အာဆင်နယ် နဲ့ မန်စီးတီး အသင်းကို သတိပေး ပြောဆိုလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဖြစ်သူ ဖရက်ဒ် က ရှုံးထွက် ဖလား ပြိုင်ပွဲတွေမှာတင် မဟုတ်ဘဲ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ကိုပါ ရည်မှန်း ကြိုးစားသွားမှာ ဖြစ်ကြောင်း




အသိပေး ပြောဆို လိုက်ပါတယ်၊ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား ဦးဆောင်ထားသူ အာဆင်နယ် က မန်ချက်စတာ ယူနိုက်တက် အသင်း အထက် ၈ မှတ် အသာ ရထားပါတယ်၊ ဒုတိယ နေရာမှ




တစ်ပွဲပို ကစားထားတဲ့ မန်စီးတီး အသင်းနဲ့တော့ မန်ချက်စတာ ယူနိုက်တက် က ၆ မှတ် ကွာဟ နေတာပါ၊ ဒါပေမယ့် ဖရက်ဒ် က လက်ကျန် ပြိုင်ပွဲတွေ ဖြစ်တဲ့ အက်ဖ်အေနဲ့ ယူရိုပါလိဂ် ပွဲ အပြင် ပရီးမီးယားလိဂ် ကိုပါ




အားစိုက်သွားမှာ ဖြစ်ကြောင်း ESPN နဲ့ အင်တာဗျူးရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် နဲ့ မန်ချက်စတာ စီးတီး ဆိုတာ အသင်းကောင်းတွေ လို့ ကျနော်တို့ သိပါတယ်၊ ဒါပေမယ့် ကျနော်တို့ ကလည်း




ပရီးမီးယားလိဂ် ဖလားရဖို့ ယှဉ်ဖိုက်သွားမှာပါ၊ ကျနော်တို့ အရှိန် ကောင်းတွေ ကလည်း ရနေပြီ၊ ဒီတော့ ဘာလို့ မဖြစ်နိုင်ရမှာလဲ ? ကျနော်တို့ ပြိုင်ပွဲ ၃ ခုလုံး မှာ ရှိသေးတယ်၊ တစ်ခုချင်းစီမှာ ဗိုလ်စွဲနိုင်ဖို့ အတွက်




ကြိုးစားသွားမှာပါ။ လို့ အာဆင်နယ် နဲ့ မန်စီးတီး အသင်းကို သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်၊ ဖရက်ဒ် ဟာ ယခင်နှစ်တွေက ဝေဖန် ခံခဲ့ရပေမယ့် ဒီရာသီမှာ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ပဲ့ကိုင်မှုနဲ့ ခြေစွမ်းပြ လာနေပြီ ဖြစ်ပါတယ်။

credit