နယူးကာဆယ်ကို အနိုင်ယူပြီး ကာရာဘောင် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲပြီး သုံးသပ်ချက်
|မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် ယူနိုက်တက် တို့ရဲ့ ကာရာဘောင်း ဖလား ဗိုလ်လုပွဲ ကတော့ ထင်မှတ်သလို အကြိတ်အနယ် မရှိခဲ့ဘဲ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်နဲ့ ခံစစ်ပိုင်းကို
မကျော်လွှားနိုင်တဲ့ နယူးကာဆယ် တို့ အခက်တွေ့ ခဲ့ရတဲ့ ပွဲစဥ် ပါပဲ၊ ပွဲအစမှာ နယူးကာဆယ် အသင်းဟာ လျင်လျင် မြန်မြန်နဲ့ ကစားခဲ့ပြီး စိန့်မက်ဆီမင် ရဲ့ ထိုးဖောက်မှု တွေကို ဒါလော့ တယောက် မနည်း ကာကွယ်နေရလို့ မန်ချက်စတာ ယူနိုက်တက် တို့
အခက်တွေ့မယ် ထင်ခဲ့ရတာပါ၊ ဒါပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ မန်ချက်စတာ ယူနိုက်တက် က ပွဲကို ထိန်းချုပ် သွားခဲ့ပြီး မိနစ် ၃၀ ကျော် မှာတော့ ဂိုးတွေ ဆက်တိုက် သွင်းယူ သွားခဲ့ပါတယ်၊ ဂွီမာရေ့စ် ဦးဆောင်တဲ့ နယူးကာဆယ် ကွင်းလယ်ဟာ
မန်ချက်စတာ ယူနိုက်တက် ကို မယှဉ်နိုင်ခဲ့ဘဲ တောင်ပံက မက်ဆီမင် နဲ့ အယ်မီရွန် တို့ကိုပဲ အားကိုး နေခဲ့ရတာပါ၊ အယ်လ်မီရွန် ကလည်း လုခ်ရှော ကို မကျော်နိုင်လို့ အခက်တွေ့ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက် အတွက်တော့ ပွဲက လွယ်လင့်တကူ ဖြစ်ခဲ့ပါတယ်။
အဖွင့်ဂိုးကိုတော့ ကက်စမဲရိုး က လုခ်ရှော ရဲ့ ပြစ်ဒဏ်ဘော ကန်တင်ပေးမှု ကနေ ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်၊ သိ ပ်မကြာခင်မှာပဲ နောက် တစ်ဂိုးကို ရက်ရှ်ဖို့ဒ် က ဝက်ဂျ်ဟော့စ် ရဲ့ ဖန်တီးမှု ကနေ သွင်းယူခဲ့လို့ ပထမပိုင်းမှာတင် ၂ ဂိုးပြတ်နဲ့
ဦးဆောင်နေ ခဲ့ပါတယ်၊ ဒုတိယပိုင်း မှာတော့ ပွဲစဥ်က နည်းနည်း အေးသွားပြီး မန်ချက်စတာ ယူနိုက်တက် က အလွယ်တကူပဲ ထိန်းချုပ် ကစားနေ ခဲ့ပါတယ်၊ နယူးကာဆယ် က ခပ်ကြမ်းကြမ်း အဝင်အထွက် တွေနဲ့ ချေပဂိုး ရဖို့ အားထုတ်ခဲ့ပြီး
မက်ဆီမင် ရဲ့ တိုးအားတွေကို အားပြုလာ ခဲ့ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ခံစစ်ကိုတော့ သူတို့ ကျော်ဖြတ်နိုင်ဖို့ အခက်တွေ့ နေတာကို မဖြေရှင်း နိုင်ခဲ့လို့ ချေပဂိုး ရဖို့ကတော့ အလှမ်း၀ေး ခဲ့ပါတယ်။
နယူးကာဆယ် အသင်းက တိုက်စစ်ကို အသားကုန် ဖွင့်ဆော့ပြီး ချေပဂိုးတွေ ရဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်နဲ့ ခံစစ်က စနစ်တကျ ပိတ်ဆို့ထားခဲ့ပြီး ဒီနောက်မှာ အဲရစ် တန်ဟက်ဂ် က ကွင်းလယ်မှာပါ
ကစားသမားတွေ လဲလှယ်ပြီး နယူးကာဆယ် အသင်းရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက် ပစ်ခဲ့ပါတယ်၊ မက်ဆီမင် အားကုန် ထုတ်ခဲ့ပေမယ့် ဂိုးပေါက် ရှေ့ဆို ဘောလုံး ပျက်ပျက် သွားခဲ့ပြီး ဂိုးပေါက် ကန်သွင်းချက်တောင် မယ်မယ်ရရ မရှိခဲ့ပါဘူး။
ဒီနောက် မန်ချက်စတာ ယူနိုက်တက် တို့ ၂-၀ ရလဒ်ကို ထိန်းကစားရင်း ကာရာဘောင်း ဖလား ကို ဆွတ်ခူးနိုင် ခဲ့ပါတယ်။ယ၊ နယူးကာဆယ် တို့ အခွင့်အရေး တချို့ ရပေမယ့် ဒီဂီယာ ကာကွယ် နိုင်ခဲ့သလို ကန်သွင်းချက် တချို့ကလည်း ဂိုးတိုင်ဘေးက
ကပ်ထွက်ခဲ့လို့ နစ်နာခဲ့ ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ သူတို့ရဲ့ ခံစစ် မာကျောမှုနဲ့ အနိုင် ရအောင် ကစားတတ်ပုံကို ထပ်မံ ပြသခဲ့ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ပထမဆုံး ရာသီကတော့ အောင်မြင်မှု တခုနဲ့ အစပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
credit