ဝင်ဘလေကွင်းမှာ ပွဲမစမီ ဆာအဲလက်စ် ဆီက သတင်းစကားကို ပြန်လည် ပြောပြလာတဲ့ အဲရစ် တန်ဟက်ဂ်

အဲရစ် တန်ဟက်ဂ် က ဝင်ဘလေ ကွင်းကို မထွက်ခွာခင် ဆာအဲလက်စ် ဖာဂူဆန် က ၎င်းရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား တွေကို ဘာမှ ပြောစရာ မလိုဘူး ဆိုတဲ့ ပုံစံမျိုး လုပ်ခဲ့တဲ့ အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




၆ နှစ်အတွင်း ပထမဆုံး ဆုဖလားကို ရှာဖွေဖို့ အတွက် လန်ဒန်ကို ခရီးထွက်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက နည်းပြ မော်ရင်ညို လက်အောက်မှာ လိဂ်ဖလားကို နောက်ဆုံး ကိုင်မြှောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲရစ် တန်ဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် ကို




ရောက်ရှိလာပြီး နောက်ပိုင်း လအနည်းငယ် အတွင်းမှာပဲ အံ့အားသင့်ဖွယ် ပြောင်းလဲ ပေးနိုင်ခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ အိုးလ်ထရက်ဖို့ဒ် က ပထမဆုံး ရာသီကို အနည်းဆုံး ဆုဖလား တစ်လုံးနဲ့ အဆုံးသတ် ချင်နေမှာ ဖြစ်ပါတယ်။




ပြီးခဲ့တဲ့ အင်္ဂါနေ့က မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် နဲ့ ညစာ အတူတူ စားခဲ့တဲ့ အဲရစ် တန်ဟက်ဂ် က စကော့လူမျိုး နည်းပြကြီး ဆီကနေ လက်ရှိ လူစာရင်းကို ဘယ်လို သတင်းစကားမျိုး




ပေးပို့ခဲ့တာ ရှိလဲလို့ မေးမြန်းခြင်း ခံခဲ့ရချိန်မှာ ‘သူက ဘာစကား တစ်လုံးမှ မပြောဘဲ သတင်းစကား ပေးပို့ခဲ့ပါတယ်၊ သူက အမွေအနှစ်တွေ ချန်ရစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပြီး အဲဒါက မန်ချက်စတာ ယူနိုက်တက် က အနိုင်ရရှိမှုနဲ့ အနိုင် ရရှိတဲ့ အစဉ်အလာ အတွက်




ရပ်တည်နေတယ် ဆိုတာပါ။ သူက ကျွန်တော်တို့ အားလုံး အတွက်နဲ့ လူသားမျိုးနွယ်စု အတွက် စံနမူနာကောင်းလို့ ထင်တယ်၊ ကျွန်တော်တို့ အားလုံးအတွက်နဲ့ မန်ချက်စတာ ယူနိုက်တက် မှာရှိတဲ့ လူတွေ အားလုံး




အတွက် သူက ကြီးမားတဲ့ စံနမူနာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ သူ့ကို ဂုဏ်ယူရအောင် လုပ်ပေး နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လို့ ပြောကြားသွားခဲ့ပါတယ်။

credit