မန်ချက်စတာ ယူနိုက်တက် ကောင်းလာတာ မှန်ပေမယ့် အန်ဖီးလ်မှာတော့ မဟုတ်ဘူးလို့ လီဗာပူး နည်းပြ ထုတ်ပြော

လီဗာပူး နည်းပြချုပ် ယာဂင် ကလော့ပ် က အန်းဖီးမှာ တွေ့ဆုံ ယှဉ်ပြိုင်ရမယ့် ပွဲစဥ် မတိုင်မီ လီဗာပူး အသင်း အပေါ် မန်ချက်စတာ ယူနိုက်တက် က အဓိက အားသာချက် တစ်ခု ရှိနေတာကို ထောက်ပြ သွားခဲ့ပါတယ်။




ခါးသီး ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ လီဗာပူး နဲ့ မန်ချက်စတာယူနိုက်တက် ဟာ ယခုရာသီမှာ နေရာချင်း လဲထားသလိုမျိုး ဖြစ်နေခဲ့တာ ဖြစ်ပြီး အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းက ပရီးမီးယားလိဂ် ဆုဖလား အတွက်

ယှဉ်ပြိုင် နေချိန်မှာ ကလော့ပ် ရဲ့ အသင်းက ထိပ်ဆုံး ၄ နေရာထဲ ဝင်ရောက်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်၊ မာဆေးဆိုဒ် ကလပ် အသင်းဟာ ဗုဒ္ဓဟူးနေ့ ညက ဝုလ်ဗ်စ် အသင်းကို ၂-၀ နဲ့ အနိုင် ရရှိခဲ့ပြီးနောက် ၄ ပွဲဆက်




ပရီးမီးယားလိဂ် ပေးဂိုးမရှိ ပွဲစဉ်ကို ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားတက်စရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်၊ ဗုဒ္ဓဟူးနေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝက်စ်ဟမ်း ကို အနိုင် ရရှိခဲ့တာကြောင့်




အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကာရာဘောင်း ဖလားကို ကိုင်မြှောက်ထား နိုင်ခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




နယူးကာဆယ် ကို ဝင်ဘလေ ကွင်းမှာ အနိုင်ယူပြီး ကာရာဘောင်း ဖလားကို ဆွတ်ခူး နိုင်ခဲ့တာကြောင့် ၆ နှစ်ကြာ ဆုဖလား ပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၄၀ အတွင်း အရှည်ကြာဆုံး




ဆုဖလား ပျောက်ဆုံးမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်၊ ယာဂင် ကလော့ပ် က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္ဂနွေနေ့မှာ လီဗာပူး အသင်းထက် ပိုမို လန်းဆန်းနေတဲ့ အသင်းဖြစ်နေမှာ ဖြစ်တယ်လို့

ဝန်ခံ ပြောကြားခဲ့ပြီး အဲရစ် တန်ဟက်ဂ် က ဗုဒ္ဓဟူးနေ့ ပွဲစဉ်မှာ လူစာရင်းကို အလှည့်ကျ ပွဲထွက် ကစားစေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက အခုချိန်မှာ ပုံစံကောင်း ရနေတဲ့ အသင်း ဖြစ်ပြီး




အာဆင်နယ်၊ မန်စီးတီး တို့နဲ့ အတူ ကောင်းကောင်း လုပ်နိုင်နေတဲ့ အသင်း ဖြစ်ကောင်း ဖြစ်နိုင်တယ် လို့ ထင်တယ်၊ အသင်းက တော်တော်လေး ကောင်းမွန်တဲ့ အခိုက်အတန့်တွေမှာ ရှိနေခဲ့ပြီး ကျွန်တော် သူတို့

ကာရာဘောင်း ဗိုလ်လုပွဲ လူစာရင်းကို မကြည့်ရသေးပေမယ့် သူတို့တွေ အနည်းငယ်တော့ အပြောင်းအလဲ လုပ်ခဲ့ကောင်း လုပ်ခဲ့နိုင်ပါတယ်၊ အဲဒါက သူတို့ထဲက အချို့က ကျွန်တော်တို့ထက် နည်းနည်း ပိုပြီးတော့




လန်းဆန်းနေ လိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ပါ၊ ဒါပေမယ့် အဲဒါက အိမ်ကွင်းပွဲ ဖြစ်ပြီး အန်းဖီးမှာ ကစားရမှာပါ၊ အန်းဖီးက ဒီညမှာ နောက်ထပ် တစ်ကြိမ် ရမှတ်တွေကို သက်သေ ပြသခဲ့တယ်လို့ ထင်ပြီး အရမ်း အရမ်းကို

ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်၊ ကောင်းမွန်တဲ့ အစုအဖွဲ့ လိုမျိုး ခံစားခဲ့ရပါတယ်၊ ကျွန်တော်တို့ အားလုံး အတူတူ ရှိနေခဲ့ကြတယ်၊ အဲဒါကို ကျွန်တော် နှစ်သက်ပါတယ်၊ အဲဒါက တနင်္ဂနွေနေ့မှာ ကျွန်တော်တို့




နောက်ထပ် တကြိမ် လိုအပ်မယ့် အရာ ဖြစ်ပြီး ခက်ခဲလိမ့်မယ် ဆိုတာ အမှန်ပါပဲ၊ ခင်ဗျား အရင်ပွဲမှာ ဘယ်လို ရလဒ်မျိုးပဲ ထွက်ခဲ့ထွက်ခဲ့ ဒီအပတ် မန်ချက်စတာ ယူနိုက်တက် ကို ရင်ဆိုင်ရမယ် ဆိုရင်




ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ခင်ဗျား ပြန်ပြီး တုံ့ပြန်ရမှာပါ၊ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ရဲ့ ယေဘုယျ အခြေအနေ အတွက် ပြီးခဲ့တဲ့ပွဲက ရလဒ်ကို အသုံးပြုမှာပါ၊ ကျွန်တော်တို့ စွမ်းဆောင်ရည် အပေါ်နဲ့ ရလဒ် အပေါ်မှာ တည်ဆောက် သွားရမှာ ဖြစ်ပြီး အဲဒီအတိုင်း အတိအကျ လုပ်နိုင်ဖို့ အတွက်လည်း အရာအားလုံးကို ကြိုးပမ်း သွားရမှာပါ။ လို့ ပြောကြားခဲ့ပါတယ်။

credit