ကာရာဘောင် ဖလား ဘယ်အသင်း ဆွတ်ခူးသွားမလဲ မန်ချက်စတာ ယူနိုက်တက် Vs နယူးကာဆယ် ပွဲစဉ် အတွက် ခန့်မှန်းချက် ထုတ်ပြန်လိုက်တဲ့ ပေါလ်မာဆင်

ဒီကနေ့ တနင်္ဂနွေနေ့ ညမှာတော့ ဝင်ဘာလေ ကွင်းမှာ ယှဉ်ပြိုင်မယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် ကာရာဘောင်း ဖလား ဗိုလ်လု ပွဲစဥ် အတွက် ပေါလ်မာဆင် က သုံးသပ် ခန့်မှန်းသွား ခဲ့ပါပြီ။




ပေါမာဆင် က- ဒီ ဖိုင်နယ် ပွဲစဥ်မှာ အတ်ဒီဟောင်း လုံးဝ လက်မလွတ်လိုတဲ့ ကစားသမား တစ်ဦး ရှိမယ် ဆိုရင် သူက နစ်ပုပ် ဖြစ်ပါလိမ့်မယ်၊ သူက ဒီရာသီမှာ နယူးကာဆယ် အသင်းကို ရမှတ်တွေ အများကြီး




ရရှိစေခဲ့တယ်လေ၊ ဂိုးပေါက် ကာကွယ်နိုင်မယ့် နစ်ပုပ် မပါဘဲ ဒီပွဲကို နယူးကာဆယ် အနိုင်ရခဲ့ရင် ကျနော် အံ့ဩမိမှာပါ၊ နယူးကာဆယ် အတွက် နစ်ပုပ် က သိပ်ကို အရေးပါသူ တစ်ဦး ဖြစ်ပါတယ်။




ကံမကောင်းစွာဘဲ သူ့ရဲ့ ပွဲပယ်က နယူးကာဆယ် ကို သက်ရောက်မှု ကြီးစေပါလိမ့်မယ်၊ သူတို့ရတဲ့ clean sheet တွေမှာ နစ်ပုပ် က ကြီးမားတဲ့ ကာကွယ်မှုတွေ လုပ်ပေး ထားတာပါ၊ မန်ချက်စတာ ယူနိုက်တက် က




အခွင့်အရေးတွေ ဖန်တီး နိုင်နေတယ်၊ သူတို့ ဂိုးတွေလည်း သွင်းနေပါတယ်၊ မားကပ်စ် ရပ်ရှ်ဖိုဒ့် ပါရင် တစ်ဂိုးက သေချာ ပြီးသားပဲ၊ သူကစားတာ သိပ်ကောင်း နေတယ်၊ ဒီပွဲမှာ သူ ဂိုး မသွင်းနိုင်ရင်လည်း




ကျနော် အံ့သြမိလိမ့်မယ်၊ မန်ချက်စတာ ယူနိုက်တက် က ဖိုင်နယ်မှာ အနိုင်ယူမယ့် အသင်းပါ၊ နယူးကာဆယ် က ဂိုးတွေ သိပ်သွင်း နေနိုင်တာ မဟုတ်ဘူး၊ နယူးကာဆယ် က အသင်းတွေကို အနိုင်ယူနေတာ မဟုတ်သလို




သူတို့ ၂ ဂိုး ၃ ဂိုး လောက်မှ မသွင်းနိုင်ရင် ဒီဖိုင်နယ်ကို အနိုင် ရရှိမှာ မဟုတ်ပါဘူး၊ တနင်္ဂနွေနေ့ မန်ချက်စတာ ယူနိုက်တက် ကို ရင်ဆိုင်တဲ့ ပွဲမှာ နယူးကာဆယ် က အဲ့ဒီလို ဂိုးသွင်းနိုင်မယ်လို မထင်မိပါဘူး။




ကျနော် အတွက်ကတော့ နယူးကာဆယ် ဟာ ဖလား တစ်လုံး အနိုင် ရရေးထက် ထိပ်ဆုံး ၄ သင်း ဝင်ဖို့ကို ပိုပြီး ဆန္ဒ ပြင်းပြနေမှာပါ၊ သူတို့ ဖလား အနိုင် ရရင် ဒီ ကစားသမားတွေက ဂန္တဝင်တွေ ဖြစ်လာနိုင်တယ်။

ကံမကောင်းစွာဘဲ အဲ့ဒီ အခွင့်အရေး ရရှိမယ် မထင်ပါဘူး။ လို့ သုံးသပ် သွားခဲ့တာပဲ ဖြစ်ပါတယ်၊ ပေါလ်မာဆင် ရဲ့ ခန့်မှန်းရလဒ်- မန်ချက်စတာ ယူနိုက်တက် ၂-၁ နယူးကာဆယ် ဖြစ်ပါတယ်။

credit