ကာ‌ရာဘောင် ဖလား ဖိုင်နယ် ပွဲစဉ်အတွက် သုံးသပ် ခန့်မှန်းချက် ထုတ်ပြန်လိုက်တဲ့ ရီယို ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပထမ ဦးစားပေး ဂိုးသမား နစ်ပုပ် မပါတဲ့ နယူးကာဆယ် အသင်းကို ကာရာဘောင် ဖလား ဖိုင်နယ် ပွဲစဉ်မှာ အနိုင်ရဖို့ ရီယို ဖာဒီနန် က ယုံကြည်နေပါတယ်၊ နစ်ပုပ် ဟာ လီဗာပူး ကို ရှုံးခဲ့တဲ့ ပွဲစဥ်မှာ




အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရ တာကြောင့် ဝင်ဘလေက ဗိုလ်လုပွဲကို လွဲချော်ခဲ့ ရတာပါ၊ ဒုတိယ ဦးစားပေး ဂိုးသမား ဒူဘရက်ကာ ကလည်း ကစားခွင့် မရတာနဲ့ အတူ လိုရစ် ကာရီးယပ် မက်ခ် ဂီလက်စ်ပိုင် တို့ထဲက တစ်ဦး ပွဲထွက်လာနိုင်ပါတယ်။




ဒီ ဖလားကို အောင်မြင်ဖို့ ဘာတွေ လိုအပ်လဲ ဆိုတာကို ကာရာဘောင် ဖလား အောင်မြင်ခဲ့ဖူးတဲ့ ရီယို ဖာဒီနန် က ဘာစီလိုနာ အသင်းကို အနိုင်ယူထားတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီပွဲကို ထပ်ပြီး အနိုင် ရရှိပြီး အဲရစ် တန်ဟက်ဂ် လက်ထက်




ပထမဆုံး ဖလားကို ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဖာဒီနန် က- ဒီ တပါတ် ဝင်ဘာလေ က ကာရာဘောင် ဖိုင်နယ်ပွဲမှာ ကျွန်တော် ရှိနေမှာပါ၊ နယူးကာဆယ် အသင်း အနေနဲ့ကတော့ အဆော် ခံရတော့မှာပါ၊ ဘာစီလိုနာ အသင်းနဲ့ ပွဲကို




၂-၁ လို့ ကျွန်တော် ပြောခဲ့တာ မှန်ခဲ့တယ်၊ နယူးကာဆယ် နဲ့ ပွဲကိုတော့ ၂-၀ လို့ ထင်ပါတယ်၊ နစ်ပုပ် မပါနိုင်ဘူး၊ ပြီးတော့ နယူးကာဆယ် က ခြေစွမ်း ပျောက်နေတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက ခြေစွမ်း ပြနေတယ်၊ ကျွန်တော်တို့




အခုချိန်မှာ အထွတ်အထိပ်ကို ရောက်နေတာပါ၊ ဒါပေမယ့် သိပ်ပြီး ဘဝင် မမြင့်နေပါဘူး၊ ဝင်ဘာလေမှာ တွေ့ကြမယ်။ လို့ ဖာဒီနန် က သုံးသပ် ခန့်မှန်းသွား ခဲ့ပါတယ်၊ ဆက်လက်ပြီး ဖာဒီနန် က နယူးကာဆယ် က နစ်ပုပ် မပါပဲ ကစားရမှာ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမား တချို့




ဒီပွဲစဥ်ကို လွဲချော်ရ နိုင်ပါတယ်၊ ဘာစီလိုနာနဲ့ ပွဲအပြီး ဒဏ်ရာရခဲ့ပုံ ပေါ်တဲ့ ရပ်ရှ်ဖို့ဒ် ကိုလည်း စောင့်ကြည့် ရဦးမှာပါ၊ ရပ်ရှ်ဖိုဒ့် ဒဏ်ရာနဲ့ ပတ်သက်ပြီး အဲရစ် တန်ဟက်ဂ် က ကျွန်တော်မသိဘူး၊ ဆေးအဖွဲ့နဲ့ တိုင်ပင် ဆွေးနွေး ရဦးမယ်လို့ ပြောသွားခဲ့ပါတယ်။ မနေ့က ကျွန်တော်တို့ စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ပွဲပြီး ပြီးချင်းတော့ ပြောလို့ မရသေးဘူး၊ 100% စစ်ဆေးပြီးဖို့ စောင့်ကြည့် ရဦးမှာပါ။ လို့ ဆိုသွားခဲ့ပါတယ်။

credit