ဝက်စ်ဟမ်း နဲ့ ပွဲမှာ လွဲချော်မယ့် ကစားသမား အချို့ကို အတည်ပြုလိုက်ပြီး လီဗာပူးနဲ့ပွဲက ပွဲကြီးပွဲကောင်းလား ဆိုတဲ့ အပေါ် အံအားသင့်ဖွယ် ဖြေကြားလိုက်တဲ့ တန်ဟက်ဂ်
|ကာရာဘောင် ဖလား ဖိုင်နယ် ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ အက်ဖ်အေ ဖလား ပဉ္စမ အဆင့်ပွဲစဥ် အဖြစ် ဝက်စ်ဟမ်း နဲ့ ပွဲမှာ လုခ်ရှော နဲ့ ဖရက်ဒ် ပါဝင်ဖို့ မသေချာ နေတာပါ၊ ကစားသမား ၂ ဦးလုံး
တနင်္ဂနွေ နေ့က ဝင်ဘလေမှာ နယူးကာဆယ် အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲမှာ ပါဝင် ကစားပေးခဲ့ ကြသူတွေ ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဝက်စ်ဟမ်း နဲ့ ကစားမယ့် ပွဲကိုတော့ လွဲချော်နိုင်တယ်လို့ အဲရစ် တန်ဟက်ဂ် က
အတည်ပြု ပြောကြားလိုက်တာ ဖြစ်ပါတယ်၊ တင်ပါး ဒဏ်ရာ ရရှိနေတဲ့ မာရှယ် ကလည်း ကြံ့ခိုင်မှု မပြည့်ဝသေးဘူး ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် က-
မာရှယ် က ပါဝင်နိုင်မှာ မဟုတ်ပါဘူး၊ လုခ်ရှော နဲ့ ဖရက်ဒ် တို့ကလည်း မနက်ဖြန် ပွဲစဥ် အတွက် မသေချာပါဘူး။ လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နယ်သာလန် နိုင်ငံသား နည်းပြက ပြောဆိုပါတယ်။ အားလုံးကို
ရှင်းရှင်းလင်းလင်း သိစေချင်တာက ကစားသမား ၁၁ ဦးတည်းနဲ့ အနိုင် ရရှိခဲ့တာ မဟုတ်ပါဘူး၊ အသင်းသားတွေ အားလုံးနဲ့ အတူ နိုင်ပွဲကို ဖော်ဆောင်နိုင် ခဲ့တာပါ၊ အသင်းသားတွေ အားလုံးနဲ့ အတူ အနိုင် ရရှိခဲ့တာပါ။
တစ်ရာသီလုံး အတွက် အသင်းသားတွေ အားလုံး အရေးပါပြီး တစ်ပွဲလုံး မိနစ်ပိုင်း ပွဲစဉ် ၂ ပွဲလောက်ပဲ ဖြစ်ဖြစ် လူစားဝင်လာတဲ့ အချိန်တိုင်းပါ အားလုံးက အရေး ပါပါတယ်၊ ပွဲ ကစားချိန် အတွင်းမှာလည်း
ကျွန်တော်တို့က ပြောင်းလဲနိုင်ပြီး ဒါကို ကစားသမား ၁၁ ဦးထက် မက အသင်းသားတွေ အားလုံးနဲ့ အတူ လုပ်နိုင်ခဲ့တာပါ၊ သူတို့တွေ အားလုံးကို ထည့်သွင်း ပြောဆိုချင်ပြီး သူတို့တွေကလည်း အဆင်သင့်
ဖြစ်နေပြီ ဆိုတာ ကျွန်တော် သိပါတယ်၊ သူတို့ အနေနဲ့ ကစားရတဲ့ အချိန်တိုင်း တာဝန်ယူမှု အပြည့်ရှိပြီး ဒါကြောင့်လည်း ကိုယ့်ရဲ့ပွဲထွက်ခွင့် အပေါ် ယှဉ်ပြိုင် နေရမှာ ဖြစ်ပါတယ်၊ တို့တွေရဲ့ရှေ့မှာ ကောင်းမွန်တဲ့
လတွေနဲ့ ပွဲစဥ်တွေ ရှိပြီး ကစားသမားတိုင်းက ကစားချင်ကြမှာပါ။ လို့ အဲရစ် တန်ဟက်ဂ် က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ရဲ့ များပြားလှတဲ့ ပွဲတွေ အတွက် အဲရစ် တန်ဟက်ဂ် ဟာ
အသင်းကို စီစဉ်ရဦးမှာ ဖြစ်သော်လည်း ဝက်စ်ဟမ်း နဲ့ ပွဲအတွက် လူစားရင်းကို တနင်္ဂနွေနေ့မှာ လီဗာပူး နဲ့ ကစားရမယ့် ပွဲအတွက် ကြည့်ပြီး လူထုတ်မှာလား ဆိုတဲ့ ပြောဆိုမှုကိုတော့ ငြင်းဆို သွားခဲ့ပါတယ်။
ပွဲတိုင်းက အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်၊ အခုချိန်ထိ ပွဲတိုင်းပါပဲ အဝတ်လဲခန်း အတွင်းမှာလည်း မှန်ကန်တဲ့ သဘောထားနဲ့ ချဉ်းကပ်မှုတွေ ရှိပါတယ်၊ တစ်ပွဲပြီး တစ်ပွဲ လုပ်သွားမှာပါ၊ လီဗာပူး နဲ့ ပွဲစဥ်က
ပွဲကြီးပွဲကောင်းလို့ ခင်များတို့ ပြောတယ်နော် ဘာစီလိုနာ နဲ့ ပွဲကရော ပွဲကြီးပွဲကောင်း မဟုတ်ဘူးလား? ကျွန်တော် တို့ အနေနဲ့ ပွဲတိုင်းက လို့ ပွဲကြီးပွဲကောင်းပါပဲ၊ ဒီလိုမျိုးဆို တိုးတက်လာမယ်။ လို့ အဲရစ် တန်ဟက်ဂ် က ပြောကြားသွားခဲ့ပါတယ်။
credit