မန်ချက်စတာ ယူနိုက်တက် မှာ ဖရက်ဒ် ရဲ့ ဂိုးသွင်း အများဆုံး ရာသီတခု ဖြစ်လာပြီး ဘာကြောင့် ဖရက်ဒ် ဂိုးသွင်းယူ နေသလဲ အဲရစ် တန်ဟက်ဂ် ထုတ်ပြော
|မန်ချက်စတာ ယူနိုက်တက် ကြယ်တပွင့် ဖြစ်သူ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဖရက်ဒ် ဟာ ဝက်စ်ဟမ်း အသင်းကို အိုးလ်ထရက်ဖို့ဒ် အတွင်း ၃-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပွဲကစားချိန် နောက်ဆုံး မိနစ်ပိုင်းမှာ
မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် တတိယ ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ရှေ့တန်း ကစားသမား ဝက်ဂ်ဟော့စ် က ဝက်စ်ဟမ်း ခံစစ်မှူး တစ်ဦးထံမှ ဘောလုံး လုယူကာ
ဖရက်ဒ်ကို ဖန်တီးပေးခဲ့ခြင်း ဖြစ်ပါတယ်၊ ဖရက်ဒ် ဟာ ဝက်စ်ဟမ်း ပင်နယ်တီ ဧရိယာ အစပ်နားကနေ ဧရိယာ အတွင်းကို ပြေးဝင်လာပြီး ဘယ်ခြေနဲ့ ဂိုး အလယ်ကို ကန်သွင်း ယူခဲ့ခြင်း ဖြစ်ပြီး ပြိုင်ဘက် ဂိုးသမားရဲ့
ခြေထောက်ကြားက ကပ်ဝင်သွားတာ ဖြစ်ပါတယ်၊ ဖရက်ဒ် ဟာ လက်ရှိ ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ၆ ဂိုးထိ သွင်းယူထားပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဒါက ၎င်းရဲ့ ဂိုးသွင်း
အများဆုံး ရယူနိုင်တဲ့ ရာသီ တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်၊ ဖရက်ဒ် ဂိုးသွင်း နိုင်နေခြင်းနဲ့ ပတ်သက်လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag ကို သတင်းသမားများက မေးမြန်းခဲ့ကြရာမှာ
Erik Ten Hag က- သူ ဒီလိုမျိုး ဂိုးတွေ သွင်းယူနေတာက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားကွက် နည်းစနစ် တစ်ခု ဖြစ်ပါတယ်၊ အသင်းရဲ့ ကွင်းလယ်လူ တွေက ပြိုင်ဘက် အသင်း ကွင်းဘက်ကို အခုလို
များများ တက်ပြီး ဖိအားပေး ကစား ခိုင်းထားတယ်၊ ဒီ ကစားကွက်ရဲ့ အကျိုး သက်ရောက်မှုကို ဖရက်ဒ် ရယူခဲ့တဲ့ သွင်းဂိုးတွေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ လို့ Erik Ten Hag က ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
credit