ကာရာဘောင် ဆုဖလား ယူဖို့ ပွဲထွက်ခွင့် ရရန် အရိပ်အမြွက် ထုတ်ပြောလိုက်ပြီး အသင်းအတွက် ကတိစကား ဆိုလိုက်တဲ့ ဝက်ဂ်ဟော့စ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝက်ဂ်ဟော့စ် က ယနေ့ညမှာ ကစားသွားရမယ့် ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာ ပါဝင်ခွင့် ရရှိဖို့ မျှော်လင့်နေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ




ယခုထက် ပိုပြီး ဂိုးများ သွင်းနိုင်ဖို့ အတွက် မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်၊ ရော်နယ်ဒို နေရာမှာ အစားထိုးရန် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်ရှိလာတဲ့ ဝက်ဂ်ဟော့စ် ဟာ




အသင်း အတွက် ၁၁ ပွဲ ကစားပြီးချိန်မှာ တစ်ဂိုးသာ သွင်းယူ ထားနိုင်ပြီး ကြာသပတေးနေ့က ဘာစီလိုနာ အသင်းနဲ့ ကစားတဲ့ ပွဲစဉ်မှာ ဝက်ဂ်ဟော့စ်က ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် ရရှိခဲ့ပြီး




ပထမပိုင်း အပြီး အန်ထော်နီနဲ့ လူစားလဲ ခံခဲ့ရတာ ဖြစ်ပါတယ်။ ဝက်ဂ်ဟော့ က- ကျွန်တော် အောင်မြင်မှု ရချင် သလို ဂိုးတွေလည်း သွင်းယူ ချင်ပါတယ်၊ နှစ်ခုလုံးကို လိုချင်တာပါ လို့ ဝက်ဂ်ဟော့စ် က ဆိုပါတယ်။




ဝက်ဂ်ဟော့စ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ဘန်လေ အသင်းနဲ့ အတူ တန်းဆင်းခဲ့ရပြီး တူရကီကလပ် ဘက်ရှီးတက်စ် ကို အငှားနဲ့ သွားရောက် ကစားခဲ့ရပြီးနောက် မန်ချက်စတာ ယူနိုက်တက် က အငှားနဲ့ ပြီးခဲ့တဲ့




ဇန်နဝါရီက ထပ်မံ ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဝက်ဂ်ဟော့စ် က ဂိုးသွင်းဖို့က အရေးကြီးပါတယ်၊ ကျွန်တော်က ဂိုးတွေ သွင်းယူနိုင်တယ် ဆိုတာ သိပါတယ်၊ ကစားသမား ဘဝ သက်တမ်း တစ်လျှောက် လုံးလည်း




ကျွန်တော် ဂိုးသွင်း လာတာပဲလေ၊ နောက်ထပ်လည်း ဂိုးသွင်းခွင့်တွေ ရလာပြီး ကျွန်တော်လည်း ဂိုးတွေ ရမယ်လို့ ယူဆပါတယ်၊ ဒါ့အပြင် အသင်းတွက် နိုင်ပွဲတွေ ယူပေးနိုင်ဖို့လည်း အရေးကြီးတာပေါ့။




မန်ချက်စတာ ယူနိုက်တက် က အခြေအနေကောင်း တစ်ခုမှာ ရှိနေ ပြီး ဗိုလ်လုပွဲ အတွက်လည်း မျှော်လင့် ထားပါတယ်၊ နယူးကာဆယ် နဲ့ ပွဲက အရေးပါတဲ့ ပွဲ တစ်ပွဲ ဖြစ်သလို နောက်ထပ် ပွဲကြီးပွဲကောင်း တွေ




ကစားခွင့် ရဖို့လည်း မျှော်လင့်ပါတယ်။ လို့ ဝက်ဂ်ဟော့စ် က ပြောဆိုလိုက်ပါတယ်၊ ကျွန်တော် ဝင်ဘလေ ကွင်းမှာ ကစားဖူးသေးပါဘူး၊ ဝင်ဘလေ ကွင်းထက် ပိုပြီး မန်ချက်စတာ ယူနိုက်တက် အတွက်




ဂိုးတွေ သွင်းပေးဖို့ ပိုကောင်းတဲ့ နေရာဆိုတာ မရှိနိုင်ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ရော နယူးကာဆယ် အသင်းရော နိုင်ပွဲ လိုချင် နေကြပါတယ်၊ ကျွန်တော့် ကစားသမား ဘဝမှာ ဘာဆုဖလားမှ မရဖူးသေးပါဘူး။

အခု ဒီ ကာရာဘောင် ဖလားကို ပထမဆုံး အဖြစ် ဆွတ်ခူး နိုင်မယ်လို့ မျှော်လင့်ပါတယ်။ လို့ ဝက်ဂ်ဟော့စ် က ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။

credit