အသင်း အတွက် ဆုဖလား ရရှိရေး အဖွင့်ဂိုးနဲ့ ဦးဆောင်ပေးခဲ့တဲ့ ကတ်စမဲရိုး ကို ချီးကျူးစကား ဆိုလိုက် အဲရစ် တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နယူးကာဆယ် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ကာရာဘောင်ဖလား ဗိုလ်လု ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ဝင်ဘလေ ကွင်းကြီး အတွင်းမှာ
၂-၀ ရလဒ်နဲ့ အနိုင် ကစားပြီး ဆုဖလား ကိုင်မြောက်ခွင့် ရခဲ့ပါတယ်၊ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ကလည်း ဗိုလ်လု ပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ကတ်စမဲရိုး ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးစကား ဆိုလိုက်ပါတယ်။
ကတ်စမဲရိုး ဟာ မန်ချက်စတာ ယူနိုက်တက် ဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အဓိက နေရာမှာ ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်ပြီး ဗိုလ်လုပွဲစဉ် အတွင်း မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုး သွင်းယူ ပေးနိုင်ခဲ့သလို
ဂိုး ခွင့်ပြုပေးဖို့ နီးစပ်ခဲ့တဲ့ အခြေအနေ တွေကိုလည်း တားဆီး ကာကွယ်ပေးနိုင်ခဲ့ပြီး နယူးကာဆယ် အသင်းရဲ့ တိုက်စစ် လမ်းကြောင်းတွေကို အကောင်းဆုံး ထိန်းချူပ်သွား နိုင်ခဲ့တာ ဖြစ်ပါတယ်၊ Erik Ten Hag ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို
ရောက်ရှိလာပြီးနောက် ၁၀ လအတွင်း နယူးကာဆယ် ကို အနိုင်ကစားပြီး ပထမဆုံး ဆုဖလားကို ယူဆောင်ပေး နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို လုခ်ရှော ရဲ့
အလွတ် တည်ကန်ဘော ကနေ ကတ်စမဲရိုး က ခေါင်းတိုက် သွင်းယူ ပေးခဲ့ပြီး ဒုတိယမြောက် သွင်းဂိုးကိုတော့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ပိတ်သွင်းစဉ် ဘော့မန်း နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာ ကြောင့် ၂-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယမြောက် ဦးဆောင်ဂိုး ရဖို့
ကြိုးပမ်းခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ကလည်း ကတ်စမဲရိုး က ပွဲရဲ့ အဖြေကို ခြားနားအောင် လုပ်ပေးနိုင်ကြောင်း ချီးကျူးထားတာ ဖြစ်ပါတယ်၊ အဖွင့်ဂိုးရှင် ကတ်စမဲရိုး ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး နည်းပြချုပ်
Erik Ten Hag က- ဆုဖလားတွေ ရဖို့ ဘယ်လို ကစားရမလဲ ဆိုတာ ကတ်စမဲရိုး က ကောင်းကောင်း သိတယ်၊ အသင်းလိုက် စုဖွဲ့မှု ကောင်းနေဖို့ အတွက် သူ့လို ကစားသမားမျိုး လိုအပ်ပါတယ်၊ အထူးသဖြင့်
သူက စိတ်ဓာတ်ပိုင်း ပြင်းထန်မှု ရှိပြီး အဝတ်လဲခန်း အတွင်းမှာလည်း နိုင်ပွဲ ဆာလောင်တဲ့ အလေ့အထကို ကတ်စမဲရိုးက ယူဆောင်လာ ပေးပါတယ်။ လို့ Erik Ten Hag က ချီးကျူးစကား ဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit