အရစ် တန်ဟက်ဂ် ပထမဆုံး ရယူပေးတဲ့ ဆုဖလား ပွဲစဉ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းသားများရဲ့ ထူးခြားမှုများ

Manchester United အသင်းဟာ မနေ့ညက ဝင်ဘလေ ကွင်းမှာ ကာရာဘောင် ဖလား ဖိုင်နယ်ပွဲ အဖြစ် နယူးကာဆယ် ယူနိုက်တက် နဲ့ ယှဥ်ပြိုင် ကစားခဲ့ရပြီး 2-0 ရလဒ် နဲ့ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ် နိုင်ခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် တို့ ဒီပွဲစဥ်မှာ နှစ်ဂိုးပြတ် အနိုင် ကစားနိုင်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူ ဖိအားပေး ကစားခဲ့တာက နယူးကာဆယ် ပါ၊ဒါပေမဲ့ နယူးကာဆယ် ရဲ့ ခြိမ်းခြောက်မှု တွေက




အားရစရာ မဖြစ်ခဲ့ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် အသင််းမှာတော့ ကွင်းလယ်လူ ကတ်စမဲရိုး က ပွဲချိန် 33 မိနစ်မှာ လုခ်ရှော ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ကာ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် ရပ်ရှ်ဖို့ဒ် က




39 မိနစ်မှာ ဂိုးပေါက်် ကန်သွင်းရာ ပြိုင်ဘက် နောက်ခံလူ ဘော့တ်မန်း နဲ့ ထိပြီး own goal ရခဲ့ပါတယ်၊ ဒီရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ 2-0 နဲ့ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း မှာလည်း




နယူးကာဆယ် ရဲ့ ဖိအား ပေးလာမှုတွေကို အကောင်းဆုံး ခုခံကာ အနိုင် ရလဒ်ကို ထိန်းသိမ်းပြီး ဆုဖလား ဆွတ််ခူးသွား နိုင်ခဲ့ပါတယ်၊ ဒီပွဲစဥ်မှ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြ ပေးလိုက်ပါတယ်။




ဒီဂီယာ 7- မာစီမင် ရဲ့ ကန်ချက်နဲ့ ဂွီမာရေးစ် ရဲ့ ခေါင်းတိုက်ချက် တွေကို ကာကွယ်နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကို ပွဲစဥ်ထဲ ဆက်လက် ရှိစေ နိုင်ခဲ့ပါတယ်။

ဒါလော့ 5- မာစီမင် ကို ပြစ်ဒဏ် ကျူးလွန်မိခဲ့လို့ အဝါကဒ် ပြသ ခံခဲ့ရပါတယ်၊ နယူးကာဆယ်ရဲ့ တိုက်စစ်ကို ပိတ်ဆို့နိုင်ဖို့ အခက်ကြုံခဲ့ပြီး ၎င်း အနေနဲ့ အနည်းငယ် ရုန်းကန်ခဲ့ ရပါတယ်။




ဗာရန်း 7- တည်ငြိမ်တဲ့ ကစားဟန်နဲ့ အတူ ခံစစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး လီဆန်ဒရို မာတီနက်ဇ် နဲ့ အတွဲညီညီ ကစားပေးသွား နိုင်ခဲ့ပါတယ်။

မာတီနက်ဇ် 8- တကယ့်ကို အန္တရာယ် ဖြစ်စေနိုင်ခဲ့တဲ့ ဆုံးဖြတ်ချက် တွေကို အမှားအယွင်း မရှိ ရဲရဲရင့်ရင့် ချမှတ်ပြ နိုင်ခဲ့ပြီး အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။




လုခ်ရှော 7- ကတ်စမဲရိုး အတွက် ပထမဆုံး အဖွင့်ဂိုး ရဖို့ အတွက် ဖန်တီးပေး နိုင်ခဲ့သလို မကြာခန တိုက်စစ်ဆင် ထိုးဖောက်နေတဲ့ ထရစ်ပီယာ ကို ကောင်းကောင်း ထိန်းချုပ် ခုခံပြ ခဲ့ပါတယ်။

ကတ်စမဲရိုး 8 ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမားပါပဲ၊ ဘောလုံးကိုင် ကစားပုံ ကောင်းမွန် သေသပ်ခဲ့ပြီး အဖွင့်ဂိုး ကိုလည်း သွင်းယူ နိုင်ခဲ့သလိို ကွင်းလယ်ကိုလည်း စိုးမိုးထား နိုင်ခဲ့ပါတယ်။




ဖရက်ဒ် 7- ခွန်အား အပြည့်နဲ့ ကစားပေးခဲ့ပြီး ကတ်စမဲရိုး နဲ့ အတွဲ အဖက်် ညီညီ ဖျက်ထုတ်မှုတွေ လုယူမှုတွေ လုပ်ပြ သွားနိုင်ခဲ့ပါတယ််၊ အဝါကဒ် ထိခဲ့ပါတယ်။

အန်တိုနီ 6- ကြီးကြီးမားမား အကျိုးသက်ရောက်မှု မလုပ်ဆောင် နိုင်ခဲ့ပေမယ့် ဘောလုံးကိုင် ကစားနိုင်ခဲ့ပြီး ပြိုင်ဘက် ခံစစ်ကို အလုပ််ရှုပ် စေခဲ့ပါတယ်။




ဘရူနို 6- ပထမပိုင်းမှာ ဘောလုံးကိုင် ကစားပုံ သပ်ရပ်ခဲ့ပြီး အသင််းကို တိုက်စစ်ဆင်ဖို့ လမ်းကြောင်း ဖော်ပေး နိုင်ခဲ့ပါတယ်၊ လှုပ်ရှားမှု အနေနဲ့ အားရစရာ မရှိခဲ့ပါဘူး။

ရပ်ရှ်ဖို့ဒ် 6 အခွင့်အရေး များစွာ ရရှိခဲ့ပါတယ်၊ ဒါပေမယ့်လည်း တွဲဖက် ကစားဖို့ အသင်းဖော် မရှိချိန် များခဲ့ပါတယ်၊ အဖိုးတန် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။




ဝဂ်ဟော့စ် 6- ကောင်းမွန်တဲ့ အခွင့်အရေး နှစ်ကြိမ်ထိ လွဲချော် ခဲ့ရပါတယ်၊ ဒါပေမယ့် ကွင်းလယ်ထိ မကြာခန ဆင်းကူ ပေးခဲ့ပြီး ရပ်ရှ်ဖိုဒ်ကြောင့် ရရှိတဲ့ ဂိုးကို ဖန်တီးပေး နိုင်ခဲ့ပါတယ်။

လူစားဝင် ကစားသမားများ- ဘစ်ဆာကာ 7၊ တွမ်မီနေး 6၊ ဆာဗစ်ဇာ 6၊ ဆန်ချို 5၊ မက်ဂွိုင်းယား 6 တိုပဲ ဖြစ်ပါတယ်။

credit