နယူးကာဆယ် အသင်းက ပျင်းရိစရာကောင်းတယ်လို့ ပြောဆိုခဲ့တဲ့ အဲရစ် တန်ဟက်ဂ် ကို တုန့်ပြန်လာတဲ့ ထရစ်ပီယာ
|နယူးကာဆယ် အသင်းရဲ့ ကစားပုံဟာ အချိန်ဆွဲလွန်းတာကြောင့် ပျင်းရိစရာ ကောင်းတယ်လို့ ပြောဆိုခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကို ငှက်ကျား အသင်းခေါင်းဆောင် ထရစ်ပီယာ က ပြန်လည် တုံ့ပြန်မှု ပြုလုပ်လာပါတယ်။
ဒီနေ့ညမှာ ကစားရတော့မယ့် ကာရာဘောင် ဖလား ဗိုလ်လုပွဲ မတိုင်ခင်မှာ အပြန်အလှန် ပြောစကားတွေက ပွဲရဲ့ အရှိန်ကို ပိုမိုပြီး မြှင့်တင်ပေးနေ သလို ဖြစ်နေပြီး စိတ်ဝင်စားဖို့ ကောင်းသထက် ကောင်းလာပါတယ်။
နယူးကာဆယ် အသင်းက ပွဲကို ဖြည်းဖြည်းနဲ့ မှန်မှန် ကစားပြီး အပိုင် အခွင့်အရေးကို စောင့်ဆိုင်းပြီး ကစားတာ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ သူတို့ အသင်းက ပွဲကို အမှန်တကယ် ကစားမှု မိနစ် အနည်းဆုံး
အသင်းဖြစ်ပြီး အချိန် ဆွဲလွန်းတယ်လို့ ဝေဖန် ခံနေရတာပါ၊ အဲရစ် တန်ဟက်ဂ် အပြင် ယာဂင် ကလော့ပ် နဲ့ အာတီတာ တို့ကလည်း ဝေဖန်ခဲ့ဖူးတာ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ ပြောဆိုမှုကို ထရစ်ပီယာ က-
ဒီရာသီမှာ ကျနော်တို့နဲ့ ရင်ဆိုင်ရတာကို တချို့အသင်းတွေက မပျော်မရွှင် ဖြစ်နေပါတယ်၊ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တို့က ပါးနပ်ရမှာ ဖြစ်ပြီး အတွေ့အကြုံကို အသုံးချ သွားရမှာပါ၊ ပြိုင်ဘက် ပရိသတ်တွေ အနေနဲ့
ဒါကို သဘောကျမှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူတို့ အားပေးတဲ့ အသင်းက နယူးကာဆယ် နဲ့ ကစားရမှာ မို့လို့ပါ၊ ဒါပေမယ့် ကြားနေ အမြင်နဲ့ ကြည့်မယ် ဆိုရင် ဒါက ကောင်းပါတယ်၊ ဘယ်သူမှ ဒီလို မကန်ရဘူး ဆိုတာမျိုးတော့ ကျနော် မကြားဖူး သေးပါဘူး။
ကျနော်ကတော့ သဘောကျတယ်၊ လူတိုင်းမှာ ကိုယ့်အမြင်နဲ့ ကိုယ်ပါ၊ စပိန်မှာ ကျနော် အတွေ့အကြုံ အများကြီး ရခဲ့တယ်၊ ပွဲကို ဘယ်အချိန်မှာ နှေးကွေး သွားအောင် လုပ်ရမလဲ ဆိုတာကိုပေါ့၊ ခင်ဗျားက နိုင်ပွဲ လိုချင်တယ် ဆိုရင်တော့ အချိန်တို အတွင်း ပွဲကို ကောင်းကောင်း
စီမံခန့်ခွဲရမှာပဲ။ လို့ ပြောဆိုသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် ယူနိုက်တက် တို့ရဲ့ ကာရာဘောင် ဖလားဗိုလ်လုပွဲ ကိုတော့ ဒီနေ့ည မြန်မာ စံတော်ချိန်
ည ၁၁ နာရီ အချိန်မှာ ကစားသွားကြမှာ ဖြစ်ပါတယ်၊ ဒီအသင်း နှစ်သင်း နောက်ဆုံး တွေ့ခဲ့တဲ့ ၆ ကြိမ်မှာ နယူးကာဆယ် အသင်းက တပွဲမှ အနိုင် မရရှိခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲ ကိုတော့ သရေ ကစားနိုင်ခဲ့ပါတယ်။
credit