ဆုဖလား တစ်လုံး ရယူပြီးနောက် ကျန်ဆုဖလား တွေကိုလည်း ရယူမည်ဟု ဟယ်ရီ မက်ဂွိုင်းယား ထုတ်ပြော

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား က ကာရာဘောင် ဖလား ဖိုင်နယ်မှာ ပွဲ ကစားချိန် သိပ်မရခဲ့ပေမယ့် ဖလား ကိုင်မြှောက် နိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်း ဆိုလိုက်ပြီး




ကျန် ဆုဖလားတွေကိုလည်း သိမ်းပိုက်သွားမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ မက်ဂွိုင်းယား က ၆ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်မှုကို ရပ်တန့်နိုင်ခဲ့ပြီးနောက် နောက်ထပ် ရနိုင်ခြေ ရှိတဲ့ ဖလား အားလုံး




ရယူဖို့ အသင်းဖော်တွေကိုလည်း တိုက်တွန်းခဲ့ပါတယ်၊မက်ဂွိုင်းယား ဟာ ပွဲချိန် ၈၈ မိနစ်မှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် နဲ့ လူစားလဲ ဝင်ရောက်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ အောင်မြင်မှုမှာ အရေးပါတဲ့ နေရာက




ပါဝင်ခွင့် ရခဲ့သလို ခံစားရကြောင်း ပြောခဲ့ပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီတုန်းက နည်းပြ အဲရစ် တန်ဟက်ဂ် ရောက်ရှိ လာခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၉ ပွဲသာ ပွဲထွက် ကစားခွင့် ရရှိထားပါတယ်၊ ခံစစ်မှူးက-




ကျွန်တော့်မှာ ခံစားချက်တွေ ရောထွေးနေတာမျိုး မရှိပါဘူး၊ အသင်းက ဆုဖလား အောင်မြင်မှုတွေ မရခဲ့တာ တော်တော်လေး ကြာပါပြီ၊ ကျွန်တော်က အသင်းခေါင်းဆောင်ပါ၊ ကျွန်တော့် အလုပ်က အသင်းကို




ရှေ့လျှောက် အောင်မြင်မှုတွေဆီ ပြန်ရောက်အောင် လုပ်ပေးရမှာ ဖြစ်ပါတယ်၊ ကျွန်တော်လည်း ပွဲတွေ အများကြီး ကစားချင်တဲ့ ဘောလုံးသမား တစ်ယောက်ပါ၊ ပွဲစတာနဲ့ အသင်းသားတွေကို ဥမင်ထဲကနေ




ဦးဆောင်ပြီး ကွင်းထဲ ဝင်ချင်မိပါတယ်၊ ဒါပေမယ့် ဘောလုံး အကြောင်းကို နားလည်ပါတယ်၊ အကောင်းဆုံး ခြေစွမ်းနဲ့ ကစားနိုင် နေရင်တောင်မှ ကိုယ့်နေရာ အတွက် ပြိုင်ဆိုင်မှုတွေ ရှိနေဦးမှာပါ။ လို့ ပြောဆိုသွား ခဲ့ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ အခွင့်အရေး အနည်းငယ်သာ ရရှိပေမယ့် ခံစစ်မှူးက ဒါက မန်ချက်စတာ ယူနိုက်တက် ပါ၊ ဆုဖလားတွေ အမြဲ လိုချင်နေပြီးတော့ ကြီးကျယ် ခမ်းနားတဲ့ အောင်ပွဲတွေနဲ့ အသားကျနေတဲ့ အသင်းပါ။




ဒီလို နေရာမျိုးမှာ ပြိုင်ဆိုင်မှုတွေက အမြဲတမ်း ရှိနေမှာပါ၊ နည်းပြ ကလည်း ကျွန်တော်နဲ့ နေ့တိုင်း စကားပြော ပါတယ်၊ ကျွန်တော့် အပေါ်မှာလည်း သူက လေးစားမှု ရှိပါတယ်၊ အသင်းအပေါ် ကြိုးစားအားထုတ်မှုနဲ့ ကျွန်တော့်က ခံစစ်မှူးကောင်း တစ်ယောက် ဆိုတာ

အသိအမှတ် ပြုထားပါတယ်၊ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားတွေ ကတော့ ပုံမှန် ကစားနေရမှာပါ။ လို့ ပြောဆိုခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ မနက်ဖြန်မှာ FA ဖလား ပဉ္စမ အဆင့် ပွဲစဉ်ကို




ဝက်စ်ဟမ်း အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အက်ဖ်အေ ဖလား ကိုလည်း မန်ချက်စတာ ယူနိုက်တက် တို့ ရရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကမ္ဘာ့ဖလား က ပြန်လာပြီး ကတည်းက ကျွန်တော်တို့ ကစား နေတာ

တော်တော်လေး ကောင်းလာပါတယ်၊ ကမ္ဘာ့ဖလား မတိုင်ခင် ကတည်းက အကောင်းဆုံး စိတ်ဓာတ်ပိုင်းနဲ့ ကစားနိုင်ခဲ့တယ်၊ ဒါပေမယ့် ရလဒ်တွေ သိပ်မကောင်း သလို နည်းပြ လိုချင်တဲ့ ကစားဟန် မျိုး မပြနိုင်ခဲ့ဘူး။

ကျွန်တော်တို့ အခုတော့ ဖလား လေးလုံး လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်၊ လေးလုံးလုံး ယူဖို့ ခက်ခဲမှန်း သိပေမယ့် ပွဲတိုင်း အနိုင်ယူပြီး ဆုဖလားတိုင်း သိမ်းပိုက် ရယူနိုင်စွမ်း ရှိပါတယ်၊ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် စတင်ပါမယ်။ လို့ ပြောဆို သွားခဲ့ပါတယ်။

credit