Manchester United ဖလား လေးလုံး လုံး ရယူသွားနိုင်တဲ့ အကြောင်းအရင်း ၅ ချက်
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ကာရာဘောင်းဖလား ဗိုလ်စွဲပြီးသည့် အပြင် အခြား ဆုဖလား ရယူနိုင်ခြေ ရှိနေသေးတဲ့ ပြိုင်ပွဲ ၃ ခုမှာလည်း ဆက်လက် ယှဉ်ပြိုင်နေပါသေးတယ်။အက်ဖ်အေဖလားမှာ ယူနိုက်တက် က ကွာတားဖိုင်နယ် အဆင့် ရောက်ထားသလို၊ ယူရိုပါလိဂ် မှာလည်း
၁၆ သင်း အဆင့်မှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ် မှာတော့ အရှေ့က အာဆင်နယ် နဲ့ မန်စီးတီး ခြေချော်ရင် အခွင့်ကောင်း ယူဖို့ အသင့် စောင့်နေတာပါ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ဆုဖလား ၄ လုံး စလုံး ရယူ ဗိုလ်စွဲသွားနိုင်တဲ့ အကြောင်းအရင်းတွေ ရှိနေတယ်လို့ နာမည်ကျော် GOAL သတင်းဌာန က အခုလို သုံးသပ်သွားပါတယ်။
(၁) ချန်ပီယံကျော နပ်နေတဲ့ ကတ်စမဲရိုး
မန်ချက်စတာ ယူနိုက်တက် အသင်းကို ငါပြင်ပေးမယ်လို့ သူတို့ကို ပြောလိုက် ဒါက သူ မန်ချက်စတာ ယူနိုက်တက် အသင်းကို မရောက်လာခင်က ကတ်စမဲရိုစ ပြောခဲ့တာ ဖြစ်ပါတယ်။
ရာသီ အစမှာ ဘရန့်ဖို့ဒ် အသင်းကို မန်ချက်စတာ ယူနိုက်တက် က ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ အေးဂျင့်ကို ကတ်စမဲရိုး ပြောခဲ့တဲ့ စကားက တစ်နေ့ကျရင် အိုလ်းထရက်ဖို့ဒ် ကွင်းပြင်ပမှာ သူ့ရဲ့ ရုပ်ထုမှာ ရေးထွင်းထားဖို့ လုံလောက်နေပါပြီ။
ဘရာဇီးလ် သားဟာ အဲ့လိုပြောပြီး တစ်ပတ် အကြာမှာပဲ ပေါင် သန်း ၇၀ နဲ့ ရီးရဲလ် ကနေ ရောက်ရှိ လာခဲ့တာပါ၊ ကတ်စမဲရိုးရဲ့ အောင်ပွဲ ရယူလိုတဲ့ စိတ်ဓာတ်ဟာ ကျန် အသင်းသားတွေကိုပါ ကူးစက်စေခဲ့တာ ဖြစ်ပြီး
ပွဲထွက် လူစာရင်းထဲမှာ သူပါနေရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘယ်ပွဲမှာ မဆို အောက်အသင်း မဖြစ်နိုင် တော့ပါဘူး၊ သူ့ အနေနဲ့ နောက်ထပ် ပွဲပယ် မခံရအောင် ရှောင်ရှားဖို့နဲ့ ပါးနပ်ဖို့သာ လိုပါတယ်။
(၂) အာဆင်နယ် အသင်း ခြေချော်နိုင်ချေ ရှိခြင်း
မန်ချက်စတာ ယူနိုက်တက် ရရှိနိုင်သေးတဲ့ ဖလား သုံးလုံးထဲမှာ ပရီးမီးယားလိဂ် က မဖြစ်နိုင်ဆုံးလို့ ထင်ရပါတယ်၊ သူတို့ဟာ လက်ရှိမှာ ဇယားထိပ်က အာဆင်နယ် နဲ့ ၈ မှတ်အထိ ကွာဟ နေတာပါ။ ဇန်နဝါရီလ တုန်းက အမ်းမရိတ်စ် ကွင်းမှာ ၃-၂ နဲ့
ရှုံနိမ့်းခဲ့တာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဖလား အခွင့်အရေးကို အဆုံးသတ် စေသလို ဖြစ်ခဲ့တာပါ၊ ဒါ့အပြင် အဲဗာတန် ကို ရှုံး၊ ဘရန့်ဖို့ဒ် နဲ့ သရေကျခဲ့ပြီး မန်စီးတီး ကို ထပ်ရှုံးခဲ့တဲ့ အာဆင်နယ် ဟာ နောက်ဆုံး ဗီလာ၊ လက်စတာနဲ့
အဲဗာတန် ပွဲတွေကို ပြန်နိုင်ခဲ့ပေမယ့် ယူရိုပါလိဂ် နောက်ပိုင်း အဆင့်တွေ ပြန်လည် စတင် လာတော့မှာ ဖြစ်လို့ အာဆင်နယ် အသင်း အမှား လုပ်ခဲ့မိမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းက အခွင့်ကောင်း ရယူဖို့ အသင့်ရှိနေတာ ဖြစ်ပါတယ်။
(၃) ရပ်တန့်ဖို့ မဖြစ်နိုင်တော့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်
ကာရာဘောင်း ဖလား ဖိုင်နယ်မှာ မားကပ်စ် ရက်ဖို့ဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးမြောက်ကို သွင်းယူ ခဲ့ပါတယ်။ အင်္ဂလန်သားဟာ
အခုဆိုရင် နောက်ဆုံး တိုက်စစ်ဇုန်ထဲမှာ အဆုံးအဖြတ် ပေးဖို့ မန်ချက်စတာ ယူနိုက်တက် အားကိုးနေရတဲ့ သူ ဖြစ်နေပါပြီ၊ မကြာခဏ ဆိုသလို သူဟာ ခံစစ်တွေကို ဖြိုခွဲဖို့ လိုအပ်တဲ့ ခြိမ်းခြောက်မှုကို ပေးတတ်ပြီး
သရေ ပွဲတွေကို နိုင်ပွဲ အဖြစ် ပြောင်းလဲပေးနေ တတ်ပါတယ်၊ မားကပ်စ် ရက်ဖို့ဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ဂိုးသွင်းရှင် တာဝန်ကို ယူထားပြီး နောက်ခံလူတွေက သူ့ကို တားဆီးနိုင်စွမ်း မရှိ ဖြစ်နေကြပါတယ်။
(၄) မန်စီးတီး အသင်းရဲ့ ချန်ပီယံလိဂ် ဖိအား
လူတွေက မန်စီးတီး အသင်း ချန်ပီယံလိဂ် ရနိုင်တယ်လို့ ပြောကြပေမယ့် အရမ်း ခက်ခဲတယ် ဆိုတဲ့ ခံစားချက်မျိုး ရနေပါတယ်။ လို့ လိုက်ပ်ဇစ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဥ် မတိုင်ခင်မှာ ပက် ဂွာဒီယိုလာ က
ဝန်ခံ ပြောဆိုခဲ့ပါတယ်၊ ဒါက မန်စီးတီး ရဲ့ ပထမဦးဆုံး ဥရောပ ဖလား ရယူပေးနိုင်ဖို့ ဖိအား ခံစားနေရတဲ့ နည်းပြချုပ် တစ်ယောက်ရဲ့ ဖွင့်ဟ စကားတွေပါ၊ ပရီးမီးယားလိဂ်မှာ သူတို့ဟာ အာဆင်နယ် ရဲ့နောက် ၅ မှတ် ကွာဟနေပေမယ့် ဂွာဒီယိုလာ က နည်းပြဘဝ ၄ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလား
အောင်မြင်ရေး ကျန်တာတွေကို စွန့်လွှတ်ဖို့ ပြင်ဆင် ထားတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီ ကုန်ခါနီးမှာ မန်စီးတီး အသင်းထက် ပိုပြီး လွယ်ကူတဲ့ ပွဲစဉ်တွေ ရှိနေတာ ကလည်း အကျိုးရှိလာ စေနိုင်ပါတယ်။
(၅) မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag ရဲ့ ပွဲစဉ်အပေါ် ချဉ်းကပ်မှုနဲ့ နည်းဗျူဟာ
မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ ဒေးဗစ် ဒီဂီယာ နဲ့ ဖရက်ဒ် တို့ထံက အကောင်းဆုံး ခြေစွမ်းကို ထုတ်ယူနိုင်ခဲ့တဲ့ Erik Ten Hag က လှုံ့ဆော်မှု ပေးနိုင်တဲ့ ဂုရုကြီး တစ်ယောက်ပါ၊ ဒါပေမယ့် သူ့ရဲ့ ပွဲအတွင်း စီမံခန့်ခွဲမှုတွေ ကလည်း
မန်ချက်စတာ ယူနိုက်တက် ရဲ့ ပြန်လည် ရှင်သန်လာမှုမှာ အများကြီး အရေးပါ ခဲ့ပါတယ်၊ သူဟာ အစောပိုင်း အပြောင်းအလဲတွေ လုပ်ဖို့ လက် မတွန့်ခဲ့ပါဘူး၊ ဝင်ဘာလေ ကွင်းမှာ ပွဲချိန် တစ်ဝက် နဲ့ ဒါးလော့ဒ် အစား
ဝမ်ဘစ်ဆာကာ ကို ထည့်ပြီးတဲ့နောက် ဘယ်တောင်ပံမှာ စိန့်မက်ဇီမင် ဘာမှ သိပ်လုပ်ခွင့် မရရှိတော့တာက သက်သေပါပဲ၊ ဘာစီလိုနာ နဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် တို့ နှစ်ကျော့ပေါင်း ၃-၂ နဲ့ ရှုံးနေချိန် ကလည်း
အန်တိုနီ ကို ထည့်ပြီး မားကပ်စ် ရက်ဖို့ဒ် က ဗက်ဟော့စ် အစား ဗဟိုနေရာ ပြောင်းလဲ ကစားစေခဲ့ပါတယ်၊ ဒါဟာ ပွဲစဉ်ရဲ့ အပြောင်းအလဲကို များစွာ ဖြစ်စေခဲ့တာပါ၊ ၄-၂-၃-၁ ဟာ Erik Ten Hag အကြိုက် ပုံစံ ဖြစ်ပြီး
သူဟာ တခါတလ ပွဲထဲမှာ ၄-၃-၃ ပုံစံကို ပြောင်းလဲပြီး ၃-၄-၃ ကိုတောင် စမ်းသပ် အသုံးပြုတယ်၊ သူ့ရဲ့ နည်းဗျူဟာ ပြောင်းလွယ် ပြင်လွယ် ရှိနေခြင်းက မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲထဲကို အမြဲတမ်း ပြန်လာနိုင် စေခဲ့ပါတယ်။
သူ့ကို ရထားတာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကံကောင်းပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းကို Erik Ten Hag ပဲ့ကိုင် နေသမျှ ဖလား လေးလုံး မျှော်လင့်ချက်ရ ဖြစ်လာနိုင်တဲ့ ကိစ္စ ပါပဲ။
credit