မန်ချက်စတာ ယူနိုက်တက် အသင်းဖော်ထဲက အကောင်းဆုံး အကောင်းဆုံး ကစားသမားကို ရွေးချယ်ပေးလိုက်တဲ့ ကတ်စမဲရိုး

ကတ်စမဲရိုး က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား တွေထဲက တချို့နဲ့ အဝတ်လဲခန်းကို မျှဝေနေသူ ဖြစ်ပေမယ့် ကြယ်ပွင့် ကစားသမား တစ်ဦးက




ကျန်သူတွေ အားလုံးထက် ထူးခြားတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ ဘရာဇီးလ်းသား ကွင်းလယ်ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတဲ့ အချိန်တွေကို နှစ်သက်နေသူ ဖြစ်ပြီး




ပြီးခဲ့တဲ့ နွေရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ပေါင် သန်း ၇၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်၊ ကာစမဲရိုး ဟာ ဘာနေဗျူးမှာ ချန်ပီယံလိဂ် ဖလား ၅ ကြိမ်နဲ့ လာလီဂါ ဖလား ၃ ကြိမ် အထိ




အနိုင် ရရှိခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နောက်ထပ် ဆုဖလားတွေကို ကိုင်မြှောက် ချင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ ဘရာဇီးလ် ကွင်းလယ်လူဟာ ယခုရာသီ အတွင်း




မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆုဖလား စိန်ခေါ်သူတွေ အဖြစ် ပြောင်းလဲရာမှာ အကူအညီ ပေးနေတာကြောင့် လက်တွေ့ မကျတဲ့ ပန်းတိုင်တော့ မဟုတ်တော့တဲ့ပုံ ပေါ်နေတာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံ မန်စီးတီးနဲ့ ၃၅ မှတ် အကွာ အဆင့် ၆ နေရာမှာသာ ရာသီ ပြီးဆုံး နိုင်ခဲ့ပေမယ့် ယခု ရာသီမှာတော့ အမှတ်ပေးဇယာထိပ်က ဦးဆောင်လျှက်ရှိတဲ့




အာဆင်နယ်နဲ့ ၅ မှတ် အကွာ တတိယ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ကတ်စမဲရိုး က ယခုရာသီ မကုန်ခင် ဆုဖလားတွေ လက်ဝယ် ပိုင်ဆိုင်ချင်နေတာ ဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ် ပါဝင်နေမှုက




မန်ချက်စတာ ယူနိုက်တက် အသင်းကို ကောင်းမွန်တဲ့ နေရာမှာ ရပ်တည်စေ နိုင်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်းကို မလာခင်မှာ တီဗွီ ဖွင့်ပြီး သူတို့ ပွဲတွေကို ကြည့်ခဲ့တယ်၊ သူက အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။




သူက မန်ချက်စတာ ယူနိုက်တက် ကို တိုက်စစ် ဆင်နိုင်အောင်နဲ့ ကွင်းလယ်မှာ အသာစီးရအောင် ကူညီပေးနေတဲ့ လူတွေထဲက တစ်ဦးပါ၊ သူက အကူးအပြောင်းမှာ အစိတ်အပိုင်း တစ်ခု အဖြစ် ရှိနေပါတယ်၊ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ လို့ ပြောကြားသွား ခဲ့ပါတယ်။

credit