အဲရစ် တန်ဟက်ဂ် နဲ့ သူ့ကစားသမား တွေရဲ့ လုပ်ရပ်က ရှက်စရာ ကောင်းတယ်လို့ ပီယာ့မော်ဂန် ပြောဆို
|ယမန်နေ့ ညက ဝင်ဘလေ ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နယူးကာဆယ် အသင်းတို့ရဲ့ လိဂ်ဖလား ဗိုလ်လု ပွဲစဉ်မှာ Manchester United အသင်းက
Newcastle United အသင်းကို ၂-၀ နဲ့ အနိုင် ရယူပြီး ၅ ရာသီ အထိ ဖလားလက်မဲ့ ဖြစ်နေမှုကို အကောင်းဆုံး အဆုံးသတ်ပြ နိုင်ခဲ့ပါတယ်၊ Manchester United အသင်းဟာ ၂၀၁၆/၂၀၁၇ ဘောလုံးရာသီ နောက်ပိုင်း
ဆုဖလားတွေနဲ့ အလှမ်းကွာ ဝေးနေရတာ ဖြစ်ပြီး ဒီလို ဖလားလက်မဲ့ ရာသီကို အဆုံးသတ်ပေး ခဲ့တာကတော့ အသင်းနည်းပြချုပ် အဲရစ် တန်ဟက်ဂ် ပဲ ဖြစ်ပါတယ်၊ အသင်းကို လပိုင်းသာ ကိုင်တွယ်ထား ရသေးတဲ့
နယ်သာလန် လူမျိုး ဘောလုံးနည်းပြဟာ ၅ ရာသီထိ အသင်းနဲ့ အလှမ်းဝေး နေရတဲ့ ဆုဖလား အောင်မြင်မှု တွေကို ပြန်လည် ရယူပေးနိုင်ခဲ့ပြီး အသင်းကိုလည်း ပုံစံကောင်း ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။
နည်းပြ Erik Ten Hag ဟာ အသင်း အတွက် ပထမဆုံး ဆုဖလား ရယူပေးချိန်မှာ သူနဲ့ အတူ အေဂျက်စ် အသင်းမှာ ကတည်းက တွဲဖက်ခဲ့ဖူးတဲ့ လီဆန်ဒရို မာတီနက်ဇ်၊ အန်တိုနီ တို့နဲ့ အတူ ကခုန် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်၊ Erik Ten Hag က
အေဂျက်စ်မှာ ဆုဖလားတွေ ရယူနိုင်ခဲ့ချိန် ကတည်းက သူရဲ့ကစားသမားတွေနဲ့ ခုလို အောင်ပွဲခံခဲ့တာ ဖြစ်ပေမဲ့လည်း ဒါကို ဗြိတိန်ရဲ့ နာမည်ကြီး ရုပ်သံ တင်ဆက်သူ ဖြစ်တဲ့ ပီယာ့စ် မော်ဂန် က လှောင်ပြောင်ခဲ့ပါတယ်။
ပီယာ့စ် မော်ဂန် က- မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ်နဲ့ ကစားသမား တွေက ကာရာဘောင်း ဖလား ကို ဆွတ်ခူးပြီးတဲ့ နောက်မှာ ပျော်ရွင်စွာ ကခုန်နေကြတယ်၊ ဒီလို မြင်ကွင်းမျိုးကို မြင်ရတာ မယုံနိုင်စရာပါ။
ဒါက သိပ်ကို ရှက်စရာ ကောင်းပါတယ်၊ သူက နည်းပြ တဦး ဖြစ်ပြီး ဆုဖလား ကလည်း ခုလောက် ကခုန်ကြရဖို့ထိ မလိုတဲ့ ဆုဖလားပါ၊ တကယ်ပဲ ဒါက ရှက်စရာ ကောင်းတယ်။ လို့ ပီယာ့စ် မော်ဂန် က လှောင်ပြောင် ပြောဆို သွားခဲ့ပါတယ်။
credit