖြစ်ပါတယ်။ Manchester United နည်းပြချုပ် Erik Ten Hag က-
သူတို့နဲ့ ကစားရတာက စိတ် အနှောင့်အယှက် ဖြစ်ရပါတယ်၊ ဒါကြောင့်မို့ အနိုင်ရဖို့ အတွက် နည်းလမ်းကို ရှာရပါမယ်၊ သူတို့ကတော့ ခင်ဗျားကို အနှောင့်အယှက် ဖြစ်အောင် လုပ်မှာပါပဲ၊ ကျနော်တို့ အနေနဲ့ ကိုယ့်ပွဲကို
ကောင်းကောင်း ကစားပြီး ပွဲစဥ် အပေါ် အာရုံစိုက်ဖို့ပဲ လိုပါတယ်၊ ကျနော်တို့ အနေနဲ့ ဒီပွဲကို ကျနော်တို့ ပွဲစဥ် ဖြစ်အောင် လုပ်ရမယ်၊ ဒါကြောင့် အလုပ်ကို အာရုံစိုက် ထားရပါမယ်၊ ကွင်းထဲမှာ ဘာတွေပဲ ဖြစ်နေနေ
တတ်နိုင်သမျှ အာရုံ မပြောင်းဖို့၊ ကျနော်တို့ သွားချင်တဲ့ လမ်းကြောင်းကို ရှာဖွေဖို့နဲ့ ပြီးတော့ တိုက်စစ်ဆင် နိုင်မယ့် အခိုက်အတန့် တွေကို ရှာဖွေ သွားရပါမယ်။ လို့ Erik Ten Hag က ပြောဆိုခဲ့ပြီး ၎င်းရဲ့
ကစားသမား တွေကိုလည်း ပွဲအရှိန် မြှင့်တင်ဖို့ အတွက် တိုက်တွန်း ပြောဆိုခဲ့တယ်။ လို့ Daily Mail သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ ဒီ ပွဲစဥ်ကိုသာ အနိုင်ရမယ် ဆိုရင် Erik Ten Hag က Manchester United
နည်းပြဘ၀ ပထမဆုံး ရာသီမှာပဲ ပထမဆုံး ဖြစ်တဲ့ ဆုဖလား တစ်လုံးကို ရယူ သွားနိုင်မှာ ဖြစ်ပါတယ်၊ Manchester United အသင်း အတွက်လည်း ၇ နှစ် အတွင်း ပထမဆုံး ဆွတ်ခူးတဲ့ ဆုဖလား ဖြစ်လာမှာပါ။
credit