ဆုဖလား ရရှိခဲ့ပေမယ့် ကတ်စမဲရိုး ငေါက်တာ ခံခဲ့ရတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာရာဘောင် ဖလား ပွဲစဥ်မှာ နယူးကာဆယ် အသင်းကို အနိုင်ယူပြီး ဖလား ဆွတ်ခူးသွား ခဲ့ပါတယ်၊ ကတ်စမဲရိုး နဲ့ ရပ်ရှ်ဖို့ဒ် တို့ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့်




မန်ချက်စတာ ယူနိုက်တက် က ၂-၀ နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်၊ ပွဲပြီးခါနီးမှာ မန်ချက်စတာ ယူနိုက်တက် တို့ အပိုင်အခွင့်အရေး တကြိမ် ထပ်ရခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် က ဘောလုံးနဲ့ အတူ တောက်လျှောက်




ဆွဲပြေးကာ ရပ်ရှ်ဖို့ဒ် ကို ဘောလုံး မပေးဘဲ တိုက်ရိုက် ကန်သွင်း ယူရာမှာ လွဲချော်ခဲ့လို့ ထပ်မံ ဂိုးမရခဲ့တာ ဖြစ်ပါတယ်၊ ဘရူနို ဖာနန်ဒက်စ် အနေနဲ့ အသင်းဖော်ကို ပေးခဲ့မရင် သေချာပေါက် ဂိုးရရှိမယ့်




အနေအထား တရပ်မှာ ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဗိုလ်လုပွဲ တစ်ပွဲမှာ ဂိုးသွင်းယူလိုတဲ့ ဆန္ဒကို ဦးစားပေး ခဲ့တယ်လို့ ယူဆရပါတယ်၊ ပွဲစဥ် အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ




ပွေ့ဖက် အောင်ပွဲ ခံနေကြပြီး ဘရူနို ဖာနန်ဒက်စ် လည်း အသင်းဖော်တွေနဲ့ အောင်ပွဲ ခံနေခဲ့နာ ဖြစ်ပါတယ်၊ အဲဒီ အချိန်မှာပဲ ကတ်စမဲရိုး က ဖာနန်ဒက်စ်ဆီ သွားခဲ့ပြီး အဆိုပါ အခိုက်အတန့်မှာ ဘာလို့ လူမပေးခဲ့တာလဲ




ဘာကြောင့်လဲ ဆိုတာကို သွားရောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊ ဘရူနို ဖာနန်ဒက်စ် ကလည်း လက်ဟန် ခြေဟန်နဲ့ ပြန်ရှင်းပြခဲ့ ပေမယ့် ကတ်စမဲရိုး ကတော့ ကျေနပ်ဟန် မရှိဘဲ စိတ်တိုနေတဲ့ မျက်နှာပေးနဲ့




လှည့်ထွက် လာခဲ့တာကို ရုပ်သံ ဗီဒီယိုတွေက အမိအရ ရိုက်ကူးနိုင်ခဲ့ပြိး တွစ်တာမှာ ပျံ့နှံ့နေပြီ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ကလည်း ကတ်စမဲရိုး ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး သဘောကျ နေပြီး




အသင်းက ဆုဖလား ဆွတ်ခူးတာတောင် အသင်းဖော်ကို လိုအပ်တာ ချက်ချင်း ပြောဆိုခဲ့တဲ့ အပေါ် ချီးကျူးခဲ့ ကြပါတယ်၊ ကတ်စမဲရိုး ဟာ ရီးရဲလ် ကစားသမား ဘ၀မှာ ဗိုလ်လုပွဲ အများအပြား ကစားခဲ့ဖူးသူ ဖြစ်ပြီး




အဆိုပါ ပွဲတွေက အတွေ့အကြုံ အရ ဂိုးရအောင် သွင်းနိုင်ချိန်မှာ မလွတ်တမ်း အသုံးချနိုင်ဖို့ လိုအပ်တယ် ဆိုတာ နားလည်ထားသူ လို့လည်း ဆိုရပါလိမ့်မယ်၊ ဒါကြောင့် ဖာနန်ဒက်စ် ရဲ့ ကန်သွင်းချက် အနေနဲ့




ဖြုန်းတီး ပစ်တာလို့ ယူဆနေဟန် ရှိပြီး အောင်ပွဲ ခံနေတဲ့ အသင်းဖော်ကို မေးခွန်းထုတ် ဖြေရှင်းစေခဲ့တာ ဖြစ်ပါတယ်၊ ပရိသတ်တွေ ကလည်း ဒီလို ကစားသမားမျိုး အသင်းမှာ ပိုင်ဆိုင်ထားလို့ ကျေနပ်မိကြောင်းနဲ့

ကတ်စမဲရိုး ရဲ့ ပြင်းပြလွက်တဲ့ စိတ်အား ထက်သန်မှုကိုလည်း တော်တော်လေး သဘောကျမိနေပြီ။ လို့ အသည်းသည်း မှတ်ချက်ပြု ရေးသားနေကြပါတယ်။

credit