မန်ချက်စတာ ယူနိုက်တက် နဲ့ ဝက်စ်ဟမ်း ပွဲစဉ် မတိုင်မီ အနိုင်ရရင် Erik Ten Hag လို ကခုန် အောင်ပွဲခံမည်ဟု ဒေးဗစ် မိုယက်စ် ထုတ်ပြော
|မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag ရဲ့ ကာရာဘောင်း ချန်ပီယံ ဖြစ်အပြီး dad dancing အကနဲ့ အောင်ပွဲ ခံခဲ့တာက ဒီတလော လူပြောများ နေပါတယ်၊ Erik Ten Hag ဟာ အေဂျက်စ် ကတည်းက
တပည့်နှစ်ဦး ဖြစ်တဲ့ အန်တိုနီ၊ မာတီနက်ဇ် တို့နဲ့ ပျော်ပျော် ပါးပါး ကခုန်ခဲ့တာပါ၊ ဝက်စ်ဟမ်း နည်းပြချုပ် ဒေးဗစ် မိုယက်စ် က သူလည်း သူ့အသင်းနဲ့ အတူ အက်ဖ်အေ ဖလား ရရင် အဲဒီလို ကပစ်မှာလို့ ဒီတပတ်
ပွဲစဥ် မတိုင်ခင် ကြုံးဝါး ပြောဆိုလိုက်ပါတယ်၊ မိုယက်စ် ရဲ့ ဝက်စ်ဟမ်း နဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကြားရက်မှာ အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်၊ ဒီအပတ် ပွဲကြို မတိုင်ခင်
သတင်းစာ ရှင်းလင်းပွဲမှာ ဒေးဗစ် မိုယက်စ် ကို သူတို့ရော ဗိုလ်စွဲရင် Erik Ten Hag လို ကခုန်မှာလားလို့ အမေးကို ဝက်စ်ဟမ်း နည်းပြက အခုလိုပဲ တက်တက် ကြွကြွ ပြောဆိုခဲ့ပါတယ်။
ဟာ လုပ်ရမှာပေါ့၊ ကခုန်ပစ်မှာ တကယ် သေချာပေါက် ပွဲခံမှာပါ၊ စိတ်မပူပါနဲ့ ကျနော်တို့ ဖလားရလို့ ကတော့ dad dancing တင် မကဘူး၊ ဒီထက် ကြမ်းတာ အကုန် ကပစ်မှာ။ လို့ မိုယက်စ် က ပြောခဲ့တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ၆ နှစ်ကျော် အကြာ ဖလားလက်မဲ့ ကာလကို အဆုံးသတ် နိုင်ခဲ့သလို သူ့ရဲ့ ကလပ်နဲ့ ပထမဆုံး ဆုဖလားလည်း ဖြစ်တာကြောင့် Erik Ten Hag နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း
ကစားသမားတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗိုလ်လုပွဲ အပြီးမှာ ပျော်ရွှင်စွာ အောင်ပွဲ ခံခဲ့ကြတာ ဖြစ်ပါတယ်၊ ဒါပေမယ့် ပီးယာ့စ် မော်ဂန်၊ မာတင် ကီယွန် တို့အပြင် အခြား ပြိုင်ဘက်အသင်း ပရိသတ်တွေ၊ ကစားသမားဟောင်းတွေ က အလွန်အကျူး ပွဲခံတာလို့ ဝေဖန်မှုတွေ ရှိနေကြပါတယ်။
credit