ပွဲထွက် ကစားသမား အဖြစ် ခြေစွမ်းပြလေ့ မရှိတဲ့ ဂါနာချို ကို ဝက်စ်ဟမ်း နဲ့ ပွဲမှာ ဘယ်လို မိုတီပေးခဲ့သလဲ ဆိုတာ Erik Ten Hag ဖွင့်ပြော
|ဝက်စ်ဟမ်း အသင်းကို အနိုင် ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်ဖ်အေ ဖလား ပွဲစဉ်မှာ ခြေစွမ်းပြ ကစားခဲ့တဲ့ ဂါနာချို ကို ဘယ်လို အားပေး စကားတွေ ပြောခဲ့လဲ ဆိုတာကို Erik Ten Hag က
ထုတ်ဖော် ပြောကြားလိုက်ပြီး အခြား ကစားသမား သုံးဦးကိုလည်း ချီးကျူးခဲ့ပါသေးတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်ဖ်အေ ဖလား ပဉ္စမ အဆင့် အနေနဲ့ ဝက်စ်ဟမ်း ကို အိုးလ်ထရက်ဖို့ဒ်မှာ
ဧည့်ခံ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဝက်စ်ဟမ်း က ဘန်ရာမာ ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် အာဂတ် ရဲ့ own goal ကြောင့် သရေ ပြန်ဖြစ်ခဲ့ပြီး ပွဲချိန် မိနစ် ၉၀ ရောက်မှ ဂါနာချို က ဦးဆောင်ဂိုး တစ်ဂို
း
စတင် သွင်းယူခဲ့သလို ထပ်ဆောင်း အချိန်ပိုမှာလည်း ဖရက်ဒ် က နောက်တစ်ဂိုး သွင်းယူခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ၃-၁ ရလဒ်နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်၊ ဒုတိယပိုင်း မစမီ ဂါနာချို ကို
ဘာတွေပြောခဲ့လဲ ဆိုတာကို နည်းပြ Erik Ten Hag က ယခုလို ဖွင့်ဟခဲ့ပါတယ်။ ဒီနေ့ နောက်ထပ် ခြေလှမ်း တစ်လှမ်း လှမ်းနိုင်ခဲ့ပါတယ်၊ ပွဲ ပြန်မစခင် သူ့ကို မင်းလူစားဝင် ကစားတာနဲ့ ဘယ်လောက်ထိ အသင်းက
အကျိုးရှိလဲ ဆိုတာကို ပြခဲ့ ပြီးပြီ၊ အခု မင်းက ပွဲထွက် ကစားသမား အနေနဲ့ရော ခြေစွမ်း ပြနိုင်တယ် ဆိုတာကို ပြသဖို့ အချိန်ကြပြီ။ လို့ သူ့ကို ကျွန်တော် ပြောခဲ့တယ်၊ သူကလည်း ဒါကို လုပ်နိုင်ခဲ့ပါတယ်၊ ဒါကြောင့်
သူ နောက်ထပ် ခြေလှမ်း တစ်လှမ်း လှမ်းနိုင်ခဲ့ပါတယ်၊ သတ္တိရှိတာ အကြောက်တရား မရှိတာ အရည်အချင်းကောင်း တစ်ခုပါပဲ၊ ဒီအရည်အချင်းက အရမ်း တိကျတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်
လက်ရှိ ကမ္ဘာ့ ဘောလုံး လောက မှာလည်း သူ့လိုမျိုး တစ်ယောက်ချင်း ကျော်ဖြတ်တာမျိုး၊ ဘောလုံးကို တစ်ပါတည်း ဆွဲပြေးတာမျိုး လုပ်နိုင်တဲ့ ကစားသမားတွေ သိပ်မရှိပါဘူး၊ သူ့ရဲ့အဓိက ကျွမ်းကျင်မှုက
အဲ့ဒါပဲ ဥပမာ အနေနဲ့ ပြောရရင် အဆုံးသတ်ပိုင်း တွေပေါ့၊ သူ့မှာ အရမ်း ပါဝါကောင်းတဲ့ အင်ဂျင်လည်း ရှိပုံပဲ သူက မြန်တယ် အဲ့ဒီ အမြန်နှုန်း ကိုလည်း မိနစ် ၉၀ ကနေ မိနစ် ၁၂၀ ထိလည်း ဘယ်လောက် ကြာကြာ
သူထိန်းနိုင်တယ်၊ ဒါတွေက သူရဲ့လုပ်နိုင်စွမ်း တွေပါပဲ။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်၊ နယ်သာလန်သားကြီး လက်အောက်မှာ ခြေစွမ်း ပြသနေတဲ့ အသက် ၁၈ နှစ် အရွယ် ဂါနာချိုဟာ ဒီရာသီမှာ
မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် သွင်းဂိုး ၄ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် အာဂျင်တီးနား ယူ ၂၀ လက်ရွေးစင်လေး အပြင် အခြား ကစားသမား ၃ ဦးကိုလည်း အဲရစ် တန်ဟက်ဂ် က-
မက်ဂွိုင်းယား လည်း အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ မာလာစီယာ၊ ဆာဘစ်ဇာ ပြီးတော့ ဂါနာချို ပေါ့၊ သူတို့ အားလုံး ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ ပုံစံကို ပြသနိုင်ခဲ့ကြပါတယ်။ လို့ ထပ်လောင်း ပြောဆို သွားခဲ့ပါတယ်။
credit