ကာရာဘောင်း ဖလား ရတဲ့ အပေါ် ချီးကျူးခဲ့ပေမယ့် ကျန်ဖလားတွေ အတွက် ဒီလူစာရင်းနဲ့ စိတ်ကူးမနေဖို့ ရှင်းပြလာတဲ့ မန်စီးတီး နည်းပြ
|မန်ချက်စတာ စီးတီး နည်းပြချုပ် ပက် ဂွါဒီယိုလာ က ကာရာဘောင်း ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရည်ရွယ်ပြီး လှောင်ပြောင် ပြောဆိုခဲ့ပါတယ်။ Erik Ten Hag ဟာ
တနင်္ဂနွေ နေ့က ဝင်ဘလေ ကွင်းမှာ နယူးကာဆယ် ကို ၂-၀ နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက အနိုင် ရခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ် က မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘဝ ပထမဆုံး ဆုဖလားကို
ရရှိခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ယခုရာသီမှာ ဖလား (၄) လုံး လမ်းကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပြီး အက်ဖ်အေ ဖလား၊ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲတွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် ပက် ဂွါဒီယိုလာ က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ နောက်ထပ် ဆုဖလားတွေ ရရှိဖို့ အတွက် ငွေကြေးပိုမို သုံးစွဲဖို့ လိုအပ်ကောင်း လိုအပ်နိုင်တယ်လို့ လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းကို ကျွန်တော် ဂုဏ်ပြုပါတယ်၊ အနှေးနဲ့အမြန် ဖလား ရသင့်ပါတယ်၊ ရလည်း ရသင့်နေပြီ မလား? ကြိုဆိုပါတယ်၊ သူတို့တွေ နောက်ထပ် နည်းနည်း ပိုက်ဆံ ပိုသုံးစွဲမယ် ဆိုရင်
ဆုဖလားတွေ စိန်ခေါ်သူတွေ ဖြစ်လာနိုင်ပါတယ်၊ ဒီလူစာရင်း နဲ့ ထပ်မံ တိုက်ပွဲဝင်မယ် ဆိုရင်တော့ မထင်မိပါဘူး၊ သူတို့တွေ ငွေကြေး မသုံးစွဲခဲ့ ဖူးဘူးလေ၊ ဟုတ်တယ်မလား? သူတို့တွေက သာမန် အားဖြင့်တော့
ရှိသင့်တဲ့ နေရာမှာ ရှိနေတာပါ၊ ကျွန်တော်တို့ ပထမဆုံး ကာရာဘောင်း ဖလား ရယူဖို့ ခရီးထွက်ခဲ့တဲ့ အချိန်ကို သတိရမိပါတယ်၊ အားလုံးက ဆုဖလား ရယူဖို့ အရမ်း စိတ်လှုပ်ရှား နေခဲ့ကြတယ်၊ ဝန်ထမ်းတွေ အတွက်
သူတို့ အနေနဲ့ အဲဒါက အသစ်ပဲ၊ ကစားသမားတွေ အတွက်လည်း အသစ်ပဲ၊ ကျွန်တော်တို့ ကာရာဘောင်း ဖလား ကို ၄ ကြိမ် ဆက်တိုက် ရယူဖို့ ခရီးထွက်ခဲ့တဲ့ အချိန်ကျတော့ အင်း အဆင်ပြေပါတယ်။
နောက်ထပ် ဖလား တစ်လုံး၊ နောက်ထပ် ရုံးခန်းထဲက နေ့တစ်နေ့ ပေါ့ ဆိုသလိုမ ဖြစ်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က အဲဒီ ဖလား ရတာက သာမန်ပါပဲ၊ ကျွန်တော် ဒီကို ရောက်လာတဲ့ အချိန်မှာ တုန်းကပေါ့
မန်ချက်စတာ ယူနိုက်တက် အသင်းက သမိုင်းကြောင်း အတွက် အရာအားလုံး အတွက် အဲဒီနေရာမှာ အမြဲတမ်း ရှိခဲ့လိမ့်မယ်လို့ တွေးမိခဲ့ပါတယ်၊ အဲရစ် က မယုံနိုင်စရာ အလုပ်ကို လုပ်ပြနေပါတယ်။
ကစားသမားတွေ ကလည်း ဘယ်လောက် အထိ ပေးဆပ်နေလဲ ဆိုတာ ခင်ဗျား မြင်မှာပါ၊ အောင်မြင်မှု ရဖို့ ဘယ်လိုမျိုး အတူတူ လုပ်ဆောင်နေလဲ ဆိုတာ ခင်ဗျား မြင်မှာပါ။ လို့ ပြောကြားသွားခဲ့ပါတယ်။
credit