ပထမဆုံး ဆုဖလား ရယူပြီးနောက် ထပ်မံ ရယူရန် ရှိသေးကြောင်း ရှင်းပြလိုက်တဲ့ Ten Hag
|လက်ရှိ အောင်မြင်မှု က နောက်ထပ် အောင်မြင်မှုများ ထပ်မံ မွေးဖွားလာ နိုင်တယ်လို့ ယုံကြည်ကြောင်း Erik Ten Hag က နယူးကာဆယ် အသင်းကို ၂-၀ ရလဒ်နဲ့ အနိုင် ရရှိတဲ့ ပွဲစဉ် အပြီးမှာ ပြောကြားခဲ့ပါတယ်။
ကတ်စမဲရိုး ရဲ့ သွင်းဂိုးနဲ့ နယူးကာဆယ် ခံစစ်မှူး ဘော့တ်မန်း ကိုယ့်ဂိုးကိုယ် သွင်းမိခြင်း အပါအဝင် မန်ချက်စတာ ယူနိုက်တက် အသင်း သွင်းဂိုး နှစ်ဂိုး ရရှိခဲ့ခြင်း ဖြစ်ပြီး ၆ နှစ်ကြာ ဆုဖလား ခန်းခြောက်ခဲ့ရတဲ့
မန်ချက်စတာ ယူနိုက်တက် အနေနဲ့၂၀၁၇ မော်ရင်ညို လက်ထက် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဆုဖလား တစ်လုံး ဆွတ်ခူးနိုင်ခြင်း ဖြစ်ပါတယ်၊ Erik Ten Hag လက်ထက် ပထမဆုံး အကြိမ် အဖြစ်
ဆုဖလား ရရှိခြင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး Erik Ten Hag ရဲ့မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် အက်ဖ်အေ ဖလား ပြိုင်ပွဲမှာလည်း ယှဉ်ပြိုင်နေဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ် မှာလည်း
အဆင့် ၃ နေရာမှာ ရှိနေဆဲ ဖြစ်တာကြောင့် ဖလား ၄ လုံး လမ်းကြောင်းပေါ်က အသင်းတသင်းလည်း ဖြစ်ပါတယ်။ Erik Ten Hag က- ပထမဆုံး အနေနဲ့ ပထမဆုံး ဆုဖလား တစ်လုံးကို ဆွတ်ခူးနိုင်ဖို့ လိုအပ်ပါတယ်။
ဒီ တစ်လုံးကိုတော့ ဒီနေ့ အရ ယူလိုက်နိုင်ပါပြီ၊ အခု ရတဲ့ ဆုဖလားကနေ စိတ်ဓာတ် ခွန်အားတွေ အများကြီး ရနိုင်တယ်လို့ ထင်ပါတယ်၊ ယုံကြည်ချက် တွေလည်း ပိုပြီး တိုးပွားလာပါတယ်၊ ကျွန်တော်တို့က
မန်ချက်စတာ ယူနိုက်တက် ကို မှန်ကန်တဲ့ ထိုက်တန်တဲ့ အဆင့်အတန်းကို ပြန်ပို့ဖို့ လမ်းစ တွေ့သွားတာ ဖြစ်ပြီး ဒီလို လုပ်ရာမှာ ဆုဖလားတွေ ဆက်တိုက် ဆွတ်ခူးနိုင်ဖို့ လိုအပ်ပါတယ်၊ အခု ဖလား တစ်လုံး ရပြီဗျာ လို့
Erik Ten Hag က ကာရာဘောင် ဖလားကို ရယူအပြီးမှာ ပြောဆိုပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေက အခက်အခဲ တွေ့ချိန်မှာ တစ်ဦးကို တစ်ဦး ကူညီကြပါတယ်၊ တစ်ဦးကို တစ်ဦး
စိန်ခေါ်တာတွေ ရှိသလို တစ်ဦးနဲ့ တစ်ဦးကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်၊ ဒါက မန်နေဂျာ တစ်ယောက် အတွက် ကောင်းမွန်တဲ့ အသင်း တသင်းကို ရရှိထားတယ် ဆိုတဲ့ လက္ခဏာရပ် ဖြစ်ပါတယ်။ လို့
Erik Ten Hag က ဆက်လက် ပြောဆိုပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဝက်စ်ဟမ်း နဲ့ အက်ဖ်အေ ဖလား ကစားရန်ရှိ နေပြီး ယနေ့ညမှာ အကြာဆုံး အောင်ပွဲခံမည့် သူများမှာ
ကစားသမားများ မဟုတ်ဘဲ နည်းပြ အဖွဲ့ဝင်၊ ဝန်ထမ်းများသာ ဖြစ်မည် ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်၊ Erik Ten Hag က ဗာရန်း၊ ဒီဂီယာ၊ ကတ်စမဲရိုး တို့ အနေနဲ့ အသင်းအပေါ် လွှမ်းမိုးနိုင်မှု၊ ၎င်းတို့
နိုင်ပွဲ ရရှိအောင် ကစားနိုင်သည့် အတွေ့အကြုံ များက အသင်းကို အကူအညီ ပေးခဲ့ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ဒီလို ကစားသမားတွေကို အသင်းက လိုအပ်ပါတယ်၊ သူတို့က အသင်းကို ကွင်းအတွင်း ညွှန်ပြမှုတွေ
လုပ်နိုင်ခဲ့သလို အသင်းကို ကွင်းအတွင်း နည်းပြခဲ့ ကြပါတယ်၊ အထူးသဖြင့် စိတ်ဓာတ်ပိုင်းမှာ လမ်းပြ ခဲ့တာပါ၊ ဒါက အရေးကြီးပါတယ်၊ အနိုင်ရတဲ့ အလေ့အထကို သူတို့က အသင်းရဲ့ အဝတ်လဲခန်း အတွင်
း
ယူလာပေး နိုင်ပါတယ်၊ အထူးသဖြင့် ခက်ခဲတဲ့ အချိန်တွေမှာ အသင်းကို အနိုင်ရတဲ့ အလေ့အထ သွတ်သွင်း ပေးနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လို့ Erik Ten Hag က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit