ဒေးဗစ် မိုယက်စ် ကို အံ့အားသင့်စေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 3-1 ဝက်စ်ဟမ်း ပွဲပြီး သုံးသပ်ချက်
|အဲရစ် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အက်ဖ်အေ ဖလား ပွဲမှာလည်း ဝက်စ်ဟမ်း ကို အနိုင်ယူပြီး ကွာတား ဖိုင်နယ်ကို တက်ရောက်ခဲ့ ပြန်ပါပြီ၊ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရုန်းကန် ကစားခဲ့ရတယ် ဆိုပေမယ့်
အချိန်တန်ရင် ဂိုးရမယ်၊ နိင်ပွဲရမယ် ဆိုတဲ့ ခံစားချက် တွေကို သူတို့ အသင်း ကစားသမားတွေဆီမှာ မြင်တွေ့ ခဲ့ရပြီး တကယ်လည်း အဲဒီလို ဖြစ်လာခဲ့ပါတယ်၊ ဝက်စ်ဟမ်းက ၅၄ မိနစ်မှာ ဘီနရာမာ ရဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် တို့
ချေပဂိုး ရဖို့ အသားကုန် တိုက်စစ်ဆင် ခဲ့ရတာပါ၊ ကက်စ်မဲရိုး က ခေါင်းတိုက်ဂိုး တစ်ဂိုး သွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဂိုး မရခဲ့ပါဘူး။ယ၊ ဒါပေမယ့် သိပ်မကြာခင် ၇၇ မိနစ်မှာ ဖာနန်ဒက်စ် ရဲ့ ထောင့်ကန်ဘောကို
ဝက်စ်ဟမ်း ကစားသမား အဂူရက်ဒ် ရှင်းထုတ်တာမှာ ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်သွားလို့ မန်ချက်စတာ ယူနိုက်တက် တို့ ချေပဂိုး ရခဲ့တာပါ၊ ဒါပေမယ့် ပွဲပြီးခါနီး အထိ မန်ချက်စတာ ယူနိုက်တက် အသင်း အနိင်ဂိုး မရဖြစ်နေပြီး မိနစ် ၉၀ ကြမှ
ဂါနာချို ရဲ့ ဧရိယာ အတွင်း ကနေ ဂိုးသမားရဲ့ အဝေး တိုင်ထောင့်ကို လှမ်း ကန်သွင်းမှုနဲ့ အတူ မန်ချက်စတာ ယူနိုက်တက် အသင် ဂိုးရခဲ့ပြီး ဆက်တိုက် ဆိုသလိုပဲ လူစားဝင်လာတဲ့ ဖရက်ဒ် က အနိုင် သေချာစေမယ့် ဂိုးကို ဝက်စ်ဟော့စ်
ပြိုင်ဘက် အသင်း အပေါ် ဖိအားပေးမှု ကနေ ရလာတဲ့ ဘောလုံးကို ကန်သွင်း ယူခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် ကတော့ သူ့ရဲ့ အသင်းကို ၃ မိနစ် မန်ယူ ဆိုပြီးတော့တောင် အသက်သွင်းနေပြီ ဆိုရပါမယ်၊ ၃ ရက်ကို ၁ ပွဲနှုန်းနဲ့ ၅ ပွဲ ဆက်တိုက်
ကစားရခဲ့ပေမယ့် ဘာစီလိုနာ ကို အနိုင်ယူ ခဲ့သလို ကာရာဘောင်း ဖလားလည်း ဆွတ်ခူးခဲ့ကာ အခုလည်း အက်ဖ်အေ ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီး ဖူလ်ဟမ် နဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
တဘက်မှာတော့ မန်စီးတီး – ဘန်လေ၊ ရှက်ဖီးလ် – ဘလက်ဘန်း၊ ဘရိုက်တန် – ဂရင်စ်ဘီတောင်း အသင်းတို့ ကစားရမှာ ဖြစ်ပြီး အက်ဖ်အေ ဖလား ဗိုလ်လုပွဲက မန်ချက်စတာ ဒါဘီ ဖြစ်လာဖွယ် ရှိနေပါတယ်။
credit